• Follow Us on

Home ကျောက်မဲမြို့၊ နားခေါ်ကျေးအနီးရှိ ချောင်းသို့ ငါးသွားမြှားမည့် အမျိုးသား (၂) ဦး မိုင်နင်းမိ၊ ၎င်းတို့နှစ်ဦးအနက် တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိ

ကျောက်မဲမြို့၊ နားခေါ်ကျေးအနီးရှိ ချောင်းသို့ ငါးသွားမြှားမည့် အမျိုးသား (၂) ဦး မိုင်နင်းမိ၊ ၎င်းတို့နှစ်ဦးအနက် တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ မတ် ၃

 

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ နားခေါ်ကျေးရွာ၊ ရေတံခွန်အနီးရှိ ချောင်းတစ်ခုသို့ ငါးသွားမြှားမည့် အမျိုးသား ၂ ဦး မိုင်းနင်းမိခဲ့ပြီး ၎င်းတို့နှစ်ဦးအနက် တစ်ဦးသေဆုံးခဲ့ပြီး၊ တစ်ဦးပြင်းထန်သည့် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

အထက်ပါ အမျိုးသားနှစ်ဦးသည် မတ်လ ၁ ရက်၊ နံနက် ၈ နာရီအချိန်တွင် နားခေါ်ကျေးရွာ၊ ရေတံခွန်အနီးရှိ ချောင်းတစ်ခုသို့ ငါးမြှားရန်အတွက် ထွက်လာစဉ် လမ်းတစ်နေရာ၌ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မိုင်းနင်းမိသည့် အမျိုးသားနှစ်ဦးမှာ ကျောက်မဲမြို့၊ ရပ်ကွက်(၂) တွင် နေထိုင်ကြသည့် စိုင်းလာဟူး (၂၀)နှစ်နှင့် စိုင်းအောင်မိန်း (၂၂) နှစ်တို့ ဖြစ်ကြောင်း သိရသည်။

 

“သေသွားတဲ့အမျိုးသားက စိုင်းလာဟူး။ နောက်တစ်ယောက်က စိုင်းအောင် မိန်း သူကတော့ မသေဘူး။ ဒဏ်ရာတော်တော်ပြင်းတယ်” ဟု  နမ့်ခုံးရှမ်းများပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

 

မိုင်းနင်းမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိသူ အမျိုးသားကို နမ့်ခုံးရှမ်းများ ပရဟိတအသင်းမှ လားရှိုးပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

Photo – Credit

 

#PeopleMedia #ကျောက်မဲမြို့#မိုင်းနင်းမိ

 

(unicode)


…………………………………………..

 


 


 


 


 


 


 

Photo – Credit

 



Share this post