• Follow Us on

Home ကျောက်ဆည်မြို့၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ဓါးခုတ်ခံရ၍ သေဆုံး

ကျောက်ဆည်မြို့၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ဓါးခုတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၂၀ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ရေပြစ်ကြီးကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်သူ ကိုအေးမင်းမောင် (ခ) စောမိုးဇက် သြဂုတ်လ ၁၉ ရက်နေ့ ညပိုင်းက ဓားဖြင့်အခုတ်ခံရ၍ သေဆုံးသွားကြောင်း ယင်းကျေးရွာနေ ထိုင်သူများထံမှ သိရသည်။

 

ဖြစ်စဉ်မှာ ကိုအေးမင်းမောင် (ခ) စောမိုးဇက်သည် ယမန်နေ့ ညပိုင်းက ရေပြစ်ကြီးကျေးရွာ  ရွာသချိုင်းအနီး တွင် ဓားဖြင့် ခုတ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး၊ ယနေ့နံနက်ပိုင်း အလောင်းသယ်ယူသွားပြီဖြစ်ကြောင်း သိရသည်။

 

တပ်မတော်မှ နိုင်ငံတာဝန်ကို ယာယီရယူပြီးနောက် တိုင်းဒေသကြီး/ပြည်နယ်များ၌ ပြည်ခိုင်ဖြိုးပါတီဝင်များ သည် နေ့စဉ်သတ်ဖြတ်ခြင်းခံနေရသည်။

 

#PeopleMedia #ကျောက်ဆည်

 

(unicode)


…………………………………………………………….

 


 


 


 


 



Share this post