• Follow Us on

Home ကျောက်ဆည် PDF (K.D.D.F) နှင့် မြင်းခြံပြောက်ကြားအဖွဲ့ဝင်လေးဦး အဖမ်းခံရပြီးနောက် တစ်ဦး သေဆုံး ကြောင်း K.D.D.F ထုတ်ပြန်

ကျောက်ဆည် PDF (K.D.D.F) နှင့် မြင်းခြံပြောက်ကြားအဖွဲ့ဝင်လေးဦး အဖမ်းခံရပြီးနောက် တစ်ဦး သေဆုံး ကြောင်း K.D.D.F ထုတ်ပြန်

Share this post

ကျောက်ဆည်၊ အောက်တိုဘာ ၁၅ (People Media)

 

ကျောက်ဆည် PDF (K.D.D.F) မှ တပ်သားပို့ဆောင်ရေးတာဝန်ယူသည့် ရဲဘော် တိုက်ဂါးအပါအဝင် မြင်းခြံ ပြောက်ကြားအဖွဲ့ဝင်လေးဦး ဖမ်းဆီးခံလိုက်ရပြီးနောက် တစ်ဦး သေဆုံးသွားကြောင်း K.D.D.F အဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

ဖမ်းဆီးခံရသည့်သူသည် ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F) စခန်းချရာ တပ်စခန်းမှ စစ်ပညာ သင်ကြားပြီးသော အဖွဲ့ဝင်တော်လှန်ရေးရဲဘော်များကို တာဝန်ယူပြန်လည်ပို့ဆောင်ပေးသော (K.D.D.F) အဖွဲ့ဝင် ရဲဘော်တိုက်ဂါးနှင့်အတူ မြင်းခြံပြောက်ကြားတပ်ဖွဲ့ဝင်သုံးဦးသည် အောက်တိုဘာ ၁၂ ရက်နေ့၌  ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုကဲ့သို့ ဖမ်းဆီးခံရသည့် တပ်ဖွဲ့ဝင်များအနက် အောက်တိုဘာ ၁၃ ရက်နေ့တွင် ရဲဘော်တိုက်ဂါးကျဆုံးသွား ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F) ကျဆုံးသွားခြင်းနှင့်ပတ်သက်၍  ရဲဘော်တိုက်ဂါးအတွက် ပြန်လည်လက်တုန့်ပြန်သွားမည်ဖြစ်ပြီး ရဲဘော်၏ရည်မှန်းချက် အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင် သွားမည်ဟု ကတိသစ္စာပြုကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #ကျောက်ဆညိမြို့ #KDDF

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post