• Follow Us on
Latest News

Home ကော့မှူးမြို့နယ်၊ ဝါသိင်္ခရွာအနီး၌ တပ်မတော်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီးနောက် တပ်မတော်သားတစ်ဦးကျ၊ ၃ ယောက်ဒဏ်ရာရရှိ

ကော့မှူးမြို့နယ်၊ ဝါသိင်္ခရွာအနီး၌ တပ်မတော်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီးနောက် တပ်မတော်သားတစ်ဦးကျ၊ ၃ ယောက်ဒဏ်ရာရရှိ

Share this post

ရန်ကုန်၊ အောက်တိုဘာ ၇ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ဝါသိင်္ခကျေးရွာ၊ သုသာန်အနီး၌ တပ်မတော်ယာဉ်တစ်စီး တိုက်ခိုက်ခံ ရပြီးနောက် တပ်မတော်မှ တပ်မတော်သားတစ်ဦးကျဆုံးခဲ့ပြီး ၃ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအချို့က People Media သို့ ပြောပါတယ်။

 

ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် ည ၆ နာရီအချိန်ခန့်၌ ကော့မှူးမြို့နယ်၊ မှော်တောကျေးရွာရှိ ကျေးရွာလုံခြုံ ရေးဆောင်ရွက်နေသည့်အဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

အဆိုပါဖြစ်စဉ်အပေါ် လာရောက်လုံခြုံရေးဆောင်ရွက်ပေးရန် ကျေးရွာလုံခြုံရေးအဖွဲ့က တပ်မတော်ထံ အကြောင်းကြားခဲ့ပါတယ်။ အဆိုပါ အကြောင်းကြားမှုအပေါ် တပ်မတော်လုံခြုံရေးအဖွဲ့က ကော့မှူးမြို့နယ်မှ မှော်တောကျေးရွာသို့အလာ ဝါးသိင်္ခကျေးရွာသုသာန်အနီးသို့ အရောက်၌ အဆိုပါယာဉ်သည် တိုက်ခိုက်ခံရပြီး ယာဉ်ပေါ်၌ လိုက်ပါလာသည့် တပ်မတော်သားတစ်ဦးကျဆုံးခဲ့ပြီး ၃ ယောက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပါတယ်။

 

အဆိုပါ တိုက်ခိုက်မှုသည် ဒေသခံ PDF အဖွဲ့က လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်မှုရှိခဲ့ပါတယ်။

 

“တပ်မတော်-ရေက အဖွဲ့ပါ။ ကြည်းတပ်ကမဟုတ်ပါဘူး။ တစ်ယောက်ကျ သုံးယောက်ဒဏ်ရာရတယ်လို့ သိရ တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

အဆိုပါ ဝါသိင်္ခကျေးရွာသည် နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ရောက်ယှဉ် ပြိုင်ခဲ့သည့်ကာလ၌ အိမ်ထောင်စုစာရင်းဝင်ထားသည့်ကျေးရွာဖြစ်ပါတယ်။

 

လက်ရှိအချိန်၌ ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်မြို့နယ်များရှိ လုံခြုံရေးကို တပ်မတော်-ရေမှ တာဝန်ယူ ထားကြောင်း သိရှိရပါတယ်။

 

Photo – Credit

 

#PeopleMedia #ကော့မှူးမြို့ #တပ်မတော်ရေ #မိုင်းတွဲခံရ

 

(unicode)


………………………………………………………………………..

 


 


 


 


 


 


 


 


 

Photo – Credit

 



Share this post