• Follow Us on

Home ကျောက်တံခါးမြို့နယ်၌ ဆိုင်ကယ်အတွင်း၌ လက်လုပ်မိုင်းထည့်၍ သယ်ဆောင်လာသည့် အမျိုးသားနှစ်ဦး မိုင်းပေါက်ကွဲ၍ ပွဲချင်းပြီး သေဆုံး

ကျောက်တံခါးမြို့နယ်၌ ဆိုင်ကယ်အတွင်း၌ လက်လုပ်မိုင်းထည့်၍ သယ်ဆောင်လာသည့် အမျိုးသားနှစ်ဦး မိုင်းပေါက်ကွဲ၍ ပွဲချင်းပြီး သေဆုံး

Share this post

ပဲခူး၊ ဇန်နဝါရီ ၈ (People Media)

 

ဇန်နဝါရီ ၇ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ လက်လုပ်မိုင်းထောင်ရန် ဆိုင်ကယ်အတွင်း ၌ လက်လုပ်မိုင်းထည့်၍ သယ်ဆောင်လာသည့် အမျိုးသားနှစ်ဦးသည် မိုင်းပေါက်ကွဲ၍ နေရာ၌ ပွဲချင်းပြီး သေ ဆုံးခဲ့သည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၇ ရက်နေ့ နံနက်ပိုင်းက ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦးသည် ကျောက်တံခါး မြို့နယ်၊ ဖဒိုမြို့၊ ဘိုးပိုက်ဆံ (၄) ရပ်ကွက်အရောက်တွင် အထက်ပါ အမျိုးသား စီးနင်းလာသည့် ဆိုင်ကယ် အတွင်းမှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

 

ဖြစ်စဉ်ကြောင့် အဆိုပါ အမျိုးသားနှစ်ဦးသည် နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့သည်။

 

“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ မြို့ရှောင်လမ်းနားမှာဖြစ်တာပါ။ ပေါက်တာကတော့ ဆိုင်ကယ်တူးဘောက် အောက်က ပေါက်တာပဲ။ အခု သေတဲ့သူက ဘယ်သူလည်း ဘယ်ကလည်းဆိုတာကိုတော့ မသိသေးဘူး စုံစမ်းနေဆဲရှိပါသေးတယ်” လို့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အလားတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ ဒေသခံ PDF အဖွဲ့များသည် ၎င်းတို့ အသုံးပြုသည့် မိုင်း ပေါက်ကွဲမှုဖြစ်၍ သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

 

#PeopleMedia #ကျောက်တံခါး #ပေါက်ကွဲမှု

 

(unicode)


…………………………………………………

 


 


 


 


 


 


 



Share this post