• Follow Us on

Home ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး ပညာရေးကိုအားပေးဆောင်ရွက်ကြရမည်ဟု နစကဥက္ကဋ္ဌ ပြောဆို

ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး ပညာရေးကိုအားပေးဆောင်ရွက်ကြရမည်ဟု နစကဥက္ကဋ္ဌ ပြောဆို

Share this post

နေပြည်တော်၊ မတ် ၁

 

ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး ပညာရေးကိုအားပေးဆောင်ရွက်ကြရမည် ဖြစ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်း ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ကျောက်ဖြူမြို့ရှိ ရမ္မာဝတီခန်းမ၌ တွေ့ ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သာယာဝပြောရေးသည် တည်ငြိမ်အေးချမ်းရေးနှင့် တိုက်ရိုက်ဆက် စပ်လျက်ရှိသည့်အတွက် ဒေသတစ်ခုချင်းစီအလိုက် တည်ငြိမ်အေးချမ်းမှသာလျှင် ဒေသများနှင့် တိုင်းပြည် သည်လည်း သာယာဝပြောလာမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် အဓိကလိုအပ်ချက်သည် လူသားအရင်း အမြစ်ကောင်းများ များစွာ ပေါ်ထွက်လာရေးပင်ဖြစ်သည့်အတွက် ပညာရေးကို အားပေးမြှင့်တင် လျက်ရှိကြောင်း၊ အတန်းပညာရှိမှသာ အသိပညာ၊ အတတ်ပညာများ တိုးတက်ရရှိမည်ဖြစ်သည့်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး ပညာရေးကိုအားပေးဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ကျောက်ဖြူဒေသတွင် ပညာတတ်များပေါများစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ ဒေသတွင်း ပညာတတ်များပေါများမှသာ ဒေသတိုးတက်ရေးအတွက်လိုအပ်သည့် လူသားအရင်း အမြစ်ကောင်းများကိုရရှိမည်ဖြစ်ကြောင်း ပြောဆိုသည်။

 

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ပြည်ပကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျောက်ဖြူစက်မှုဇုံနှင့်ပတ်သက်၍လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသတစ်ခုချင်းစီအလိုက် ၎င်းဒေသနှင့် ကိုက်ညီနိုင်မည့် စီးပွားရေးလုပ်ငန်းများကို ရေတိုရေရှည်တွက်ချက် ဘက်ပေါင်းစုံမှ တွက်ချက်စဉ်းစား ဆောင်ရွက်ကြ ရခြင်းဖြစ်ကြောင်း၊  ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းကို ဆောင်ရွက်ရာတွင်လည်း နိုင်ငံတော်အတွက် အဘက်ဘက်မှ ကြည့်ရှုစဉ်းစားပြီး အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။

 

မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိ ကြောင်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အဓိကထားဆောင်ရွက်ရမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများမှထွက်ရှိသည့် ကုန်ကြမ်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ကျောက်ဖြူဒေသတွင် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင် ရွက်ကြစေလိုပြီး ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်း များအတွက် လိုအပ်သည့် ရင်းနှီးမတည်ငွေများကို ထုတ်ပေးလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့သည်။

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post