• Follow Us on

Home ကျောက်တံတားမြို့နယ် စည်ပင်လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ စီမံချက်ဖြင့် မြေကြွက်များကို ရှင်းလင်းရာ အကောင်ရေ(၁၀၀)ရှင်းလင်းနိုင်ခဲ့


Share this post

ရန်ကုန်၊ ဒီဇင်ဘာ – ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)





(unicode)
ကျောက်တံတားမြို့နယ် စည်ပင်လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ စီမံချက်ဖြင့် မြေကြွက်များကို ရှင်းလင်းရာ အကောင်ရေ(၁၀၀)ရှင်းလင်းနိုင်ခဲ့
…………………………………………………….

ရန်ကုန်၊ ဒီဇင်ဘာ – ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ နောက်ဖေးလမ်းကြမ်းများရှိ မြေကြွက်များကို ကျောက်တံ တားမြို့နယ် စည်ပင် လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ စီမံချက်ဖြင့် ရှင်းလင်းရာ အကောင်ရေ (၁၀၀) ရှင်းလင်းနိုင်ခဲ့ကြောင်း ကျောက်တံတားမြို့နယ်စည်ပင်သာယာကော်မတီက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာ(၂၀)ရက်နေ့ အချိန်က လက်ထောက်အုပ်ချုပ်ရေးမှူး ၁ ဦးဆောင်၍ ဆူးလေဘုရားလမ်း၊ ၃၃ လမ်း၊ ၃၄ လမ်း၊ မဟာဗန္ဓုလပန်းခြံလမ်း၊ ၃၅ လမ်း၊ ၃၆ လမ်း၊ ၃၇ လမ်း၊ ၃၈ လမ်း စသည့် လမ်းများ၏ နောက်ဖေး လမ်းကြားအသီးသီးရှိ မြေကြွက်များကို ရှင်းလင်းရာ အကောင် (၁၀၀) ရှင်းလင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အလားတူ ရန်ကုန်မြို့တော်စည်ပင်သည် အင်းလျားကန်ဘောင်၊ အများပြည်သူနှင့်သက်ဆိုင်သည့် ပန်းဥယျာဉ်၊ ပန်းခြံ၊ ကန်းယားကန်ဘောင်များရှိ မြေကြွတ်များရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိပါတယ်။

#PeopleMedia #မြေကြွက် #ရန်ကုန်မြို့တော်စည်ပင် #ကျောက်တံတားမြို့


Share this post