• Follow Us on

Home ေက်ာက္မဲ၌ ျပည္ခိုင္ၿဖိဳးပါတီ အမႈေဆာင္တစ္ဦး ပစၥတိုေသနတ္ျဖင့္ အခ်က္ ၂၀ ခန္႔ အပစ္ခံရၿပီး ေသဆုံး

ေက်ာက္မဲ၌ ျပည္ခိုင္ၿဖိဳးပါတီ အမႈေဆာင္တစ္ဦး ပစၥတိုေသနတ္ျဖင့္ အခ်က္ ၂၀ ခန္႔ အပစ္ခံရၿပီး ေသဆုံး

Share this post

မႏၱေလး၊ ဒီဇင္ဘာ – ၂၃

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေက်ာက္မဲၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးအလုပ္အမႈေဆာင္အဖြဲ႕၀င္ျဖစ္သူ ဦးစိုင္းေဌးေအာင္ သည္ ဒီဇင္ဘာ ၂၃ ရက္နံနက္ပိုင္းက ေဟြလုံေက်း႐ြာတြင္ အမည္မသိအမ်ိဳးသား ၂ ဦးက ပစၥတိုေသနတ္ျဖင့္ အခ်က္ ၂၀ ခန္႔ပစ္ခတ္ခံရၿပီး ေသဆုံးခဲ့ေၾကာင္း ေဒသခံတစ္ဦးက ေျပာပါတယ္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေက်ာက္မဲရဲတပ္ဖြဲ႕မွ အတည္ျပဳေျပာဆိုၿပီး ဒဏ္ရာမ်ားစစ္ေဆးခ်က္အရ ေနာက္ေက်ာ ေဖါက္၀င္ ၇ ခ်က္၊ ယာဘက္ နံေဘး ၃ ခ်က္၊ ၀မ္းဗိုက္ေဖါက္၀င္ဒဏ္ရာ ၂ ခ်က္၊ ညာဘက္ရင္အုံ ေဖါက္၀င္ ၁ ခ်က္၊ လည္ပင္းညာဘက္ ၁ ခ်က္၊ ညာလက္ေမာင္းရင္း ၄ ခ်က္၊ ဝဲဘက္ လက္ ၂ ခ်က္ေပါင္း အခ်က္ ၂၀ ခန့္ျဖစ္ပါတယ္။

“သူအေမအိမ္မွာ တမံတလင္းခင္းဖို႔ မဆလာေတြ နယ္ေနတယ္။ အဲဒီအခ်ိန္မွာပဲ အမည္မသိသူ ၂ ေယာက္က နာမည္ေမးၿပီးပါလာတဲ့ ေသနတ္နဲ႔ အနီးကပ္ပစ္လိုက္တယ္။ ပစ္တဲ့သူႏွစ္ေယာက္က အပစ္ခံရသူ အိမ္အနီးက နားမြန္းတံတားနားက ေစာင့္ၾကည့္ၿပီး ေရာက္လာတယ္လို႔ ရတယ္” ဟု ၄င္းကဆုိပါတယ္။

ေသဆုံးသူဦးစိုင္းေဌးေအာင္သည္ ယေန႕ နံနက္ ၉ နာရီေက်ာ္က ၄င္းမိခင္၏ ေနအိမ္တြင္ တမံသလင္းခင္းရန္ လုပ္ေဆာင္ေနစဥ္ အမည္မသိ အမ်ိဳးသား ၂ ဦးေရာက္ရွိလာကာ ေသနတ္ျဖင့္ အခ်က္၂၀ ခန့္ပစ္ခတ္ခဲ့ၿပီး ေျခ လ်င္ထြက္ေျပးတိမ္းေရွာင္သြားခဲ့ပါတယ္။

“အခင္းျဖစ္ ႐ြာျဖစ္တဲ့ ေဟြလုံေက်း႐ြာက ေက်ာက္မဲ-မိုးကုတ္ လမ္းေဘး မိုင္းတင္း႐ြာနဲ႔ နားမြန္း႐ြာၾကားမွာရွိ တယ္။ အဲဒီဘက္မွာ လက္နက္ကိုင္ေတြ အ၀င္အထြက္ရွိၾကတယ္။ ေသဆုံးသူကို ေက်ာက္မဲေဆး႐ုံပို႔ၿပီး ရဲတပ္ဖြဲ႕က ရဲလုပ္ထုံးလုပ္နည္းအတိုင္း ဆက္လုပ္ေနတယ္”ဟု ဆက္လက္ေျပာၾကားသည္။

အလားတူ ၿပီးခဲ့သည့္ နို၀င္ဘာ ၃ ရက္(၂၀၁၉)ေန႕လည္ပိုင္းက ေက်ာက္မဲၿမိဳ႕၊ နမ့္ခုံးစားေသာက္ဆိုင္မွ ေသ နတ္ပစ္ခတ္မႈျဖစ္စဥ္တြင္ မိုင္းတင္းေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းထြန္းရင္၊ ေက်း႐ြာသူႀကီးေဟာင္း ဦးစိုင္းဆုေဇ ယ်ႏွင့္ နားမြန္း႐ြာသူႀကီး ဦးစိုင္းအိုက္တင္းတို႔ ေသဆုံးခဲ့မႈကိုလည္း စုံစမ္းစစ္ေဆးဆဲျဖစ္ပါတယ္။

#PeopleMedia

(Unicode)
ကျောက်မဲ၌ ပြည်ခိုင်ဖြိုးပါတီ အမှုဆောင်တစ်ဦး ပစ္စတိုသေနတ်ဖြင့် အချက် ၂၀ ခန့် အပစ်ခံရပြီး သေဆုံး
…………………………………………………………

မန္တလေး၊ ဒီဇင်ဘာ – ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးစိုင်းဌေးအောင် သည် ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ဟွေလုံကျေးရွာတွင် အမည်မသိအမျိုးသား ၂ ဦးက ပစ္စတိုသေနတ်ဖြင့် အချက် ၂၀ ခန့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်မဲရဲတပ်ဖွဲ့မှ အတည်ပြုပြောဆိုပြီး ဒဏ်ရာများစစ်ဆေးချက်အရ နောက်ကျော ဖေါက်ဝင် ၇ ချက်၊ ယာဘက် နံဘေး ၃ ချက်၊ ဝမ်းဗိုက်ဖေါက်ဝင်ဒဏ်ရာ ၂ ချက်၊ ညာဘက်ရင်အုံ ဖေါက်ဝင် ၁ ချက်၊ လည်ပင်းညာဘက် ၁ ချက်၊ ညာလက်မောင်းရင်း ၄ ချက်၊ ဝဲဘက် လက် ၂ ချက်ပေါင်း အချက် ၂၀ ခန့်ဖြစ်ပါတယ်။

“သူအမေအိမ်မှာ တမံတလင်းခင်းဖို့ မဆလာတွေ နယ်နေတယ်။ အဲဒီအချိန်မှာပဲ အမည်မသိသူ ၂ ယောက်က နာမည်မေးပြီးပါလာတဲ့ သေနတ်နဲ့ အနီးကပ်ပစ်လိုက်တယ်။ ပစ်တဲ့သူနှစ်ယောက်က အပစ်ခံရသူ အိမ်အနီးက နားမွန်းတံတားနားက စောင့်ကြည့်ပြီး ရောက်လာတယ်လို့ ရတယ်” ဟု ၄င်းကဆိုပါတယ်။

သေဆုံးသူဦးစိုင်းဌေးအောင်သည် ယနေ့ နံနက် ၉ နာရီကျော်က ၄င်းမိခင်၏ နေအိမ်တွင် တမံသလင်းခင်းရန် လုပ်ဆောင်နေစဉ် အမည်မသိ အမျိုးသား ၂ ဦးရောက်ရှိလာကာ သေနတ်ဖြင့် အချက်၂၀ ခန့်ပစ်ခတ်ခဲ့ပြီး ခြေ လျင်ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။

“အခင်းဖြစ် ရွာဖြစ်တဲ့ ဟွေလုံကျေးရွာက ကျောက်မဲ-မိုးကုတ် လမ်းဘေး မိုင်းတင်းရွာနဲ့ နားမွန်းရွာကြားမှာရှိ တယ်။ အဲဒီဘက်မှာ လက်နက်ကိုင်တွေ အဝင်အထွက်ရှိကြတယ်။ သေဆုံးသူကို ကျောက်မဲဆေးရုံပို့ပြီး ရဲတပ်ဖွဲ့က ရဲလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်နေတယ်”ဟု ဆက်လက်ပြောကြားသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်(၂၀၁၉)နေ့လည်ပိုင်းက ကျောက်မဲမြို့၊ နမ့်ခုံးစားသောက်ဆိုင်မှ သေ နတ်ပစ်ခတ်မှုဖြစ်စဉ်တွင် မိုင်းတင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းရင်၊ ကျေးရွာသူကြီးဟောင်း ဦးစိုင်းဆုဇေ ယျနှင့် နားမွန်းရွာသူကြီး ဦးစိုင်းအိုက်တင်းတို့ သေဆုံးခဲ့မှုကိုလည်း စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်။

#PeopleMedia


Share this post