• Follow Us on

Home ေက်ာင္းေနအ႐ြယ္တြင္ အာဟာရမျပည့္၀ပါက ၇ လက္မေက်ာ္အထိ အရပ္ပုႏိုင္

ေက်ာင္းေနအ႐ြယ္တြင္ အာဟာရမျပည့္၀ပါက ၇ လက္မေက်ာ္အထိ အရပ္ပုႏိုင္

Share this post

လန္ဒန္၊ ႏို၀င္ဘာ ၆
 
ေက်ာင္းေနအ႐ြယ္တြင္ အာဟာရမျပည့္၀ပါက ကမာၻ႔အရပ္႐ွည္သူအမ်ားဆံုးႏိုင္ငံႏွင့္ အရပ္အပုဆံုး ႏိုင္ငံမ်ားၾကား ၂၀ စင္တီမီတာ (၇.၉ လက္မ)အထိအရပ္ကြာဟခ်က္႐ွိေၾကာင္း ခြဲျခမ္းစိတ္ျဖာ ေလ့လာမႈတခုအရသိရသည္။
 
၂၀၁၉ ခုႏွစ္တြင္ နယ္သာလန္ႏိုင္ငံ၌ အရပ္အ႐ွည္ဆံုး ၁၉ ႏွစ္အ႐ြယ္လူငယ္မ်ား႐ွိေနၿပီး အရပ္ ၁၈၃.၈ စင္တီမီတာ (၆ ေပ) အထိ႐ွိႏိုင္သည္ဟု ေလ့လာမႈတြင္ေဖာ္ျပသည္။
 
တီေမာလက္စေတးႏိုင္ငံတြင္ အရပ္အပုဆံုးအျဖစ္ ၁၆၀.၁ စင္တီမီတာ (၅ ေပ ၃ လက္မ) ႐ွိေၾကာင္းလည္းေဖာ္ျပသည္။
 
The Lancet သိပၸံစာေစာင္တြင္ ေလ့လာမႈကိုေဖာ္ျပခဲ့သည္။ ရေနသည့္အာဟာရအရည္အေသြးႏွင့္ လူငယ္မ်ားအတြက္ က်န္းမာေရးႏွင့္သင့္ေလ်ာ္သည့္ပတ္၀န္းက်င္ျဖစ္မျဖစ္ကို ျပန္လည္ထင္ဟပ္သျဖင့္ ကမာၻတ၀န္းမွကေလးမ်ားကို အခ်ိန္အလိုက္ အရပ္အျမင့္ႏွင့္ ကိုယ္အေလးခ်ိန္ေျပာင္းလဲမႈမ်ားကို ေစာင့္ၾကည့္ျခင္းသည္ အေရးႀကီးေၾကာင္း သုေတသီမ်ားကေျပာသည္။
 
၁၉၈၅ ခုႏွစ္ႏွင့္ ၂၀၁၉ ခုႏွစ္တို႔ၾကား အသက္ ၅ ႏွစ္မွ ၁၉ ႏွစ္ၾကား ကေလးမ်ားႏွင့္ၿမီးေကာင္ေပါက္ ၆၅ သန္းေက်ာ္ကိုေလ့လာမႈ ၂၀၀၀ ေက်ာ္မွအခ်က္အလက္မ်ားကို ခြဲျခမ္းစိတ္ျဖာေလ့လာရၿပီးေနာက္ ရလဒ္မ်ားထုတ္ျပန္ခဲ့ျခင္ျဖစ္သည္။
 
၂၀၁၉ ခုႏွစ္တြင္ ဥေရာပအေနာက္ေျမာက္ပိုင္းႏွင့္အလယ္ပိုင္းတို႔မွ ကေလးမ်ားႏွင့္ဆယ္ေက်ာ္သက္မ်ားက ကမာၻ႔အရပ္အ႐ွည္ဆံုးမ်ားျဖစ္သည္ဟု ေတြ႕႐ွိခဲ့သည္။
ပ်မ္းမွ်အရပ္အပုဆံုးအသက္ ၁၉ ႏွစ္အ႐ြယ္မ်ားသည္ ေတာင္ႏွင့္အေ႐ွ႕ေတာင္အာ႐ွ၊ လက္တင္အေမရိ ကႏွင့္ အာဖရိကအေ႐ွ႕ပိုင္းတို႔တြင္ေနထိုင္ၾကသည္။
 
Ref : Poor diet: Children 20cm shorter as a result, analysis says
 
#PeopleMedia
 
(unicode)
ကျောင်းနေအရွယ်တွင် အာဟာရမပြည့်ဝပါက ၇ လက်မကျော်အထိ အရပ်ပုနိုင်
…………………………………………..
 
လန်ဒန်၊ နိုဝင်ဘာ ၆
 
ကျောင်းနေအရွယ်တွင် အာဟာရမပြည့်ဝပါက ကမ္ဘာ့အရပ်ရှည်သူအများဆုံးနိုင်ငံနှင့် အရပ်အပုဆုံး နိုင်ငံများကြား ၂၀ စင်တီမီတာ (၇.၉ လက်မ)အထိအရပ်ကွာဟချက်ရှိကြောင်း ခွဲခြမ်းစိတ်ဖြာ လေ့လာမှုတခုအရသိရသည်။
 
၂၀၁၉ ခုနှစ်တွင် နယ်သာလန်နိုင်ငံ၌ အရပ်အရှည်ဆုံး ၁၉ နှစ်အရွယ်လူငယ်များရှိနေပြီး အရပ် ၁၈၃.၈ စင်တီမီတာ (၆ ပေ) အထိရှိနိုင်သည်ဟု လေ့လာမှုတွင်ဖော်ပြသည်။
 
တီမောလက်စတေးနိုင်ငံတွင် အရပ်အပုဆုံးအဖြစ် ၁၆၀.၁ စင်တီမီတာ (၅ ပေ ၃ လက်မ) ရှိကြောင်းလည်းဖော်ပြသည်။
 
The Lancet သိပ္ပံစာစောင်တွင် လေ့လာမှုကိုဖော်ပြခဲ့သည်။ ရနေသည့်အာဟာရအရည်အသွေးနှင့် လူငယ်များအတွက် ကျန်းမာရေးနှင့်သင့်လျော်သည့်ပတ်ဝန်းကျင်ဖြစ်မဖြစ်ကို ပြန်လည်ထင်ဟပ်သဖြင့် ကမ္ဘာတဝန်းမှကလေးများကို အချိန်အလိုက် အရပ်အမြင့်နှင့် ကိုယ်အလေးချိန်ပြောင်းလဲမှုများကို စောင့်ကြည့်ခြင်းသည် အရေးကြီးကြောင်း သုတေသီများကပြောသည်။
 
၁၉၈၅ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့ကြား အသက် ၅ နှစ်မှ ၁၉ နှစ်ကြား ကလေးများနှင့်မြီးကောင်ပေါက် ၆၅ သန်းကျော်ကိုလေ့လာမှု ၂၀၀၀ ကျော်မှအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာလေ့လာရပြီးနောက် ရလဒ်များထုတ်ပြန်ခဲ့ခြင်ဖြစ်သည်။
 
၂၀၁၉ ခုနှစ်တွင် ဥရောပအနောက်မြောက်ပိုင်းနှင့်အလယ်ပိုင်းတို့မှ ကလေးများနှင့်ဆယ်ကျော်သက်များက ကမ္ဘာ့အရပ်အရှည်ဆုံးများဖြစ်သည်ဟု တွေ့ရှိခဲ့သည်။
ပျမ်းမျှအရပ်အပုဆုံးအသက် ၁၉ နှစ်အရွယ်များသည် တောင်နှင့်အရှေ့တောင်အာရှ၊ လက်တင်အမေရိ ကနှင့် အာဖရိကအရှေ့ပိုင်းတို့တွင်နေထိုင်ကြသည်။
 
Ref : Poor diet: Children 20cm shorter as a result, analysis says
 
#PeopleMedia

Share this post