• Follow Us on

Home ေက်ာင္းမ်ားျပန္ဖြင့္ျခင္းႏွင့္ COVID-19 ေရာဂါကူးစက္မႈျမင့္တက္ျခင္းတို႔ၾကား ႐ွင္းလင္းသည့္ဆက္စပ္မႈမ႐ွိဟု ဆို

ေက်ာင္းမ်ားျပန္ဖြင့္ျခင္းႏွင့္ COVID-19 ေရာဂါကူးစက္မႈျမင့္တက္ျခင္းတို႔ၾကား ႐ွင္းလင္းသည့္ဆက္စပ္မႈမ႐ွိဟု ဆို

Share this post

လန္ဒန္၊ ေအာက္တိုဘာ – ၁

အလံုပိတ္ကန္႔သတ္မႈမ်ားႏွင့္ အားလပ္ရက္မ်ားေနာက္ပိုင္း ေက်ာင္းမ်ားက်ယ္ျပန္႔စြာျပန္လည္ဖြင့္လွစ္ျခင္းသည္ COVID-19 ေရာဂါကူးစက္မႈျမင့္တက္လာျခင္းႏွင့္ ေယဘုယ်အားျဖင့္ ဆက္စပ္မႈမ႐ွိေၾကာင္း ႏုိင္ငံ ၁၉၁ ႏိုင္ငံကိုေလ့လာမႈတြင္ ေတြ႔႐ွိသည္။

အလံုပိတ္ကန္႔သတ္မႈမ်ားေၾကာင့္ ေက်ာင္းပိတ္ထားရျခင္းသည္ ၂၀၂၀ ျပည့္ႏွစ္တြင္ ေက်ာင္းတက္ရက္ သန္း ၃၀၀၀၀၀ ကို ကမာၻ႔ကပ္ေရာဂါေလ့လာမႈအေႂကြးတင္ေစမည္ဟုလည္း ေလ့လာမႈတြင္ပါ၀င္သည္။

ေက်ာင္းပ်က္ရသည့္ရက္သန္း ၃၀၀၀၀၀ ၏ ၈၄ ရာခိုင္ႏႈန္းသည္ ဆင္းရဲေသာႏိုင္ငံမ်ားမွကေလးငယ္မ်ားျဖစ္ၿပီး ေက်ာင္းသား ၇၁၁ သန္းသည္ ေက်ာင္းမတက္ရေသးေၾကာင္း ခြဲျခမ္းစိတ္ျဖာေလ့လာမႈလုပ္ခဲ့သည့္ ဂ်ီနီဗာၿမိဳ႕အေျခစိုက္ လြတ္လပ္ေသာပညာေရးဆိုင္ရာထိုးထြင္းသိျမင္မႈေဖာင္ေဒ႐ွင္း(IfE)ကေျပာသည္။

ျပင္သစ္ႏွင့္စပိန္အပါအ၀င္ ၾသဂုတ္ႏွင့္စက္တင္ဘာတြင္ေက်ာင္းျပန္ဖြင့္ခဲ့သည့္ႏိုင္ငံ ၅၂ ႏိုင္ငံတြင္ ေက်ာင္းပိတ္ထားသည့္အားလပ္ရက္မ်ားႏွင့္ယွဥ္ပါက ကူးစက္မႈမ်ားျမင့္တက္ေနသည္။

သို႔ေသာ္ ႏိုင္ငံ ၅၂ ႏုိင္ငံကိုအျပည့္အ၀ခြဲျခမ္းစိတ္ျဖာေလ့လာရင္တြင္ ေက်ာင္းမ်ားအေျခအေနႏွင့္ ကူးစက္မႈျမင့္တက္ျခင္းတို႔ၾကား တိက်ေသာအျပန္အလွန္ဆက္စပ္မႈမ႐ွိေသာေၾကာင့္ အျခားအခ်က္မ်ားကိုထည္သြင္းစဥ္းစားရန္လိုအပ္ေနေၾကာင္း IfE ကေျပာသည္။

Ref : No clear link between schools reopening and COVID-19 surge, global study finds

#Peoplemedia

(Unicode)
ကျောင်းများပြန်ဖွင့်ခြင်းနှင့် COVID-19 ရောဂါကူးစက်မှုမြင့်တက်ခြင်းတို့ကြား ရှင်းလင်းသည့်ဆက်စပ်မှုမရှိဟု ဆို
………………………………………………

လန်ဒန်၊ အောက်တိုဘာ – ၁

အလုံပိတ်ကန့်သတ်မှုများနှင့် အားလပ်ရက်များနောက်ပိုင်း ကျောင်းများကျယ်ပြန့်စွာပြန်လည်ဖွင့်လှစ်ခြင်းသည် COVID-19 ရောဂါကူးစက်မှုမြင့်တက်လာခြင်းနှင့် ယေဘုယျအားဖြင့် ဆက်စပ်မှုမရှိကြောင်း နိုင်ငံ ၁၉၁ နိုင်ငံကိုလေ့လာမှုတွင် တွေ့ရှိသည်။

အလုံပိတ်ကန့်သတ်မှုများကြောင့် ကျောင်းပိတ်ထားရခြင်းသည် ၂၀၂၀ ပြည့်နှစ်တွင် ကျောင်းတက်ရက် သန်း ၃၀၀၀၀၀ ကို ကမ္ဘာ့ကပ်ရောဂါလေ့လာမှုအကြွေးတင်စေမည်ဟုလည်း လေ့လာမှုတွင်ပါဝင်သည်။

ကျောင်းပျက်ရသည့်ရက်သန်း ၃၀၀၀၀၀ ၏ ၈၄ ရာခိုင်နှုန်းသည် ဆင်းရဲသောနိုင်ငံများမှကလေးငယ်များဖြစ်ပြီး ကျောင်းသား ၇၁၁ သန်းသည် ကျောင်းမတက်ရသေးကြောင်း ခွဲခြမ်းစိတ်ဖြာလေ့လာမှုလုပ်ခဲ့သည့် ဂျီနီဗာမြို့အခြေစိုက် လွတ်လပ်သောပညာရေးဆိုင်ရာထိုးထွင်းသိမြင်မှုဖောင်ဒေရှင်း(IfE)ကပြောသည်။

ပြင်သစ်နှင့်စပိန်အပါအဝင် သြဂုတ်နှင့်စက်တင်ဘာတွင်ကျောင်းပြန်ဖွင့်ခဲ့သည့်နိုင်ငံ ၅၂ နိုင်ငံတွင် ကျောင်းပိတ်ထားသည့်အားလပ်ရက်များနှင့်ယှဉ်ပါက ကူးစက်မှုများမြင့်တက်နေသည်။

သို့သော် နိုင်ငံ ၅၂ နိုင်ငံကိုအပြည့်အဝခွဲခြမ်းစိတ်ဖြာလေ့လာရင်တွင် ကျောင်းများအခြေအနေနှင့် ကူးစက်မှုမြင့်တက်ခြင်းတို့ကြား တိကျသောအပြန်အလှန်ဆက်စပ်မှုမရှိသောကြောင့် အခြားအချက်များကိုထည်သွင်းစဉ်းစားရန်လိုအပ်နေကြောင်း IfE ကပြောသည်။

Ref : No clear link between schools reopening and COVID-19 surge, global study finds

#Peoplemedia


Share this post