• Follow Us on

Home ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ (၉၀၀) ကျော်အား တပ်မတော်နယ်လှည့်အထူး‌ဆေးကု သရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ (၉၀၀) ကျော်အား တပ်မတော်နယ်လှည့်အထူး‌ဆေးကု သရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

 

မန္တလေးတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် ယမန်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်၊ မြိုင်သာယာ ကျေးရွာရှိ ပြည်လုံးချမ်းသာ ဘုန်းတော်ကြီးကျောင်း၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၉၁၁ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၂၀ ဦး၊ ခွဲစိတ်ရောဂါ ၅၆ ဦး၊ ကလေးရောဂါ ၂၂ ဦး၊ သားဖွားမီးယပ်ရောဂါ ၃၇ ဦး၊ အရိုးရောဂါ ၂၂၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၀ ဦး၊ မျက်စိရောဂါ ၁၀၈ ဦး၊ သွားရောဂါ ၉၀ ဦးနှင့် အခြားရောဂါ ၉၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး ခဲ့သည်။

 

ထို့ပြင် အထွေထွေ ခွဲစိတ်လူနာ ၅ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၅ ဦးတို့ကို ခွဲစိတ်ကုသပေးခြင်းများနှင့် ဓာတ်မှန် ရိုက်လူနာ ၆၀ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၉ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၆၉ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၄၆ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါ ရှာဖွေစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၃၆ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 

#PeopleMedia


Share this post