• Follow Us on

Home ေက်ာင္းကုန္းၿမိဳ႕နယ္ ေရတာႀကီး-ႀကိဳးၾကာကြင္း လမ္းခင္းေနမႈကုိ တုိင္းအမွတ္(၂) လႊတ္ေတာ္ကုိယ္စား လွယ္ႏွင့္ ၿမိဳ႕နယ္ေထြအုပ္ ကြင္းဆင္းစစ္ေဆး

ေက်ာင္းကုန္းၿမိဳ႕နယ္ ေရတာႀကီး-ႀကိဳးၾကာကြင္း လမ္းခင္းေနမႈကုိ တုိင္းအမွတ္(၂) လႊတ္ေတာ္ကုိယ္စား လွယ္ႏွင့္ ၿမိဳ႕နယ္ေထြအုပ္ ကြင္းဆင္းစစ္ေဆး

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဧရာဝတီတိုင္းေဒသႀကီး၊ ေက်ာင္းကုန္းၿမိဳ႕နယ္ ေရတာႀကီး-ႀကိဳးၾကာကြင္း လမ္းခင္းေနမႈကုိ တုိင္းအမွတ္(၂) လႊတ္ေတာ္ကုိယ္စားလွယ္ႏွင့္ ၿမိဳ႕နယ္ေထြအုပ္တုိ႔ ကြင္းဆင္းစစ္ေဆးခဲ့ေၾကာင္း ဒီဇင္ဘာ(၂၀)ရက္ေန႔၌ ႏုိင္ငံပုိင္မီဒီယာက ေဖာ္ျပခဲ့သည္။

အဆုိပါစစ္ေဆးမႈ၌ မဲဆႏၵနယ္အမွတ္(၂)တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ေဇာ္က အမွာစကားေျပာၾကားၿပီး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္မ်ိဳးဝင္းက လုပ္ငန္းအရည္အေသြးျပည့္မီေစရန္၊ ေရွာင္ကြင္းလမ္း စနစ္တက်ေပးရန္ႏွင့္ ေရရွည္မပ်က္စီးေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ရန္ ေျပာၾကားခဲ့တယ္လုိ႔ ႏုိင္ငံပုိင္မီဒီယာ၌ ေဖာ္ျပထားသည္။

အဆိုပါ ေရတာႀကီး-ႀကိဳးၾကာကြင္းလမ္းကို ေက်ာက္ေခ်ာလမ္းအရွည္ တစ္မိုင္ေလးဖာလုံ၊ လမ္းအက်ယ္ ၁၂ ေပႏွင့္ ေျမေရာေက်ာက္လမ္းပခုံးခင္းျခင္းကို တစ္ဖက္ သုံးေပစီျဖင့္ ဒုေျခာက္လက္မ ခင္းေပးသြားမည္ျဖစ္ရာ လမ္းအက်ယ္ ၁၈ ေပ ရွိသြားမည္ျဖစ္ေၾကာင္း ႏုိင္ငံပုိင္မီဒီယာက ေဖာ္ျပထားသည္။

အဆုိပါ လမ္းႏွင့္ပတ္သက္၍ ခြင့္ျပဳ ေငြက်ပ္ ၁၂၈ သန္းျဖင့္ ၿမိဳ႕နယ္ေက်းလက္လမ္းဦးစီးဌာနမွ တာဝန္ယူခင္း သြားမည္ျဖစ္သည္။

Photo – MOI

#PeopleMedia #ေက်ာင္းကုန္းၿမိဳ႕နယ္

(unicode)
ကျောင်းကုန်းမြို့နယ် ရေတာကြီး-ကြိုးကြာကွင်း လမ်းခင်းနေမှုကို တိုင်းအမှတ်(၂) လွှတ်တော်ကိုယ်စား လှယ်နှင့် မြို့နယ်ထွေအုပ် ကွင်းဆင်းစစ်ဆေး
………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ရေတာကြီး-ကြိုးကြာကွင်း လမ်းခင်းနေမှုကို တိုင်းအမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်ထွေအုပ်တို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဒီဇင်ဘာ(၂၀)ရက်နေ့၌ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

အဆိုပါစစ်ဆေးမှု၌ မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဇော်က အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက လုပ်ငန်းအရည်အသွေးပြည့်မီစေရန်၊ ရှောင်ကွင်းလမ်း စနစ်တကျပေးရန်နှင့် ရေရှည်မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရန် ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ၌ ဖော်ပြထားသည်။

အဆိုပါ ရေတာကြီး-ကြိုးကြာကွင်းလမ်းကို ကျောက်ချောလမ်းအရှည် တစ်မိုင်လေးဖာလုံ၊ လမ်းအကျယ် ၁၂ ပေနှင့် မြေရောကျောက်လမ်းပခုံးခင်းခြင်းကို တစ်ဖက် သုံးပေစီဖြင့် ဒုခြောက်လက်မ ခင်းပေးသွားမည်ဖြစ်ရာ လမ်းအကျယ် ၁၈ ပေ ရှိသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြထားသည်။

အဆိုပါ လမ်းနှင့်ပတ်သက်၍ ခွင့်ပြု ငွေကျပ် ၁၂၈ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူခင်း သွားမည်ဖြစ်သည်။

Photo – MOI

#PeopleMedia #ကျောင်းကုန်းမြို့နယ်


Share this post