• Follow Us on

Home ကျေးဇူးရှင် လယ်သမားကြီးများ (သို့မဟုတ်) ကျောမွဲလယ်သမားကြီးများ၏ အသံ

ကျေးဇူးရှင် လယ်သမားကြီးများ (သို့မဟုတ်) ကျောမွဲလယ်သမားကြီးများ၏ အသံ

Share this post

“ဖြစ်နေတဲ့ဈေးနှုန်းအရ ကျွန်တော်တို့တောင်သူတွေက ဘာရှေ့ဆက်ပြီးတော့ ဘယ်လို လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုတာဘယ်လိုမှမတွေးတောလို့မရောအောင်ဖြစ်နေရပါ တယ်ခင်ဗျ” ဦးသိန်းဇံ (လယ်သမား)

“ကျွန်တော်တို့တောင်သူလယ်သမားများဘ၀ဟာ ဘယ်လိုဖြစ်နေလည်းဆိုလို့ရှိ ရင်တောင်သူလယ်သမားဦးကြီးများကနေပြီးတော့တောင်သူလယ်သမားကျောမွဲ
လူတန်းစား၊တောင်သူဘယ်သမားအခြေခံလူတန်းစားဘ၀ဆိုပြီးတော့ အဲဒီ ထိတောင်နိမ့်ကျသွားပါပြီ။ နိုင်ငံတ်ာကနေပြီးတော့ဖွဲ့စည်းပေးထားတဲ့ စိုက်ပျိုးရေးဆိုတဲ့ မျက်နှာတွေ ကျွတော်တို့လယ်သမားတွေမမြင်ရပါဘူး။” ဦးထွန်းဝေ(လယ်သမား)

“လက်ရှိစပါးဈေးက သုံးသိန်းရှစ်သောင်းလောက်ပဲရှိတယ်။ နည်းတာပေါ့။ ပုံမှန်ငါး သိန်းဈေးလောက်ရမှ အဆင်ပြေမှာ” ဦးအေးလွင်(လယ်သမား)

“NLD ရဲ့အောင်နိုင်ရေးမှာပြောထားတဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ စကားကိုညီစေချင်တယ်။နောက်ပြီးသမ္မတကြီးဦးဝင်းမြင့်ပွဲဦးထွက်မိန့်ခွန်းမှာ လယ်သမားအလုပ်သမားတွေရဲ့လူနေမှုဘ၀ မြင့်မားဖို့ပါ ပါတယ်။ အဲဒီပြောတဲ့ အတိုင်းဖြစ်စေချင်တယ်။ဒီနေ့အထိတော့မဖြစ်သေးဘူး။” ဦးဖိုးဖြူ(လယ်သမား)

ပဲခူးတိုင်းဒေသကြို့ပင်ကောက်မြို့နယ်အတွင်းကလယ်သမားများကြုံတွေ့နေရတဲ့ လက်ရှိစပါးဈေးနဲ့ လယ်သမားဘ၀အခြနေများကို မေးမြန်းတင်ပြထားခြင်းဖြစ်ပါတယ်။ ကြို့ပင်ကောက်မြို့နယ်ထဲက လယ်သမားတွေဟာ စပါးဈေးနှစ်တိုင်းထက်ပိုမိုကျဆင်း တာကြောင့်ယခုလ ၄ရက်နံနက်ပိုင်းက ကြို့ပင်ကောက်မြို့ပေါ်မှာ စီတန်း လှည့်လည် ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။

ရိုက်ကူး/ တည်းဖြတ် – အောရမ်း


Share this post
https://www.facebook.com/1120229281493723/videos/1299825553525503/