• Follow Us on

Home ေက်ာင္းဆရာ၊ ဆရာမမ်ား ရဲသတင္းေပးလုပ္ရမည္ဆိုသည့္ ၫႊန္ၾကား ခ်က္ မွားယြင္းထုတ္ျပန္ျခင္းျဖစ္ေၾကာင္း ၿမိဳ႕နယ္ပညာေရးမွဴးေျပာဆုိ

ေက်ာင္းဆရာ၊ ဆရာမမ်ား ရဲသတင္းေပးလုပ္ရမည္ဆိုသည့္ ၫႊန္ၾကား ခ်က္ မွားယြင္းထုတ္ျပန္ျခင္းျဖစ္ေၾကာင္း ၿမိဳ႕နယ္ပညာေရးမွဴးေျပာဆုိ

Share this post

ရန္ကုန္၊ ဇြန္လ – ၄

စစ္ကိုင္းတိုင္းေဒသႀကီး၊ ပင္လည္ဘူးၿမိဳ႕နယ္ရွိ ဆရာ၊ဆရာမမ်ား ရဲသတင္းေပးလုပ္ရမည္ဟု အဓိပၸါယ္သက္ ေရာက္ေစသည့္ ၫႊန္ၾကားခ်က္မွာ မွားယြင္းထုတ္ျပန္မိျခင္းျဖစ္ေၾကာင္ းပင္လယ္ဘူးၿမိဳ႕နယ္ပညာေရးမွဴးထံမွ တာဝန္ရွိသူတစ္ဦးက ဆုိသည္။

ယင္းၫႊန္ၾကားခ်က္တြင္ ဆရာ၊ ဆရာမမ်ားအ‌ေနျဖင့္ တရားမဝင္လုပ္ငန္းမ်ား၊ မူးယစ္ေဆးဝါးႏွင့္ ေလာင္းကစား လုပ္ငန္းမ်ားကို အၿမဲမျပတ္သိရွိၿပီး အထက္အဆင့္ဆင့္သို႔ သတင္းေပးပို႔ရမည္ျဖစ္ကာ ပ်က္ကြက္ပါက အေရး ယူျခင္းခံရမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္ပညာေရးမွဴးမွ ဆရာ/ဆရာမမ်ားကုိ ညႊန္ၾကားစာထုတ္ျပန္ထားျခင္း ျဖစ္သည္။

ထိုသို႔မွားယြင္းစြာထုတ္ျပန္မိျခင္းမွာ ယခုႏွစ္၊ ေမလ ၁၅ ရက္ကစစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး၌ ျပဳလုပ္ခဲ့ သည့္ သတင္းညွိႏွိုင္းအစည္းအေဝး အမွတ္စဥ္(၅/၂၀၂၀)ဆုံးျဖတ္ခ်က္အပိုဒ္ ၁၇ အရ “အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ဝန္ထမ္းမ်ားသိရွိေစရန္” ဟူသည့္အခ်က္ေၾကာင့္ျဖစ္ေၾကာင္း ၫႊန္ၾကားစာထုတ္ျပန္ခဲ့သူ ပင္လည္ဘူးၿမိဳ႕နယ္ ပညာေရးမွဴးဦးမ်ိဳးခိုင္ကေျပာသည္။

“ကြၽန္ေတာ္တို႔အယူအဆမွားသြားတာပါ၊ ကြၽန္ေတာ္တို႔လည္း ဝန္ထမ္းေတြဆိုေတာ့ ပညာေရးဝန္ထမ္းေတြ ပါ မယ္ထင္ၿပီး စာထြက္ေပးလိုက္တာ” ဟု ၎ကေျပာသည္။

ယင္းၫႊန္ၾကားခ်က္သည္ ယမန္ေန႔က လူမႈကြန္ယက္ေပၚတြင္ ပ်ံ႕ႏွံ႔ခဲ့ၿပီး ပညာေရးဝန္ထမ္းမ်ားၾကား ေဝဖန္ေျပာ ဆိုမႈမ်ား ျမင့္တက္ကာ ျမန္မာနိုင္ငံလုံးဆိုင္ရာဆရာ/ဆရာမမ်ားအဖြဲ႕ခ်ဳပ္ (MTF) ကလည္း ျပင္းျပင္းထန္ထန္ ကန္႔ကြက္ေၾကာင္း ျပန္လည္ထုတ္ျပန္ထားသည္။ ၫႊန္ၾကားစာပါလုပ္ငန္းစဥ္မ်ားသည္ ရပ္/ေက်းအုပ္ခ်ဳပ္ေရး တာဝန္ရွိသူမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားေဆာင္႐ြက္ရမည့္ကိစၥမ်ားျဖစ္ၿပီး ပင္လည္ဘူးၿမိဳ႕နယ္သည္ မူးယစ္ေဆးဝါး အလြန္ေပါသည့္နယ္ေျမျဖစ္သည့္အတြက္ သတင္းေပးလုပ္ခိုင္းပါက ဆရာ/ဆရာမမ်ား၏ အသက္အႏၲရာယ္ လုံၿခဳံမႈမရွိနိုင္ေၾကာင္း ေဒသခံေက်ာင္းဆရာတစ္ဦးက သုံးသပ္ေျပာဆိုသည္။

ေသြးသစ္(ရန္ကုန္- MPI)

#PeopleMedia #စစ္ကုိင္းတုိင္းေဒသႀကီးအစုိးရအဖြဲ႕ #ပညာေရး

(unicode)
ကျောင်းဆရာ၊ ဆရာမများ ရဲသတင်းပေးလုပ်ရမည်ဆိုသည့် ညွှန်ကြား ချက် မှားယွင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးပြောဆို
…………………………………………………

ရန်ကုန်၊ ဇွန်လ – ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်ရှိ ဆရာ၊ဆရာမများ ရဲသတင်းပေးလုပ်ရမည်ဟု အဓိပ္ပါယ်သက် ရောက်စေသည့် ညွှန်ကြားချက်မှာ မှားယွင်းထုတ်ပြန်မိခြင်းဖြစ်ကြောင် းပင်လယ်ဘူးမြို့နယ်ပညာရေးမှူးထံမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းညွှန်ကြားချက်တွင် ဆရာ၊ ဆရာမများအ‌နေဖြင့် တရားမဝင်လုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှင့် လောင်းကစား လုပ်ငန်းများကို အမြဲမပြတ်သိရှိပြီး အထက်အဆင့်ဆင့်သို့ သတင်းပေးပို့ရမည်ဖြစ်ကာ ပျက်ကွက်ပါက အရေး ယူခြင်းခံရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးမှ ဆရာ/ဆရာမများကို ညွှန်ကြားစာထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထိုသို့မှားယွင်းစွာထုတ်ပြန်မိခြင်းမှာ ယခုနှစ်၊ မေလ ၁၅ ရက်ကစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ သည့် သတင်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၅/၂၀၂၀)ဆုံးဖြတ်ချက်အပိုဒ် ၁၇ အရ “အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများသိရှိစေရန်” ဟူသည့်အချက်ကြောင့်ဖြစ်ကြောင်း ညွှန်ကြားစာထုတ်ပြန်ခဲ့သူ ပင်လည်ဘူးမြို့နယ် ပညာရေးမှူးဦးမျိုးခိုင်ကပြောသည်။

“ကျွန်တော်တို့အယူအဆမှားသွားတာပါ၊ ကျွန်တော်တို့လည်း ဝန်ထမ်းတွေဆိုတော့ ပညာရေးဝန်ထမ်းတွေ ပါ မယ်ထင်ပြီး စာထွက်ပေးလိုက်တာ” ဟု ၎င်းကပြောသည်။

ယင်းညွှန်ကြားချက်သည် ယမန်နေ့က လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီး ပညာရေးဝန်ထမ်းများကြား ဝေဖန်ပြော ဆိုမှုများ မြင့်တက်ကာ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ/ဆရာမများအဖွဲ့ချုပ် (MTF) ကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြန်လည်ထုတ်ပြန်ထားသည်။ ညွှန်ကြားစာပါလုပ်ငန်းစဉ်များသည် ရပ်/ကျေးအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များဆောင်ရွက်ရမည့်ကိစ္စများဖြစ်ပြီး ပင်လည်ဘူးမြို့နယ်သည် မူးယစ်ဆေးဝါး အလွန်ပေါသည့်နယ်မြေဖြစ်သည့်အတွက် သတင်းပေးလုပ်ခိုင်းပါက ဆရာ/ဆရာမများ၏ အသက်အန္တရာယ် လုံခြုံမှုမရှိနိုင်ကြောင်း ဒေသခံကျောင်းဆရာတစ်ဦးက သုံးသပ်ပြောဆိုသည်။

သွေးသစ်(ရန်ကုန်- MPI)

#PeopleMedia #စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ #ပညာရေး


Share this post