• Follow Us on

Home ကျောက်ဆည်မြို့၊ မင်းရဲတူးမြောင်းအတွင်း ပိုးသတ်ဆေးဗူးများ ကျရောက်သည့်အတွက် တူးမြောင်းအတွင်းက ရေများ လတ်တလော အသုံးမပြုရန် သတိပေး


Share this post




ဓာတ်ပုံ – ကိုစိုးသီဟ

#PeopleMedia

(Unicode)
ကျောက်ဆည်မြို့၊ မင်းရဲတူးမြောင်းအတွင်း ပိုးသတ်ဆေးဗူးများ ကျရောက်သည့်အတွက် တူးမြောင်းအတွင်းက ရေများ လတ်တလော အသုံးမပြုရန် သတိပေး
…………………………………………………………

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မင်းရဲမြောင်းအနီး၊ ဒေါ်သိုက်ကြီးကွေ့တွင် ယခုလ ၁၅ ရက် ည ပိုင်းက ပိုးသတ်ဆေးများတင်ဆောင်လာသည့်ကားတစ်စီး အရှိန်လွန်တိမ်းမှောက်ပြီး ပိုးသတ်ဆေးဗူးတစ်ချို့ မြောင်းအတွင်း ကျရောက်ခဲ့သည်။

ထိုသို့မြောင်းအတွင်း ပိုးသတ်ဆေးဗူးများ ကျရောက်ခဲ့ခြင်းကြောင့် ၎င်းမြောင်းအတွင်းက ရေများကို လတ်တ လောအသုံးမပြုကြသေးရန် သတိပေးမှုများ ပြုလုပ်ထားပြီး ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်လျှက်ရှိသည်။

ပိုးသတ်ဆေးဗူးများ တင်ဆောင်လာသည့် ယာဉ်မောင်းကိုလည်း ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် ကျောက် ဆည်မြို့နယ် ရဲတပ်ဖွဲ့က စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

ဓာတ်ပုံ – ကိုစိုးသီဟ

#PeopleMedia


Share this post