• Follow Us on
Latest News

Home ကျောင်းဧရိယာအတွင်း၌ ဘွဲ့ဝတ်ရုံများကို အပြည့်အစုံမဝတ်ဆင်ဘဲ ပုံစံအမျိုးမျိုးဖြင့် ဓါတ်ပုံရိုက်ကူးသူနှင့် ရိုက် ကူးပေးသူကို ဥပဒေအရအရေးယူမည်


Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ – ၁၁





(Unicode)
ကျောင်းဧရိယာအတွင်း၌ ဘွဲ့ဝတ်ရုံများကို အပြည့်အစုံမဝတ်ဆင်ဘဲ ပုံစံအမျိုးမျိုးဖြင့် ဓါတ်ပုံရိုက်ကူးသူနှင့် ရိုက် ကူးပေးသူကို ဥပဒေအရအရေးယူမည်
………………………………………………………

ရန်ကုန်၊ ဖေဖော်ဝါရီ – ၁၁

ကျောက်ဆည်တက္ကသိုလ်အတွင်း၌ ကျောင်းသူ/သားများသည် ဘွဲ့ဝတ်ရုံများကို အပြည့်အစုံမဝတ်ဆင်ဘဲ ပုံစံ အမျိုးမျိုးဖြင့် ဓါတ်ပုံရိုက်ကူးသူနှင့် ရိုက်ကူးပေးသူကို ဥပဒေအရအရေးယူမည်ဖြစ်သည်။

ကျောက်ဆည်တက္ကသိုလ်အတွင်း၌ ကျောင်းသူ/သားများသည် ဘွဲဝတ်ရုံအပြည်အစုံမဝတ်ဘဲ ဓါတ်ပုံရိုက်ကူး လျှင် ရိုက်ကူးသူကို တက္ကသိုလ်စည်းကမ်းနှင့်အညီ ဘွဲ့အပ်နှင်းခြင်းမှ ငြင်းပယ်ခြင်းခံရမည်ဖြစ်ပြီး ရိုက်ကူးပေး သူကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဘွဲ့နှင်းသဘင်ကျင်းပရေးဦးစီးကော်မတီနှင့် စည်းကမ်းထိန်းသိမ်း ရေးနှင့် လုံခြုံရေးကော်မတီက သတင်ပေးစာထုတ်ပြန်ထားသည်။

လက်ရှိအချိန်၌ ကျောင်းသူ/သားအချို့သည့် ဘွဲ့ဝတ်ရုံများနှင့် မတော်တရော် ဓါတ်ပုံရိုတ်ကူးထားသည့် ဓါတ်ပုံများလည်း facebook ၌ ပေါ်၌ ထွက်ပေါ်လာခဲ့သည်။

#PeopleMedia #ကျောက်ဆည်တက္ကသိုလ်


Share this post