• Follow Us on

Home ကျောက်ဖြူလေဆိပ်တွင် မှတ်ပုံတင်အတုဖြင့် ရန်ကုန်သို့ သွားရောက်မည့် ဘင်္ဂလီ (၂) ဦး ဖမ်းဆီးရမိ

ကျောက်ဖြူလေဆိပ်တွင် မှတ်ပုံတင်အတုဖြင့် ရန်ကုန်သို့ သွားရောက်မည့် ဘင်္ဂလီ (၂) ဦး ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ မတ် ၁

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ လေဆိပ်တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းက မှတ်ပုံတင်အတုဖြင့် ရန်ကုန်သို့ သွားရောက်မည့် ဘင်္ဂလီ ၂ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ကျောက်ဖြူမြို့ရှိ လေဆိပ်တွင် Air KBZ လေကြောင်းလိုင်းဖြင့် ရန်ကုန်သို သွားရောက်မည့် ခရီးသည်များအား မှတ်ပုံတင်စစ်ဆေးခြင်းဆောင်ရွက်စဉ် မှတ်ပုံတင်အတုကိုင်ဆောင်ထားသည့် စစ်တွေမြို့၊ ဘောဒူဖကယ် ဆယ်ရေးစခန်းနေ မောင်ရွှေလှ(ခ)ဟာမစ်ဒူဆောင်း၊ အသက် (၂၂)နှစ်နှင့် မောင်နိုင်နိုင်ထွန်း(ခ)နူရ်အာလီ၊ အသက် (၂၃)နှစ်တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဖမ်းဆီးရမိသူ ၂ ဦး၏ ထွက်ဆိုချက်အရ ၎င်းတို့ နေထိုင်သော ဘောဒူဖကယ်ဆယ်ရေးစခန်း၌ နေထိုင်စဉ် ပွဲစားတစ်ဦး ရောက်ရှိလာပြီး ရန်ကုန်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်လိုပါက တစ်ဦးလျှင် ငွေကျပ်သိန်း ၃၀ ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးမည်ဟု ပြောဆိုသည့်အတွက် ၎င်းတို့ ၂ ဦးမှ သဘောတူကာ ငွေကျပ်သိန်း ၃၀နှင့် အချက်အလက်များပေးပြီးနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရွှေပြည်တန် အမြန်ရေယာဉ်ဖြင့် စစ်တွေမှ ရမ်းဗြဲ၊ ၎င်းမှတစ်ဆင့် မော်တော်ယာဉ်ဖြင့် ကျောက်ဖြူသို့ ရောက်ရှိချိန်တွင် မှတ်ပုံတင်အတုပေး၍ လေယာဉ် ဖြင့် သွားရောက်နိုင်ရေး ပွဲစားက စီစဉ်ပေးခဲ့ပြီးနောက် လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

ဖမ်းဆီးရမိဘင်္ဂလီ ၂ ဦးကို လဝကအက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်လှစ်သွားမည်ဖြစ်ပြီး ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 

#PeopleMedia


Share this post