• Follow Us on

Home ေက်ာင္းသားေတြကို စကၠဴပုံးေခါင္းစြပ္စာေမးပြဲေျဖခိုင္းတဲ့ ေကာလိပ္ ျပန္ေတာင္းပန္

ေက်ာင္းသားေတြကို စကၠဴပုံးေခါင္းစြပ္စာေမးပြဲေျဖခိုင္းတဲ့ ေကာလိပ္ ျပန္ေတာင္းပန္

Share this post

EPN
ႏိုင္ငံတကာ၊ေအာက္တိုဘာ ၂၀

ေက်ာင္းသားေတြ စာေမးပြဲေျဖဆိုရာမွာ စကၠဴကတ္ထူပုံးေတြ ေခါင္းမွာစြပ္ၿပီးေျဖေနတဲ့ ဓာတ္ပုံ အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ အိႏၵိယေက်ာင္းတစ္ေက်ာင္းရဲ႕ တာဝန္ရွိသူတစ္ဦးက ေတာင္းပန္စကားေျပာၾကားလိုက္ပါတယ္။

အဲဒီဓာတ္ပုံဟာ အိႏၵိယျပည္နယ္ ကာနာတာကာျပည္နယ္က ေကာလိပ္တစ္ခုမွာ ဓာေတု ဗဒစာေမးပြဲေျဖဆိုခ်ိန္ ႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။ ဓာတ္ပုံထဲမွာ စာေမးပြဲေျဖေန တဲ့ ေက်ာင္းသားေတြကို စာၾကည့္ဖို႔ အေပါက္ေဖာက္ထားတဲ့ စကၠဴကတ္ထူးပုံးေတြကို ေခါင္းမွာ စြပ္ၿပီး တျခားသူဆီက စာခိုးခ်လို႔မရေအာင္ လုပ္ထားတာေတြ႕ရပါတယ္။

အခုလိုျဖစ္ရပ္အတြက္ ေနာက္ပိုင္းမွာ ေကာလိပ္ေက်ာင္းရဲ႕ တာဝန္ရွိသူက လူသိရွင္ၾကား ျပန္လည္ေတာင္းပန္ခဲ့ပါတယ္။ အခုလို မသင့္ေလ်ာ္တဲ့နည္းလမ္းနဲ႔ စာခိုးခ်မႈေတြကို ဟန္႔တားဖို႔ ႀကိဳးစားမိတဲ့အတြက္ စိတ္မေကာင္းျဖစ္မိတယ္လို႔ ၎က ေျပာပါတယ္။

အခုလို လုပ္ဖို႔ ေက်ာင္းသားေတြကလည္းသေဘာတူခဲ့ ၿပီး စကၠဴပုံးေတြကို ေက်ာ င္းသားေ တြကိုယ္တိုင္ယူလာခဲ့တာလို႔ ၎က ေျပာပါတယ္။ ဒါေပမယ့္ အခ်ိန္ ၁၅ မိနစ္ေက်ာ္ လာခ်ိန္မွာေတာ့ ေက်ာင္းသားေတြက ေခါင္းမွာ စြတ္ထားတဲ့ စကၠဴပုံးကို ခြၽတ္ခဲ့ၾကၿပီး တာဝန္ရွိသူေတြကိုယ္တိုင္ကလည္း တစ္နာရီၾကာၿပီးေနာက္မွာ စကၠဴပုံး ေတြကို ခြၽတ္ခိုင္းခဲ့တယ္လို႔ေျပာပါတယ္။

Ref;Reutes
Apology after Indian students wear cardboard boxes for exams

ကျောင်းသားတွေကို စက္ကူပုံးခေါင်းစွပ်စာမေးပွဲဖြေခိုင်းတဲ့ ကောလိပ် ပြန်တောင်းပန်

EPN
နိုင်ငံတကာ၊အောက်တိုဘာ ၂၀

ကျောင်းသားတွေ စာမေးပွဲဖြေဆိုရာမှာ စက္ကူကတ်ထူပုံးတွေ ခေါင်းမှာစွပ်ပြီးဖြေနေတဲ့ ဓာတ်ပုံ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် အိန္ဒိယကျောင်းတစ်ကျောင်းရဲ့ တာဝန်ရှိသူတစ်ဦးက တောင်းပန်စကားပြောကြားလိုက်ပါတယ်။

အဲဒီဓာတ်ပုံဟာ အိန္ဒိယပြည်နယ် ကာနာတာကာပြည်နယ်က ကောလိပ်တစ်ခုမှာ ဓာတုေ ဗဒစာမေးပွဲဖြေဆိုချိန် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာ စာမေးပွဲဖြေနေ တဲ့ ကျောင်းသားတွေကို စာကြည့်ဖို့ အပေါက်ဖောက်ထားတဲ့ စက္ကူကတ်ထူးပုံးတွေကို ခေါင်းမှာ စွပ်ပြီး တခြားသူဆီက စာခိုးချလို့မရအောင် လုပ်ထားတာတွေ့ရပါတယ်။

အခုလိုဖြစ်ရပ်အတွက် နောက်ပိုင်းမှာ ကောလိပ်ကျောင်းရဲ့ တာဝန်ရှိသူက လူသိရှင်ကြား ပြန်လည်တောင်းပန်ခဲ့ပါတယ်။ အခုလို မသင့်လျော်တဲ့နည်းလမ်းနဲ့ စာခိုးချမှုတွေကို ဟန့်တားဖို့ ကြိုးစားမိတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ၎င်းက ပြောပါတယ်။

အခုလို လုပ်ဖို့ ကျောင်းသားတွေကလည်းသဘောတူခဲ့ ပြီး စက္ကူပုံးတွေကို ကျော င်းသားေ တွကိုယ်တိုင်ယူလာခဲ့တာလို့ ၎င်းက ပြောပါတယ်။ ဒါပေမယ့် အချိန် ၁၅ မိနစ်ကျော် လာချိန်မှာတော့ ကျောင်းသားတွေက ခေါင်းမှာ စွတ်ထားတဲ့ စက္ကူပုံးကို ချွတ်ခဲ့ကြပြီး တာဝန်ရှိသူတွေကိုယ်တိုင်ကလည်း တစ်နာရီကြာပြီးနောက်မှာ စက္ကူပုံး တွေကို ချွတ်ခိုင်းခဲ့တယ်လို့ပြောပါတယ်။

Ref;Reutes
Apology after Indian students wear cardboard boxes for exams


Share this post