• Follow Us on

Home ကျောက်ဖြူမြို့၌ AA အဖွဲ့၏ အမာခံ (၃)ဦး ထပ်မံဖမ်းဆီးခံရ


Share this post

ရန်ကုန်၊ သြဂုတ် – ၁၇






(unicode)
ကျောက်ဖြူမြို့၌ AA အဖွဲ့၏ အမာခံ (၃)ဦး ထပ်မံဖမ်းဆီးခံရ
…………………………………………………

ရန်ကုန်၊ ဩဂုတ် – ၁၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ AA အဖွဲ့၏ အမာခံ (၃) ဦးကို ဖမ်းဆီးခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ ကပ်သပြေကျေးရွာ၊ သိုင်းချောင်း-သစ်ပုတ်တောင်ကားလမ်းဘေးရှိ ကွမ်းယာဆိုင်၌ မသင်္ကာဖွယ် လူတစ်စုအား တွေ့ရှိရ၍ စစ်ဆေးရာမှ AA အကြမ်းဖက်သောင်းကျန်းသူများနှင့်ပတ်သက်ဆက်နွယ် အားပေးကူညီခဲ့သူ အမာခံ ၈ ဦးအား ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့ကြောင်း ဇူလိုင် ၇ ရက်တွင် တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တပ်မတော်၏ ထုတ်ပြန်ချက်၌ အဆိုပါ ဖမ်းဆီးရမိ အမာခံ ၈ ဦးအား အသေးစိတ် စစ်ကြောမေးမြန်း ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် ကပ်သပြေကျေးရွာ ဝင်၊ ထွက်လမ်းများအား ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ထပ်မံ၍ AA အကြမ်းဖက် သောင်းကျန်းသူ အမာခံ ဘသိန်းရွှေ(ခ)မနီကျာ(ဘ) ဦးဘအေး ၄၈ နှစ် ၊ ဝေသိန်းအောင် (ဘ)ဦးအေးဇော်အောင် ၄၆ နှစ်၊ သန်းမြင့်အောင်(ခ)သန်းမြင့်ရွှေ (ဘ) ဦးရွှေဦး ၄၀ နှစ် တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဆိုပါတယ်။

အဆိုပါ ဖမ်းဆီးရမိသည့် AA အကြမ်းဖက်သောင်းကျန်းသူ အမာခံ ၃ ဦးအား သက်ဆိုင်ရာသို့ လွှဲပြောင်း၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

#PeopleMedia #ကျောက်ဖြူ


Share this post