• Follow Us on

Home ကျေးရွာမီးလင်းရေး၊ လမ်းဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ရာ၌ မဲရရှိရေး အတွက်အပေးအယူမလုပ်ခဲ့ကြောင်း ပြည်ခိုင်ရေးပါတီပြောဆို


Share this post

ရန်ကုန်၊ဖေဖော်ဝါရီ-၁၄




Photo – Competitor


[Unicode]
ကျေးရွာမီးလင်းရေး၊ လမ်းဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ရာ၌ မဲရရှိရေး အတွက်အပေးအယူမလုပ်ခဲ့ကြောင်း ပြည်ခိုင်ရေးပါတီပြောဆို
……………………………………………………………………..

ရန်ကုန်၊ဖေဖော်ဝါရီ-၁၄

ကျေးရွာမီးလင်းရေး၊လမ်းဖွံ့ဖြိုးရေးကိစ္စရပ်များကို မဲရရှိရေးအတွက်အပေးအယူမလုပ်ခဲ့ကြောင်း ပြည်ခိုင်ရေးပါတီပြောဆိုလိုက်ပါတယ်။

“ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ရပ်ရွာဖွံ့ဖြိုးရေး ကိစ္စကို မဲကိစ္စအလို့ငှာ အပေးအယူမလုပ်ပါဘူး။ ကျွန်တော်တို့ အစိုးရတာ၀န်ယူခဲ့ချိန်တုန်းက မီးလင်းရေးကိစ္စ၊ လမ်းဖွံ့ဖြိုးရေးကိစ္စတွေ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို မဲဆွယ် ခြင်းလုံး၀မပါဘဲ လုပ်ဆောင်ခဲ့ တာဖြစ်ပါ တယ်။ တချို့နေရာတွေမှာ ငါကိုမဲပေးတော့မှ မင်းတို့ကို ဒါပေးမယ်။ တခြားတစ်ဖက်ကို ပေးရင် မင်းတို့ကို မလုပ်ပေးဘူး၊ ဒါမျိုးတွေက ရပ်ရွာတွေထဲမှာ ဒီအသံတွေ ကြားနေရတယ်။ ဒါဟာမှန်ကန်တဲ့ လုပ်ရပ် မဟုတ်ပါဘူး” ဟု ဦး၀ဏ္ဏမောင်လွင်(ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်)က ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ပါတီရုံးတွင်ပြုလုပ်ခဲ့သည့် မြို့နယ်၊ ရပ်ကျေးပါတီ၀င်များနှင့်တွေ့ဆုံခြင်းနှင့် ပါတီ၀င်အဆိုပြုလွှာပေးအပ်ပွဲမှာ ဦး၀ဏ္ဏမောင်လွင်(ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်)က အထက်ပါအတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

Photo – Competitor

#PeopleMedia #USDP #2020Election


Share this post