• Follow Us on

Home ေက်ာက္ျဖဴၿမိဳ႕နယ္၌ ေက်းရြာအုပ္စု စာေရးကုိ AA အဖြဲ႕မွ လုပ္ႀကံ

ေက်ာက္ျဖဴၿမိဳ႕နယ္၌ ေက်းရြာအုပ္စု စာေရးကုိ AA အဖြဲ႕မွ လုပ္ႀကံ

Share this post

ရန္ကုန္၊ ဇြန္ – ၁၈

 

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္၊ စိုင္ၿခဳံေက်း႐ြာအုပ္စု၊ စိုင္ၿခဳံေက်း႐ြာ(ေျမာက္) ေနအုပ္စုစာေရးျဖစ္သူ ဦးစိုး မင္းထြန္းအား AA အဖြဲ႕မွလုပ္ႀကံခဲ့သည္။

 

ျဖစ္စဥ္မွာ စိုင္ၿခဳံေက်း႐ြာအုပ္စုစာေရးျဖစ္သူ ဦးစိုးမင္းထြန္းသည္ေနအိမ္၌ မိသားစုႏွင့္ အတူရွိေနစဥ္ ဇြန္ ၁၆ ရက္ ည ၁၂ နာရီခြဲခန႔္တြင္ မ်က္ႏွာမ်ားအား အဝတ္မ်ားျဖင့္ စည္းထားသည့္ AA အၾကမ္းဖက္ေသာင္းက်န္းသူ ၂၀ ဦးခန႔္ေရာက္ရွိလာၿပီး ေနအိမ္တံခါးမ်ားအား ထု႐ုိက္တြန္းဖြင့္ ဝင္ေရာက္ကာ ဦးစိုးမင္းထြန္းအားထိုးႀကိတ္ၿပီး မိသားစုဝင္မ်ားကို ၿခိမ္းေျခာက္၍ေက်ာက္ျဖဴေလဆိပ္၏ ေတာင္ဘက္ လမ္းမေဘးသို႔ အတင္းအဓမၼဖမ္းဆီးေခၚ ေဆာင္သြားၿပီး လုပ္ႀကံခဲ့ျခင္းျဖစ္သည္။

 

အလားတူ AA အဖြဲ႕သည္ ရခုိင္ျပည္နယ္ေျမာက္ပုိင္း၌ တာဝန္က် ေက်းရြာစာေရးမ်ား၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး မ်ားအပါအဝင္ စစ္မႈထမ္းေဟာင္းမ်ားကုိ နည္းလမ္းေပါင္းစုံျဖင့္ လုပ္ႀကံလွ်က္ရွိသည္။

 

#PeopleMedia #ရခုိင္ျပည္နယ္အစုိးရအဖြဲ႕ #ေက်ာက္ျဖဴၿမိဳ႕

 

(unicode)

ကျောက်ဖြူမြို့နယ်၌ ကျေးရွာအုပ်စု စာရေးကို AA အဖွဲ့မှ လုပ်ကြံ
……………………………………………………………….

ရန်ကုန်၊ ဇွန် – ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအုပ်စု၊ စိုင်ခြုံကျေးရွာ(မြောက်) နေအုပ်စုစာရေးဖြစ်သူ ဦးစိုး မင်းထွန်းအား AA အဖွဲ့မှလုပ်ကြံခဲ့သည်။

ဖြစ်စဉ်မှာ စိုင်ခြုံကျေးရွာအုပ်စုစာရေးဖြစ်သူ ဦးစိုးမင်းထွန်းသည်နေအိမ်၌ မိသားစုနှင့် အတူရှိနေစဉ် ဇွန် ၁၆ ရက် ည ၁၂ နာရီခွဲခန့်တွင် မျက်နှာများအား အဝတ်များဖြင့် စည်းထားသည့် AA အကြမ်းဖက်သောင်းကျန်းသူ ၂၀ ဦးခန့်ရောက်ရှိလာပြီး နေအိမ်တံခါးများအား ထုရိုက်တွန်းဖွင့် ဝင်ရောက်ကာ ဦးစိုးမင်းထွန်းအားထိုးကြိတ်ပြီး မိသားစုဝင်များကို ခြိမ်းခြောက်၍ကျောက်ဖြူလေဆိပ်၏ တောင်ဘက် လမ်းမဘေးသို့ အတင်းအဓမ္မဖမ်းဆီးခေါ် ဆောင်သွားပြီး လုပ်ကြံခဲ့ခြင်းဖြစ်သည်။

အလားတူ AA အဖွဲ့သည် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တာဝန်ကျ ကျေးရွာစာရေးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များအပါအဝင် စစ်မှုထမ်းဟောင်းများကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ကြံလျှက်ရှိသည်။

#PeopleMedia #ရခိုင်ပြည်နယ်အစိုးရအဖွဲ့ #ကျောက်ဖြူမြို့


Share this post