• Follow Us on

Home ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၌ “ တစ္ရြာလုံးက NLD ပဲ ” ဆိုသည့္ ဆိုင္းဘုတ္မ်ားစိုက္ထူမႈကုိ UEC ထံ တုုုုုုိင္ ၾကားရန္ USDP ပါတီစီစဥ္

ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၌ “ တစ္ရြာလုံးက NLD ပဲ ” ဆိုသည့္ ဆိုင္းဘုတ္မ်ားစိုက္ထူမႈကုိ UEC ထံ တုုုုုုိင္ ၾကားရန္ USDP ပါတီစီစဥ္

Share this post

ရန္ကုန္၊ ဇူလိုင္ – ၂၁ ရက္

မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ ေက်းရြာတခ်ိဳ႕တြင္ “ တစ္ရြာလုံးက NLD ပဲ ” ဆိုသည့္ ဆိုင္းဘုတ္မ်ား စိုက္ထူမႈႏွင့္ပတ္သက္၍ UEC ထံ တုိင္ၾကားသြားမယ္လုိ႔ ျပည္ခုိင္ျဖိဳးပါတီ ေျပာေရးဆုိခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာပါတယ္။

ေက်ာက္ပန္းေတာင္း ၿမိဳ႕နယ္ရွိ ေက်းရြာမ်ားတြင္ ျဖစ္ပြားေနေသာ ကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ၿမိဳ႕နယ္ေကာ္ မရွင္မ်ား၏ ေဆာင္ရြက္ခ်က္မ်ားကို ေစာင့္ၾကည့္မႈမ်ားျပဳလုပ္သြားမည္ျဖစ္ၿပီး သက္ဆိုင္ရာၿမိဳ႕နယ္ေကာ္မ ရွင္မ်ား၏ အေရးယူျခင္းရွိမရွိအေပၚတြင္ မူတည္၍ ျပည္ေထာင္စုအဆင့္ ေရြးေကာက္ပြဲေကာ္မရွင္ထံ တိုင္ၾကားမႈမ်ားကိုလည္း ဆက္လက္ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းပါတီ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္ဦးက ေျပာဆုိလုိက္တာလည္း ျဖစ္ပါတယ္။

ေက်ာက္ပန္းေတာင္း ၿမိဳ႕နယ္ရွိ မလႊကုန္းေက်းရြာ၊ မက်ီးငုတ္တို၊ အပါအ၀င္အျခားေသာ ေက်းရြာမ်ားတြင္ပါ အဆိုပါ ဆိုင္းဘုတ္မ်ားကို စိုက္ထူျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာဆုိပါတယ္။

“ဒို႔တစ္ရြာလုံးက NLD ပဲေဟ့ဆိုတာနဲ႔ ပတ္သက္ၿပီးေတာ့ ေျပာခ်င္တာကေတာ့ ကၽြန္ေတာ္တို႔ရြာမွာ အိမ္ ေထာင္စု ၂၀၀ ေက်ာ္ရွိတယ္ လူဦးေရ ၅၀၀ ေက်ာ္ရွိတယ္။ ၁၈ ႏွစ္ျပည့္လို႔ မဲေပးႏိုင္တဲ့သူ ၂၀၀ ေက်ာ္ရွိတယ္ အဲ့ဒီထဲမွာ ျပည္ခိုင္ၿဖိဳးပါတီ၀င္ ၁၀၀ ေက်ာ္ရွိတယ္။ အဲ့ဒီလို ရွိတာကို ဒို႔တစ္ရြာလုံးက NLD ပဲေဟ့ဆိုတဲ့ ဆိုင္းဘုတ္တင္တာ ဥပေဒနဲ႔ ညီသလား ဒီမိုကစီက်င့္ထုံးနဲ႔ ညီသလားလို႕ပဲေမးခ်င္တယ္” ဟု မလႊကုန္းေက်းရြာတြင္ ေနထိုင္သူ ဦးေငြသိန္းက ေျပာသည္။

ထုိကဲ့သုိ႔ ေရြးေကာက္ပြဲမတုိင္မွီ NLD ပါတီမဲဆြယ္သည့္ ဆုိင္းဘုတ္မ်ား စုိက္ထူေနမႈမ်ားကုိ သက္ဆုိင္ရာ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္အဆင့္ဆင့္က ၾကီးၾကပ္၍ အေရးယူ ေဆာင္ရြက္မႈမ်ား မေတြရွိရ ေသးေၾကာင္း ေဒသခံမ်ားက ဆုိပါတယ္။ လာမည့္ ေရြးေကာက္ပြဲကုိ ၂၀၂၀ ခုႏွစ္ ႏုိဝင္ဘာ ၈ ရက္ေန႔၌ က်င္းပရန္ စီစဥ္ထားေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က သတင္းထုတ္ျပန္ၿပီး ျဖစ္ပါတယ္။

#PeopleMedia #UEC #USDP #2020election

(unicode)
ကျောက်ပန်းတောင်းမြို့နယ်၌ “ တစ်ရွာလုံးက NLD ပဲ ” ဆိုသည့် ဆိုင်းဘုတ်များစိုက်ထူမှုကို UEC ထံ တုိုင် ကြားရန် USDP ပါတီစီစဉ်
………………………………………………………

ရန်ကုန်၊ ဇူလိုင် – ၂၁ ရက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျေးရွာတချို့တွင် “ တစ်ရွာလုံးက NLD ပဲ ” ဆိုသည့် ဆိုင်းဘုတ်များ စိုက်ထူမှုနှင့်ပတ်သက်၍ UEC ထံ တိုင်ကြားသွားမယ်လို့ ပြည်ခိုင်ဖြိူးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

ကျောက်ပန်းတောင်း မြို့နယ်ရှိ ကျေးရွာများတွင် ဖြစ်ပွားနေသော ကိစ္စရပ်များနှင့်ပတ်သက်၍ မြို့နယ်ကော် မရှင်များ၏ ဆောင်ရွက်ချက်များကို စောင့်ကြည့်မှုများပြုလုပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်ကော်မ ရှင်များ၏ အရေးယူခြင်းရှိမရှိအပေါ်တွင် မူတည်၍ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားမှုများကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်ဦးက ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ကျောက်ပန်းတောင်း မြို့နယ်ရှိ မလွှကုန်းကျေးရွာ၊ မကျီးငုတ်တို၊ အပါအဝင်အခြားသော ကျေးရွာများတွင်ပါ အဆိုပါ ဆိုင်းဘုတ်များကို စိုက်ထူခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုပါတယ်။

“ဒို့တစ်ရွာလုံးက NLD ပဲဟေ့ဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောချင်တာကတော့ ကျွန်တော်တို့ရွာမှာ အိမ် ထောင်စု ၂၀၀ ကျော်ရှိတယ် လူဦးရေ ၅၀၀ ကျော်ရှိတယ်။ ၁၈ နှစ်ပြည့်လို့ မဲပေးနိုင်တဲ့သူ ၂၀၀ ကျော်ရှိတယ် အဲ့ဒီထဲမှာ ပြည်ခိုင်ဖြိုးပါတီဝင် ၁၀၀ ကျော်ရှိတယ်။ အဲ့ဒီလို ရှိတာကို ဒို့တစ်ရွာလုံးက NLD ပဲဟေ့ဆိုတဲ့ ဆိုင်းဘုတ်တင်တာ ဥပဒေနဲ့ ညီသလား ဒီမိုကစီကျင့်ထုံးနဲ့ ညီသလားလို့ပဲမေးချင်တယ်” ဟု မလွှကုန်းကျေးရွာတွင် နေထိုင်သူ ဦးငွေသိန်းက ပြောသည်။

ထိုကဲ့သို့ ရွေးကောက်ပွဲမတိုင်မှီ NLD ပါတီမဲဆွယ်သည့် ဆိုင်းဘုတ်များ စိုက်ထူနေမှုများကို သက်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်က ကြီးကြပ်၍ အရေးယူ ဆောင်ရွက်မှုများ မတွေရှိရ သေးကြောင်း ဒေသခံများက ဆိုပါတယ်။ လာမည့် ရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပရန် စီစဉ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ပြီး ဖြစ်ပါတယ်။

#PeopleMedia #UEC #USDP #2020election


Share this post