• Follow Us on

Home ေက်ာက္ျဖဴၿမိဳ႕နယ္ ၌ဖမ္းဆီးရမိသည့္ AA အမာခံ ၃ ဦးအား ဥပေဒႏွင့္အညီေဆာင္႐ြက္လ်က္ရွိေၾကာင္း တပ္မေတာ္ ထုတ္ျပန္

ေက်ာက္ျဖဴၿမိဳ႕နယ္ ၌ဖမ္းဆီးရမိသည့္ AA အမာခံ ၃ ဦးအား ဥပေဒႏွင့္အညီေဆာင္႐ြက္လ်က္ရွိေၾကာင္း တပ္မေတာ္ ထုတ္ျပန္

Share this post

ေနျပည္ေတာ္ ၊ ဇူလိုင္ – ၂၈

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္၊ ေရနံတြန္ေက်း႐ြာ၌ AA အၾကမ္းဖက္ေသာင္းက်န္းသူ အမာခံတစ္ဦးျဖစ္ေသာ ညီညီထြန္း ဖမ္းဆီးရမိသည့္ သတင္းကို ဇူလိုင္ ၁၆ ရက္တြင္ တပ္မေတာ္က ထုတ္ျပန္ခဲ့ၿပီးျဖစ္ပါသည္။

၎အား စစ္ေဆးေမးျမန္းခ်က္မ်ားအရ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ပတ္သက္ဆက္ႏြယ္ၿပီး နယ္ေျမအတြင္း လိုက္လံစည္း႐ုံးေဟာေျပာေနသူ ေဒၚခင္မ်ိဳးေဆြ(ဘ) ဦးသိန္းေအာင္ေခ်အား ၎၏ေနအိမ္မွ ေပ်ာက္က်ားဝတ္စုံ (လက္ေမာင္းတံဆိပ္မပါ)တစ္စုံ၊ ရဲယူနီေဖာင္းဝတ္စုံ (အဆင့္တံဆိပ္ႏွင့္လက္ေမာင္းတံဆိပ္ပါ) ႏွစ္စုံႏွင့္လည္းေကာင္း၊ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအတြက္ နယ္ေျမအတြင္းရိကၡာႏွင့္ဆက္ေၾကးေငြမ်ား ေကာက္ခံေထာက္ပံ့ေပးေနသူမ်ားျဖစ္သည့္ ေဒၚလွသန္းခင္(ဘ)ဦးစံေဝထြန္းႏွင့္ ေဒၚျပားမ (ဘ)ဦးေမာင္ဆိုးခိုင္တို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း တပ္မေတာ္ သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

ဖမ္းဆီးရမိသူမ်ားအား သက္ဆိုင္ရာသို႔ပို႔ေဆာင္၍ ဥပေဒႏွင့္အညီ ေဆာင္႐ြက္လ်က္ရွိေၾကာင္း တပ္မေတာ္ ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

#PeopleMedia #AA

[Unicode]
ကျောက်ဖြူမြို့နယ် ၌ဖမ်းဆီးရမိသည့် AA အမာခံ ၃ ဦးအား ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ထုတ်ပြန်
=============================================

နေပြည်တော် ၊ ဇူလိုင် – ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရေနံတွန်ကျေးရွာ၌ AA အကြမ်းဖက်သောင်းကျန်းသူ အမာခံတစ်ဦးဖြစ်သော ညီညီထွန်း ဖမ်းဆီးရမိသည့် သတင်းကို ဇူလိုင် ၁၆ ရက်တွင် တပ်မတော်က ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၎င်းအား စစ်ဆေးမေးမြန်းချက်များအရ AA အကြမ်းဖက်သောင်းကျန်းသူများနှင့်ပတ်သက်ဆက်နွယ်ပြီး နယ်မြေအတွင်း လိုက်လံစည်းရုံးဟောပြောနေသူ ဒေါ်ခင်မျိုးဆွေ(ဘ) ဦးသိန်းအောင်ချေအား ၎င်း၏နေအိမ်မှ ပျောက်ကျားဝတ်စုံ (လက်မောင်းတံဆိပ်မပါ)တစ်စုံ၊ ရဲယူနီဖောင်းဝတ်စုံ (အဆင့်တံဆိပ်နှင့်လက်မောင်းတံဆိပ်ပါ) နှစ်စုံနှင့်လည်းကောင်း၊ AA အကြမ်းဖက်သောင်းကျန်းသူများအတွက် နယ်မြေအတွင်းရိက္ခာနှင့်ဆက်ကြေးငွေများ ကောက်ခံထောက်ပံ့ပေးနေသူများဖြစ်သည့် ဒေါ်လှသန်းခင်(ဘ)ဦးစံဝေထွန်းနှင့် ဒေါ်ပြားမ (ဘ)ဦးမောင်ဆိုးခိုင်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာသို့ပို့ဆောင်၍ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

#PeopleMedia #AA


Share this post