• Follow Us on

Home ကျောက်တော်မြို့ရှိ မဟာသနိ္တသုခ ဗိမာန်ဓမ္မာရုံအနီး၌ AA အဖွဲ့မှ ရီမုမိုင်းတစ်လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း တပ်မတော် ထုတ်ပြန်

ကျောက်တော်မြို့ရှိ မဟာသနိ္တသုခ ဗိမာန်ဓမ္မာရုံအနီး၌ AA အဖွဲ့မှ ရီမုမိုင်းတစ်လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း တပ်မတော် ထုတ်ပြန်

Share this post

ရန်ကုန်၊ နိုဝင်ဘာ – ၂၇

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ မဟာသနိ္တသုခဗိမာန်ဓမ္မာရုံအနီး၌ AA အဖွဲ့မှ ရီမုမိုင်းတစ်လုံးဖြင့် ဖောက် ခွဲခဲ့ကြောင်း တပ်မတော်မှ ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

ဖြစ်စဉ်မှာ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကြီး တောင်ဘက်ရှိ မဟာသနိ္တသုခဗိမာန် ဓမ္မာရုံ၏ အရှေ့ တောင်ဘက် ၁၃ ပေခန့်အကွာ၌ နိုဝင်ဘာ ၂၅ ရက် ညနေ ၃ နာရီခန့်တွင် AA အဖွဲ့မှ ရီမုမိုင်းတစ်လုံးဖြင့် ဖောက်ခွဲခဲ့သဖြင့် ဓမ္မာရုံတောင်ဘက်ခြမ်းရှိ ပြတင်းတံခါး အပေါ်ဘက်လေကာမှန် ၁၄ ချပ်နှင့် တံခါးမကြီး အပေါ်ဘက် လေကာမှန်သုံးချပ် ကွဲကြေပျက်စီးခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။


#PeopleMedia

(Unicode)
ကျောက်တော်မြို့ရှိ မဟာသနိ်္တသုခ ဗိမာန်ဓမ္မာရုံအနီး၌ AA အဖွဲ့မှ ရီမုမိုင်းတစ်လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း တပ်မတော် ထုတ်ပြန်
……………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၂၇

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ မဟာသနိ်္တသုခဗိမာန်ဓမ္မာရုံအနီး၌ AA အဖွဲ့မှ ရီမုမိုင်းတစ်လုံးဖြင့် ဖောက် ခွဲခဲ့ကြောင်း တပ်မတော်မှ ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

ဖြစ်စဉ်မှာ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကြီး တောင်ဘက်ရှိ မဟာသနိ်္တသုခဗိမာန် ဓမ္မာရုံ၏ အရှေ့ တောင်ဘက် ၁၃ ပေခန့်အကွာ၌ နိုဝင်ဘာ ၂၅ ရက် ညနေ ၃ နာရီခန့်တွင် AA အဖွဲ့မှ ရီမုမိုင်းတစ်လုံးဖြင့် ဖောက်ခွဲခဲ့သဖြင့် ဓမ္မာရုံတောင်ဘက်ခြမ်းရှိ ပြတင်းတံခါး အပေါ်ဘက်လေကာမှန် ၁၄ ချပ်နှင့် တံခါးမကြီး အပေါ်ဘက် လေကာမှန်သုံးချပ် ကွဲကြေပျက်စီးခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ မိုင်းပေါက်ကွဲရာ မဟာမုနိဘုရားကြီးအနီးဝန်းကျင်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

#PeopleMedia


Share this post