• Follow Us on

Home ေကာ့မွဴးၿမိဳ႕နယ္၌ NLD ပါတီ ဆိုင္းဘုတ္မ်ား စိုက္ထူခြင့္ရေသာ္လည္း ညီညႊတ္ေသာတိုင္ရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီ ကိုယ္စားလွယ္ေလာင္းမ်ား၏ ဆိုင္းဘုတ္စိုက္ထူခြင့္ ကန႔္သတ္ခံရ

ေကာ့မွဴးၿမိဳ႕နယ္၌ NLD ပါတီ ဆိုင္းဘုတ္မ်ား စိုက္ထူခြင့္ရေသာ္လည္း ညီညႊတ္ေသာတိုင္ရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီ ကိုယ္စားလွယ္ေလာင္းမ်ား၏ ဆိုင္းဘုတ္စိုက္ထူခြင့္ ကန႔္သတ္ခံရ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၇
ရန္ကုန္တိုင္းေဒသႀကီး၊ ေကာ့မွဴးၿမိဳ႕နယ္၌ NLD ပါတီ ဆိုင္းဘုတ္မ်ား စိုက္ထူခြင့္ရေသာ္လည္း ညီညႊတ္ေသာ တိုင္ရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီ (UNDP)ကိုယ္စားလွယ္ေလာင္းမ်ား၏ ဆိုင္းဘုတ္စိုက္ထူခြင့္ကို ၿမိဳ႕နယ္ စည္ပင္သာေရးေကာ္မတီက စိုက္ထူခြင့္ကန႔္သတ္ထားေၾကာင္း UNDP ပါတီဥကၠ႒ ဦးေဒးဗစ္လွျမင့္က အတည္ ျပဳေျပာဆိုပါတယ္။
ေကာ့မွဴးၿမိဳ႕နယ္၌ ၀င္ေရာက္ေရြးခ်ယ္ခံမည့္ UNDP လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၏ ဆိုင္းဘုတ္မ်ား စိုက္ထူခြင့္ရရန္ UNDP ပါတီက ေကာ့မွဴးၿမိဳ႕နယ္ စည္ပင္ထံ ၿပီးခဲ့သည့္လ ၂၃ ရက္ေန႔တြင္ စတင္ေလွ်ာက္ ခဲ့ပါတယ္။
ထိုေနာက္ စည္ပင္တာ၀န္ရွိသူမ်ားက ေနာက္ေန႔တြင္ ဆိုင္းဘုတ္တင္မည့္ ေနရာလိုက္လံၾကည့္နိုင္ရန္ ဖုန္းေခၚဆိုမည္ဟု ျပန္လည္ေျပာဆိုခဲ့ေသာ္လည္း ေနာက္ေန႔တြင္ ဖုန္းဆက္သြယ္ျခင္းမရွိ၍ ပါတီ တာ၀န္ရွိသူမ်ားက စည္ပင္႐ုံးသို႔ လိုက္သြားခဲ့ၾကေၾကာင္း ဦးေဒးဗစ္လွျမင့္က ေျပာပါတယ္။
ထိုေနာက္ စည္ပင္တာ၀န္ရွိသူက UNDP ပါတီကိုယ္စားလွယ္ေလာင္းမ်ားကို ဓာတ္ပုံရိုက္၍ တင္ျပရန္ ေျပာဆိုခဲ့မႈေၾကာင့္ ကိုယ္စားလွယ္ေလာင္းမ်ား၏ ဓာတ္ပုံထပ္မံတင္ျပခဲ့ပါတယ္။
သို႔ေသာ္ ယေန႔အထိ အေၾကာင္းမျပန္၍ ယေန႔နံနက္ စည္ပင္႐ုံးသို႔ ထပ္မံသြားေရာက္ခဲ့ရာ စည္ပင္တာ၀န္ ရွိသူမ်ားက ကိုဗစ္ေရာဂါ စိုးရိမ္၍ တင္ခြင့္မျပဳေတာ့ေၾကာင္း ျပန္လည္ေျဖရွင္းေျပာဆိုခဲ့ၾကတယ္လို႔ ဦးေဒးဗစ္ လွျမင့္က ထပ္မံရွင္းျပေျပာပါတယ္။
“ဒီကိုဗစ္ကာလမွာဘဲ တစ္ျခားၿမိဳ႕နယ္ေတြမွာ ဆိုင္းဘုတ္ေတြ ကၽြန္ေတာ္ပါတီက တင္ၿပီးပါၿပီ၊ က်န္တဲ့ ၿမိဳ႕နယ္က်ေတာ့ ခြင့္ေပးၿပီး ေကာ့မွဴးတစ္ၿမိဳ႕နယ္ထဲ ဒီလိုခြင့္မေပးတာ စဥ္းစားစရာ ျဖစ္ေနတယ္” ဦးေဒးဗစ္လွျမင့္က ေျပာသည္။
ေကာ့မွဴးၿမိဳ႕နယ္ထဲတြင္ NLD ပါတီဆိုင္းဘုတ္အမ်ားဆုံး ေတြ႕ေနရေသာ္လည္း မိမိပါတီမွသာ ဆိုင္းဘုတ္ ေထာင္ခြင့္မေပးျခင္း၍ ယခုေရြးေကာက္ပြဲသည္ တရားမၽွတသည့္ ေရြးေကာက္ပြဲဟုေျပာ၍မရေၾကာင္း ဦးေဒးဗစ္လွျမင့္က ေျပာပါတယ္။
ညီညႊတ္ေသာတိုင္ရင္းသား လူမ်ိဳးမ်ားဒီမိုကေရစီပါတီ (UNDP) ဥကၠ႒ ပါတီ ဦးေဒးဗစ္လွျမင့္သည္ လာမည့္ေရြးေကာက္ပြဲ၌ ေကာ့မွဴးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ ေရြးေကာက္ခံမွာျဖစ္ပါတယ္။
ညီညႊတ္ေသာတိုင္ရင္းသား လူမ်ိဳးမ်ားဒီမိုကေရစီပါတီ (UNDP) အေနျဖင့္ ယခုေရြးေကာက္ပြဲတြင္ ကိုယ္စားလွယ္ေလာင္းေနရာ (၃၃)ေနရာ၀င္ေရာက္ေရြးေကာက္ခံမွာ ျဖစ္ပါတယ္။
Photo – UNDP
#PeopleMedia #UNDP
(Unicode)
ကော့မှူးမြို့နယ်၌ NLD ပါတီ ဆိုင်းဘုတ်များ စိုက်ထူခွင့်ရသော်လည်း ညီညွှတ်သောတိုင်ရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်စိုက်ထူခွင့် ကန့်သတ်ခံရ
…………………………………………
ရန်ကုန်၊ အောက်တိုဘာ – ၇
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၌ NLD ပါတီ ဆိုင်းဘုတ်များ စိုက်ထူခွင့်ရသော်လည်း ညီညွှတ်သော တိုင်ရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)ကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်စိုက်ထူခွင့်ကို မြို့နယ် စည်ပင်သာရေးကော်မတီက စိုက်ထူခွင့်ကန့်သတ်ထားကြောင်း UNDP ပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က အတည် ပြုပြောဆိုပါတယ်။
ကော့မှူးမြို့နယ်၌ ဝင်ရောက်ရွေးချယ်ခံမည့် UNDP လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်များ စိုက်ထူခွင့်ရရန် UNDP ပါတီက ကော့မှူးမြို့နယ် စည်ပင်ထံ ပြီးခဲ့သည့်လ ၂၃ ရက်နေ့တွင် စတင်လျှောက် ခဲ့ပါတယ်။
ထိုနောက် စည်ပင်တာဝန်ရှိသူများက နောက်နေ့တွင် ဆိုင်းဘုတ်တင်မည့် နေရာလိုက်လံကြည့်နိုင်ရန် ဖုန်းခေါ်ဆိုမည်ဟု ပြန်လည်ပြောဆိုခဲ့သော်လည်း နောက်နေ့တွင် ဖုန်းဆက်သွယ်ခြင်းမရှိ၍ ပါတီ တာဝန်ရှိသူများက စည်ပင်ရုံးသို့ လိုက်သွားခဲ့ကြကြောင်း ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။
ထိုနောက် စည်ပင်တာဝန်ရှိသူက UNDP ပါတီကိုယ်စားလှယ်လောင်းများကို ဓာတ်ပုံရိုက်၍ တင်ပြရန် ပြောဆိုခဲ့မှုကြောင့် ကိုယ်စားလှယ်လောင်းများ၏ ဓာတ်ပုံထပ်မံတင်ပြခဲ့ပါတယ်။
သို့သော် ယနေ့အထိ အကြောင်းမပြန်၍ ယနေ့နံနက် စည်ပင်ရုံးသို့ ထပ်မံသွားရောက်ခဲ့ရာ စည်ပင်တာဝန် ရှိသူများက ကိုဗစ်ရောဂါ စိုးရိမ်၍ တင်ခွင့်မပြုတော့ကြောင်း ပြန်လည်ဖြေရှင်းပြောဆိုခဲ့ကြတယ်လို့ ဦးဒေးဗစ် လှမြင့်က ထပ်မံရှင်းပြပြောပါတယ်။
“ဒီကိုဗစ်ကာလမှာဘဲ တစ်ခြားမြို့နယ်တွေမှာ ဆိုင်းဘုတ်တွေ ကျွန်တော်ပါတီက တင်ပြီးပါပြီ၊ ကျန်တဲ့ မြို့နယ်ကျတော့ ခွင့်ပေးပြီး ကော့မှူးတစ်မြို့နယ်ထဲ ဒီလိုခွင့်မပေးတာ စဉ်းစားစရာ ဖြစ်နေတယ်” ဦးဒေးဗစ်လှမြင့်က ပြောသည်။
ကော့မှူးမြို့နယ်ထဲတွင် NLD ပါတီဆိုင်းဘုတ်အများဆုံး တွေ့နေရသော်လည်း မိမိပါတီမှသာ ဆိုင်းဘုတ် ထောင်ခွင့်မပေးခြင်း၍ ယခုရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲဟုပြော၍မရကြောင်း ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။
ညီညွှတ်သောတိုင်ရင်းသား လူမျိုးများဒီမိုကရေစီပါတီ (UNDP) ဥက္ကဋ္ဌ ပါတီ ဦးဒေးဗစ်လှမြင့်သည် လာမည့်ရွေးကောက်ပွဲ၌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ရွေးကောက်ခံမှာဖြစ်ပါတယ်။
ညီညွှတ်သောတိုင်ရင်းသား လူမျိုးများဒီမိုကရေစီပါတီ (UNDP) အနေဖြင့် ယခုရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းနေရာ (၃၃)နေရာဝင်ရောက်ရွေးကောက်ခံမှာ ဖြစ်ပါတယ်။
Photo – UNDP

Share this post