• Follow Us on

Home ကျောက်ပန်းတောင်း-ပုပ္ပါး ကားလမ်းပေါ်ရှိ ပုပ္ပါးကျေးရွာ၌ ဖွင့်လှစ်ထားသည့် ဒေါ်ခင်ကြည် ကွန်ပြူတာ သင် တန်းကျောင်းရှိ စာရွက်စာတမ်းအချို့ မီးလောင်မှုဖြစ်ပေါ်

ကျောက်ပန်းတောင်း-ပုပ္ပါး ကားလမ်းပေါ်ရှိ ပုပ္ပါးကျေးရွာ၌ ဖွင့်လှစ်ထားသည့် ဒေါ်ခင်ကြည် ကွန်ပြူတာ သင် တန်းကျောင်းရှိ စာရွက်စာတမ်းအချို့ မီးလောင်မှုဖြစ်ပေါ်

Share this post

မန္တလေး၊ နိုဝင်ဘာ ၁၃ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း-ပုပ္ပါး ကားလမ်းပေါ်ရှိ ပုပ္ပါးကျေး ရွာ၌ ဖွင့်လှစ်ထားသည့် ဒေါ်ခင်ကြည် ကွန်ပြူတာသင်တန်းကျောင်းရှိ စာရွက်စာတမ်းအချို့ မီးလောင်မှုဖြစ် ပေါ်ခဲ့တယ်လို့ ဒေသခံအချို့၏ ပြောဆိုချက်အရ သိရပါတယ်။

 

“ညဦးပိုင်းလောက်က မီးလောင်သွားတယ်လို့သိရတယ်။ ဗီရိုအချို့ရယ် သင်တန်းကျောင်းက စာရွက်စာတန်း အချို့ မီးလောင်တယ်လို့ ကြားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ဥက္ကဋ္ဌ တာဝန်ကို ဒေါ်အောင်ဆန်းစုကြည်မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး သင်တန်း ကျောင်း ဖွင့်လှစ်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့တယ်လို့ ဒေသခံများ၏ ပြောဆိုချက် အရ သိရပါတယ်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ People Media က သက်ဆိုင်ရာတာဝန်ရှိသူများထံ ဆက်သွယ်သော်လည်း သီးခြား အတည်ပြုချက် မရခဲ့ပါ။

 

အလားတူ နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်းက မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ NLD ပါတီ မြို့နယ်ရုံးသည် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး အဆောက်အဦး ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

 

Photo – CJ

 

#PeopleMedia #ပုပ္ပားရွာ #ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း

 

(unicode)


…………………………………………………………..

 

မန်တလေး၊ နိုဝငျဘာ ၁၃ (People Media)

 


 


 


 


 


 

Photo – CJ

 



Share this post