• Follow Us on

Home ကျောင်းမတက်ရေးတားမြစ်ခြင်းသည် ကုလသမဂ္ဂ၏ ကလေးသူငယ်များ အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

ကျောင်းမတက်ရေးတားမြစ်ခြင်းသည် ကုလသမဂ္ဂ၏ ကလေးသူငယ်များ အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

မြစ်ကြီးနား၊ နိုဝင်ဘာ ၂၀ (People Media)

 

ကုလသမဂ္ဂက ချမှတ်ထားသည့် ကလေးသူငယ်များ အခွင့်အရေးတွင် ကျန်းမာရေးနှင့် ပညာသင်ကြားခွင့်သည် ထိပ်ဆုံးကပါဝင်နေပြီး ကျောင်းမတက်ရေးတားမြစ်ခြင်းသည် ကုလသမဂ္ဂ၏ ကလေးသူငယ်များ အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌက ပြောကြားလိုက်သည်။

 

နိုဝင်ဘာ ၁၉ ရက်နေ့က ပြုလုပ်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး ရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၄) ကျောင်းဆင်းမည့် ကျောင်းသားကျောင်းသူများ အား အမှာစကားပြောကြားရာတွင် န-စ-ကဥက္ကဋ္ဌက ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ ၎င်းက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည် အလွန်အရေးကြီးသည့် ကိစ္စဖြစ်သော်လည်း လက်ရှိအခြေအနေတွင် နားလည်သဘောပေါက်ခြင်းမရှိသည့်သူများက ကျောင်းများကို ပြန်မဖွင့်နိုင်ရန်နှင့် ပညာရေးစနစ်ကို အနှောင့်အယှက်ဖြစ်စေရန် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နေ ကြသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

 

ထို့ကြောင့် လူငယ်များ လမ်းမှားမရောက်စေရန်၊ ပညာရေးတစ်ပိုင်းတစ်စဖြင့် အနာဂတ်ဘဝများ မပျောက်ပျက် စေရန်၊ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် ကျောင်းနေအရွယ်အားလုံး ပညာရေးအဆင့်တိုင်း မည်သည့် ခွဲခြားမှုမျှ မရှိရေးအတွက် ဆောင်ရွက်ရမှာ ဖြစ်သလို ပညာသင်ကြားပေးသည့်နေရာတွင်လည်း အတန်း အောင်ရန်၊ စာမေးပွဲအောင်ရန်ထက် အမှန်တကယ်စာတတ်ရန်၊ ပညာတတ်ရန် ဆရာ့ကျင့်ဝတ်နှင့်အညီ သင် ကြားပေးကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း MOI ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

#PeopleMedia #EPN #ပညာရေး

(unicode)


………………………………………………………

 


 


 


 


 


 



Share this post