• Follow Us on

Home ကျောက်ကြီးမြို့နယ်၌ လက်နက်ထိမှန်၍ အရပ်သားနှစ်ဦး သေဆုံး၊ သေဆုံးမှုအပေါ် တပ်မတော်နှင့် KNU အဖွဲ့တို့ အပြန်အလှန် စွပ်စွဲ

ကျောက်ကြီးမြို့နယ်၌ လက်နက်ထိမှန်၍ အရပ်သားနှစ်ဦး သေဆုံး၊ သေဆုံးမှုအပေါ် တပ်မတော်နှင့် KNU အဖွဲ့တို့ အပြန်အလှန် စွပ်စွဲ

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မူသဲကျေးရွာ အရှေ့ဘက် ၈ မိုင်အကွာ၌ လက်နက်ထိမှန်၍ အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး အဆိုပါသေဆုံးမှုသည် KNU အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသလို KNU အဖွဲ့ကလည်း တပ်မတော်လက်ချက်ကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း အပြန်အလှန် စွပ်စွဲ၍ သတင်းထုတ်ပြန်ထားကြသည်။

 

အဆိုပါဖြစ်စဉ်အပေါ် တပ်မတော်၏ သတင်းထုတ်ပြန်ချက်၌ သေဆုံးသွားသည့် အရပ်သားနှစ်ဦးကို KNU တပ်မဟာ(၅)၊ ပြည်သူ့စစ် တပ်ရင်း(၁)အဖွဲ့က အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ သေဆုံးသွားသည့် အရပ်သားနှစ်ဦး၏ ဈေးရောင်း၍ ရရှိငွေများကို KNU အဖွဲ့က ယူဆောင်သွား ကြောင်း တပ်မတော်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

အလားတူ အဆိုပါအရပ်သားနှစ်ဦးသေဆုံးမှုသည် KNU အဖွဲ့က ၎င်းတို့အဖွဲ့၏ လက်ချက်မဟုတ်ဘဲ တပ်မ တော်က ရမ်းသန်းပစ်ဆက်မှုကြောင့် သေဆုံးသွားကြောင်း သတင်းထုတ်ပြန်ထားသည်။

 

လက်ရှိအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ဆက်သွယ်ရေးလမ်း များကို တပ်မတော်က အများပြည်သူသွားလာနိုင်ရန် ဖောက်လုပ်နေခြင်းကြောင့် တပ်မတော်နှင့် KNU အဖွဲ့တို့ မကြာခဏ စစ်ရေးတင်းမာလျက်ရှိပြီး နှစ်ဖက်တိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက် သေဆုံးရလျှက်ရှိသည်။

 

#PeopleMedia #ကျောက်ကြီးမြို့ #တပ်မတော် #KNU

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


Share this post