• Follow Us on

Home ကျောက်မဲပြည်သူ့ဆေးရုံတွင် အရေးပေါ်နှင့် ပြင်ပလူနာဌာနအဆောက်အအုံသစ်ကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ဆောက်လုပ်လှူဒါန်း

ကျောက်မဲပြည်သူ့ဆေးရုံတွင် အရေးပေါ်နှင့် ပြင်ပလူနာဌာနအဆောက်အအုံသစ်ကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ဆောက်လုပ်လှူဒါန်း

Share this post

ရှမ်း၊ နိုဝင်ဘာ ၂၂ (People Media)

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲပြည်သူ့ဆေးရုံ၌ လိုအပ်မှုများရှိနေသည့် အရေးပေါ်နှင့် ပြင်ပလူနာဌာန အဆောက်အအုံသစ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါ တယ်။

 

အဆိုပါ အဆောက်အအုံတည်ဆောက်မှုကို လက်ရှိတွင် စတင်နေပြီး ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြီးစီးမည် ဖြစ်ကြောင်း ယင်းတည်ဆောက်မှုပြီးစီးပါက နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ သီပေါနှင့် နောင်ချိုမြို့နယ်များအပါအဝင် ကျောက်မဲခရိုင်အတွင်းရှိ ရပ်ရွာလူထုအားလုံး၏ ကျန်းမာရေးစောင့်ရှောက်မှုကို လွှမ်းခြုံကာ ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

“ကျွန်မတို့ရဲ့ ရည်မှန်းချက်က ကျန်းမာရေးဝန်ဆောင်မှုတွေ အားကောင်းလာစေဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး မြှင့်တင်ခြင်းအားဖြင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေကို ကူညီဖို့ဖြစ်ပါတယ်” လို့ လားရှိုး မြို့ အိုင်စီအာရ်စီရဲ့ စီမံကိန်းမန်နေဂျာ အိရွှေစင်မျိုးက ပြောပါတယ်။

 

အဆိုပါ ကျောက်မဲပြည်သူ့ဆေးရုံသည် ကျောက်မဲခရိုင်အတွင်း အကြီးဆုံးဆေးရုံတစ်ခုဖြစ်ပြီး ထိုခရိုင်အတွင်း နေထိုင်သူ လူပေါင်း ၁၇၀,၀၀၀ ကျော်၏ ကျန်းမာရေးလိုအပ်ချက်များကို ဆောင်ရွက်ပေးနေသည့် ဆေးရုံတစ်ခု ဖြစ်ကြောင်း သိရပါတယ်။

 

#PeopleMedia #ICRC #ကျောက်မဲ

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post