• Follow Us on

Home ကော့မှူးမြို့နယ် လုံခြုံရေးတပ်ဖွဲ့များတည်ရှိရာ ထွေအုပ်ရုံးအနီး၌ ယနေ့ နံနက်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့

ကော့မှူးမြို့နယ် လုံခြုံရေးတပ်ဖွဲ့များတည်ရှိရာ ထွေအုပ်ရုံးအနီး၌ ယနေ့ နံနက်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များတည်ရှိရာနေရာနှင့် အနီးဆုံးရှိသော မြို့နယ်ထွေအုပ်ရုံးအနီး၌ ယနေ့ နံနက်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရပါတယ်။

 

အဆိုပါ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသလို အဆောင်အဦးများ ပျက်စီးမှုမရှိခဲ့ကြောင်း ဒေသခံအချို့က အတည်ပြုပြောဆိုပါတယ်။

 

“နေရာက မီးသတ်ရုံးအနီး ထွေအုပ်ရုံးဘက်နဲ့လည်းနီးတယ်။ လုံခြုံရေးအဖွဲ့ဝင်တွေ စခန်းချထားတဲ့ နေရာနဲ့ လည်း နီးတယ်။ လက်လုပ်ဗုံးပေါက်တာလို့ သိရပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

အလားတူ ကောမှူးမြို့နယ်၌ မကြာခဏ လုံခြုံရေးအဖွဲ့များ ချောင်းမြောင်းပစ်ခတ်ခံခဲ့ရသလို လုံခြုံရေး ယာဉ်တန်းအချို့လည်း မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိနေပါတယ်။

 

ကော့မှူးမြို့နယ်သည် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းကို မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိနေသည့် မြို့နယ်တစ်ခုဖြစ်ပါတယ်။

 

Photo – Credit

 

#PeopleMedia #ကော့မှူးမြို့နယ်

 

(unicode)


………………………………………………………..

 


 


 


 


 


 


 

Photo – Credit

 



Share this post