• Follow Us on

Home ကျောက်တော်မြို့၌ တပ်မတော်ယာဉ်တန်းကို AA အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တပ်ရင်းမှူး ကျဆုံး

ကျောက်တော်မြို့၌ တပ်မတော်ယာဉ်တန်းကို AA အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တပ်ရင်းမှူး ကျဆုံး

Share this post

ရန်ကုန်၊ နိုဝင်ဘာ – ၁၆

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်ယာဉ်တန်းကို ရခိုင် လက်နက်ကိုင်အဖွဲ့(AA)မှ မိုင်းဆွဲတိုက်ခိုက်ရာ တပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အနီးတစ်ဝိုက် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးလုံခြုံရေးနှင့် မြို့ရွာလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းတစ်ခုသည် ပြည်ထောင်စုကားလမ်းမကြီးအတိုင်း လုံခြုံရေးဆောင်ရွက်စဉ် နယ်မြေခံတပ်ရင်းမှ မီတာ ၃၀၀၀ ခန့်အကွာ သရက်တစ်ပင်ကျေးရွာရှိ အရှည်ပေ ၁၆၀ အကျယ် ပေ ၃၀ ရှိသော သံကူကွန်ကရစ်တံတားအရောက်တွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ရီမုမိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ တပ်ရင်းမှူး တစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့၍ တပ်မတော်ဆေးရုံ၌ကုသနေစဉ် တိုင်းပြည်အတွက် အသက်ပေး လှူခဲ့ရပြီး စစ်သည်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA သည် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဒေသခံများနှင့် ရောနှောနေထိုင်ပြီး အရပ်သား များအသွင်ဖြင့် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များကို မကြာခဏ ချုံခိုတိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်းများ ပြုလုပ် လျှက်ရှိသည်။

#PeopleMedia #RakhineState

(Unicode)
ကျောက်တော်မြို့၌ တပ်မတော်ယာဉ်တန်းကို AA အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တပ်ရင်းမှူး ကျဆုံး
…………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၁၆

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်ယာဉ်တန်းကို ရခိုင် လက်နက်ကိုင်အဖွဲ့(AA)မှ မိုင်းဆွဲတိုက်ခိုက်ရာ တပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အနီးတစ်ဝိုက် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးလုံခြုံရေးနှင့် မြို့ရွာလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းတစ်ခုသည် ပြည်ထောင်စုကားလမ်းမကြီးအတိုင်း လုံခြုံရေးဆောင်ရွက်စဉ် နယ်မြေခံတပ်ရင်းမှ မီတာ ၃၀၀၀ ခန့်အကွာ သရက်တစ်ပင်ကျေးရွာရှိ အရှည်ပေ ၁၆၀ အကျယ် ပေ ၃၀ ရှိသော သံကူကွန်ကရစ်တံတားအရောက်တွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ရီမုမိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ တပ်ရင်းမှူး တစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့၍ တပ်မတော်ဆေးရုံ၌ကုသနေစဉ် တိုင်းပြည်အတွက် အသက်ပေး လှူခဲ့ရပြီး စစ်သည်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA သည် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဒေသခံများနှင့် ရောနှောနေထိုင်ပြီး အရပ်သား များအသွင်ဖြင့် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များကို မကြာခဏ ချုံခိုတိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်းများ ပြုလုပ် လျှက်ရှိသည်။

#PeopleMedia #RakhineState


Share this post