• Follow Us on
Latest News

Home ကျောက်တန်းမြို့နယ် မီးပြကျေးရွာအနီး လှေတစ်စီးပေါ်မှ တရားမဝင်ဘင်္ဂါလီ (၅၅) ဦး ဖမ်းဆီးရမိ

ကျောက်တန်းမြို့နယ် မီးပြကျေးရွာအနီး လှေတစ်စီးပေါ်မှ တရားမဝင်ဘင်္ဂါလီ (၅၅) ဦး ဖမ်းဆီးရမိ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၈ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ မီးပြကျေးရွာအုပ်စု၊ အရှေ့ကွင်း(ကမာပသီ)၊ မီးပြကမ်းဘေး ဇွဲဘာချောင်းထိပ် လမုတောတွင် နိုဝင်ဘာလ ၆ ရက်နေ့ ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် မသင်္ကာဖွယ် ဒုံး လှေပေါက် (၁) စီးပေါ်မှ တရားမဝင် ဘင်္ဂါလီ (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း မီးပြကျေးရွာကမ်းခြေလုံခြုံ ရေးတပ်ဖွဲ့မှ သိရသည်။

 

မီးပြကမ်းဘေး ဇွဲဘာချောင်းထိပ် လမုတောတွင် မသင်္ကာဖွယ် ဒုံးလှေပေါက်(၁)စီး ဆိုက်ကပ်ထားကြောင်း သတင်းအရ မီးပြကျေးရွာ ကမ်းခြေလုံခြုံရေးနှင့် ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့သည်။

 

ထိုသို့ စစ်ဆေးခဲ့ရာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အလယ်သံကျော်ကျေးရွာနေ ဘင်္ဂါလီလူမျိုး အမျိုး သမီး(၄၄)ဦး၊ အမျိုးသား(၄)ဦး၊ ကလေးငယ် ကျား(၅)ဦး၊ မ(၂)ဦး၊ စုစုပေါင်း (၅၅)ဦး၊ ရခိုင်လူမျိုး လှေထိုးသား (၂)ဦး စုစုပေါင်း (၅၇) ဦးအား အလျား (၆၀) ပေ၊ အနံ (၂၀) ပေခန့်ရှိ ဒုံးလှေပေါက် (၁) စီးနှင့်အတူ တွေ့ရှိ ခဲ့ရသည်။

 

၎င်းတို့အား စစ်ဆေးမေးမြန်းရာ ၎င်းတို့သည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အလယ်သံကျော်ကျေးရွာမှ လာရောက်ခြင်းဖြစ်ကြောင်း ဘင်္ဂါလီလူမျိုး(၆၀)ဦး၊ ရခိုင်လူမျိုး လှေထိုးသား(၄)ဦး စုစုပေါင်း (၆၄) ဦး လိုက်ပါ လာကြောင်းသိရှိပြီး ပျောက်ဆုံးနေသည့် (၇) ဦးအား ဆက်လက်ရှာဖွေလျှက်ရှိပြီး လက်တလောတွေ့ရှိမှုအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

#PeopleMedia #ဘင်္ဂါလီ

 

(unicode)


……………………………………………………

 


 


 


 


 


 

#PeopleMedia #ဘငျ်ဂါလီ


Share this post