• Follow Us on

Home ေက်ာက္ဆည္ၿမိဳ႕တြင္ စည္းကမ္းပ်က္ယာဥ္မ်ား စစ္ေဆးရာမွ ဘိန္းမဲမ်ား ဖမ္းဆီးရမိ

ေက်ာက္ဆည္ၿမိဳ႕တြင္ စည္းကမ္းပ်က္ယာဥ္မ်ား စစ္ေဆးရာမွ ဘိန္းမဲမ်ား ဖမ္းဆီးရမိ

Share this post

ေအာင္ေအာင္

မႏၲေလး ေအာက္တိုဘာ ၁၆

မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ခ႐ိုင္ ေက်ာက္ဆည္ၿမိဳ႕ မႏၲေလး-ရန္ကုန္လမ္း ၾကက္မင္းတြန္းရပ္ကြက္ မီးပြိဳင့္အနီးတြင္ ေအာက္တိုဘာလ ၁၆ ရက္ နံနက္ ၉ နာရီတြင္ စည္းကမ္းပ်က္ယာဉ္မ်ားကို စစ္ေဆးေနစဥ္ နံပါတ္တပ္ဆင္ထားျခင္းမရွိသည့္ ဆိုင္ကယ္ေပၚမွ ဘိန္းမဲမ်ား ဖမ္းဆီးရမိေၾကာင္းသိရသည္။

ၾကက္မင္းတြန္ မီးပြိဳင့္အနီးတြင္ စည္းကမ္းပ်က္ယာဥ္မ်ား စစ္ေဆးေနစဥ္ ရန္ကုန္-မႏၲေလး ကားလမ္းအတိုင္း ေတာင္မွေျမာက္သို႔ အမ်ိဳးသားတစ္ဦး ေမာင္းႏွင္လာသည့္ KENBO 125(R) နီ/နက္အေရာင္ ဆိုင္ကယ္အား နံပါတ္ တပ္ဆင္ထားျခင္းမရွိသည့္အတြက္ တားဆီးစစ္ေဆးခဲ့သည္။

နံပါတ္မပါသည့္ ဆိုင္ကယ္ေမာင္းႏွင္လာသူမွာ ဗန္းေမာက္ၿမိဳ႕နယ္ ေနာင္လုံေက်းရြာေန ဦးစိန္ေဖ ၅၃ ႏွစ္ (ဘ) ဦးဘဝင္းျဖစ္ၿပီး ၎ေမာင္းႏွင္လာသည့္ ဆိုင္ကယ္ဂြၾကားမွ အျဖဴေရာင္ ပီနံအိတ္အား မသကၤာ၍ စစ္ေဆးရာ တြင္ ဘိန္းမဲဟုယူဆရသည့္ အဝါေရာင္တိတ္ျဖင့္ ပတ္လွ်က္ အထုပ္(၃)ထုပ္ ပလတ္စတစ္ အၾကည္ေရာင္ ျဖင့္ထုပ္ထားသည့္ အထုပ္(၁)ထုပ္ ဂ်ပ္ပုံးအတြင္းမွ အဝါေရာင္တိတ္ျဖင့္ ပါတ္ထားသည့္ အထုပ္(၁၀) ထုပ္၊ ဂ်ပ္ပုံးအတြင္းမွ အဝါေရာင္တိတ္ျဖင့္ ပါတ္လွ်က္ အထုပ္(၉) ထုပ္စုစုေပါင္း (၂၃)ထုပ္ စုစုေပါင္း အေလးခ်ိန္ ၂၉.၉ ကီလိုဂရမ္ (စုစုေပါင္း တန္ဖိုး ၄၄၈၅၀၀၀၀ က်ပ္)ကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

အဆိုပါဖမ္းဆီးရမိခဲ့သူ ဦးစိန္ေဖအား က်ာက္ဆည္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၄၃/၂၀၁၉ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာပုဒ္မ-၁၉(က) ျဖင့္ ဖမ္းဆီးအမႈဖြင့္ အေရးယူေဆာင္ရြက္လွ်က္ရွိေၾကာင္းသိရသည္။

(unicode)
ကျောက်ဆည်မြို့တွင် စည်းကမ်းပျက်ယာဉ်များ စစ်ဆေးရာမှ ဘိန်းမဲ များ ဖမ်းဆီးရမိ

အောင်အောင်

မန္တလေး အောက်တိုဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့ မန္တလေး-ရန်ကုန်လမ်း ကြက်မင်းတွန်းရပ်ကွက် မီးပွိုင့်အနီးတွင် အောက်တိုဘာလ ၁၆ ရက် နံနက် ၉ နာရီတွင် စည်းကမ်းပျက်ယာဉ်များကို စစ်ဆေးနေစဉ် နံပါတ်တပ်ဆင်ထားခြင်းမရှိသည့် ဆိုင်ကယ်ပေါ်မှ ဘိန်းမဲများ ဖမ်းဆီးရမိကြောင်းသိရသည်။

ကြက်မင်းတွန် မီးပွိုင့်အနီးတွင် စည်းကမ်းပျက်ယာဉ်များ စစ်ဆေးနေစဉ် ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း တောင်မှမြောက်သို့ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် KENBO 125(R) နီ/နက်အရောင် ဆိုင်ကယ်အား နံပါတ် တပ်ဆင်ထားခြင်းမရှိသည့်အတွက် တားဆီးစစ်ဆေးခဲ့သည်။

နံပါတ်မပါသည့် ဆိုင်ကယ်မောင်းနှင်လာသူမှာ ဗန်းမောက်မြို့နယ် နောင်လုံကျေးရွာနေ ဦးစိန်ဖေ ၅၃ နှစ် (ဘ) ဦးဘဝင်းဖြစ်ပြီး ၎င်းမောင်းနှင်လာသည့် ဆိုင်ကယ်ဂွကြားမှ အဖြူရောင် ပီနံအိတ်အား မသင်္ကာ၍ စစ်ဆေးရာ တွင် ဘိန်းမဲဟုယူဆရသည့် အဝါရောင်တိတ်ဖြင့် ပတ်လျှက် အထုပ်(၃)ထုပ် ပလတ်စတစ် အကြည်ရောင် ဖြင့်ထုပ်ထားသည့် အထုပ်(၁)ထုပ် ဂျပ်ပုံးအတွင်းမှ အဝါရောင်တိတ်ဖြင့် ပါတ်ထားသည့် အထုပ်(၁၀) ထုပ်၊ ဂျပ်ပုံးအတွင်းမှ အဝါရောင်တိတ်ဖြင့် ပါတ်လျှက် အထုပ်(၉) ထုပ်စုစုပေါင်း (၂၃)ထုပ် စုစုပေါင်း အလေးချိန် ၂၉.၉ ကီလိုဂရမ် (စုစုပေါင်း တန်ဖိုး ၄၄၈၅၀၀၀၀ ကျပ်)ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖမ်းဆီးရမိခဲ့သူ ဦးစိန်ဖေအား ကျာက်ဆည်မြို့မရဲစခန်းတွင် မယ(ပ) ၄၃/၂၀၁၉ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောပုဒ်မ-၁၉(က) ဖြင့် ဖမ်းဆီးအမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။


Share this post