• Follow Us on
Latest News

Home ကျောင်းပြန်ဖွင့်သည့်အချိန်၌ ဆရာ/ဆရာမများ အဆင်သင့်ဖြစ်စေဖို့ ကြိုတင်ပြင်ဆင်ထားရန် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ ညွှန်ကြားထား

ကျောင်းပြန်ဖွင့်သည့်အချိန်၌ ဆရာ/ဆရာမများ အဆင်သင့်ဖြစ်စေဖို့ ကြိုတင်ပြင်ဆင်ထားရန် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ ညွှန်ကြားထား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၀ (People Media)

 

COVID-19 ရောဂါကြောင့် ကျောင်းများပိတ်ထားရသော်လည်း ကျောင်းများပြန်လည်ဖွင့်လှစ်သည့်အချိန်၌ ဆရာ/ဆရာမများအနေဖြင့် အဆင်သင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင်ထားရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သက်ဆိုင်ရာဌာနထံ ညွှန်ကြားခဲ့သည်။

 

အဆိုပါညွန်ကြားစာ၌ ပညာရေးနှင့်ပတ်သက်ပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းများဖွင့်လှစ်သည့် အချိန်တွင် ဆရာ၊ ဆရာမများ အဆင်သင့်ဖြစ်စေရေး၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး SOP လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ထားရှိစေရေး၊ ဘာသာရပ်ဆိုင်ရာ သင်ရိုးသစ် လက်စွဲစာအုပ်များမှ သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်လေ့လာထားရေး စသည်ဖြင့်ပါဝင်သည်။

 

အလားတူ COVID-19 ရောဂါကြောင့် အများပြည်သူများအနေဖြင့် လူစုလူဝေးဖြင့်ကျင်းပပြုလုပ်ရမည့် အခမ်း အနားများ၊ ပွဲလမ်းသဘင်များမပြုလုပ်ရန်၊ ရုပ်ရှင်ရုံများ၊ ဘော်ဒါဆောင်များ၊ မူကြိုကျောင်းများ ဖွင့်လှစ်ခြင်းမပြု လုပ်ရန် ကျောင်းများဖွင့်လှစ်ပြီး တစ်လအကြာ ဇူလိုင်လ ၃၀ ရက်နေ့မှစတင်ပြီး အမိန့်ထုတ်ပြန်ကြေညာခဲ့ သည်။

 

Photo – မိုးညို(ဇွန်လအတွင်း၌ ဟိုပင်မြို့နယ်၊ အင်းလေးကျေးရွာစာသင်ကျောင်း မီးရှို့ဖျက်ဆီးခံရမှု)

 

#PeopleMedia #မုံရွာ #ပညာရေး

 

(unicode)


………………………………………………………………………

 


 


 


 


 


 



Share this post