• Follow Us on

Home ကျေးသီးမြို့နယ်၌ ရပ်တန့်ထားသည့် ဆီဘောက်ဆာယာဉ်ပေါ်မှ ငွေကျပ် သိန်းပေါင်း ၃၆၀၀၀၀ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ


Share this post

 
 
 
#PeopleMedia #မူးယစ် #ကျေးသီးမြို့
 
(unicode)
ကျေးသီးမြို့နယ်၌ ရပ်တန့်ထားသည့် ဆီဘောက်ဆာယာဉ်ပေါ်မှ ငွေကျပ် သိန်းပေါင်း ၃၆၀၀၀၀ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
…………………………………….
နေပြည်တော်၊ အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယမန်နေ့ညနေ ၅ နာရီခန့်တွင် မိုင်းနောင်-မိုင်းနင်းသွားကားလမ်း၌ရပ်တန့်ထားသည့် DONG FENG အမျိုးအစား ဆီဘောက်ဆာယာဉ်အမှတ်၊ MDY 2R/— အားတွေ့ရှိသဖြင့် စစ်ဆေးရာ ဆီသိုလှောင်ကန်အကန့်နှစ်ကန့် အတွင်းမှ ဆာလာအိတ်များအတွင်း သိုဝှက်သယ်ဆောင်ထားသည့် ၁ ကီလိုဂရမ်ခန့်စီပါ အိုက်စ်မူးယစ်ဆေးဝါးအထုပ် ၁၈၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ်သိန်းပေါင်း ၃၆၀၀၀၀) ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား လွိုင်လင်မြို့ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
#PeopleMedia #မူးယစ#ကျေးသီးမြို့

Share this post