• Follow Us on

Home “ေခတ္မွီၿပီး အင္အားေတာင့္တင္းတဲ့ တပ္မေတာ္ႀကီးတစ္ရပ္မျဖစ္မေနရွိဖို႔လိုတယ္။ ဒါမွသာ ျဖစ္လာရင္ မိမိတို႔နိုင္ငံေတာ္ ကာကြယ္ေရး ကို မိမိတို႔ စြမ္းအားနဲ႔ ကာကြယ္နိုင္မွာျဖစ္ပါတယ္”

“ေခတ္မွီၿပီး အင္အားေတာင့္တင္းတဲ့ တပ္မေတာ္ႀကီးတစ္ရပ္မျဖစ္မေနရွိဖို႔လိုတယ္။ ဒါမွသာ ျဖစ္လာရင္ မိမိတို႔နိုင္ငံေတာ္ ကာကြယ္ေရး ကို မိမိတို႔ စြမ္းအားနဲ႔ ကာကြယ္နိုင္မွာျဖစ္ပါတယ္”

Share this post

စိတ္ဝင္စားဖြယ္ရာ အဇာဘိုင္ဂ်န္ နဲ႔ အာေမနီးယား စစ္ပြဲ

 

ေဆာင္းပါး၊ ေအာက္တိုဘာ ၁၀

 

နာဂိုနို-ကရာဘက္ေဒသ အျငင္းပြားမႈနဲ႔ ပတ္သက္ၿပီး အာေမနီးယားနဲ႔ အဇာဘိုင္ဂ်န္ ႏွစ္နိုင္ငံ စစ္ျဖစ္လာတာ ၂ ပတ္ထဲ ဝင္လာခဲ့ၿပီ။ စစ္ဆိုတဲ့ သေဘာသဘာဝနဲ႔အညီ ႏွစ္ဦးႏွစ္ဖက္ ေသေၾကၾကတာ ျမင္မေကာင္းပါပဲ။ တကယ္ေတာ့ ဒီေဒသဟာ အခုမွ အျငင္းပြားၾက။ စစ္ျဖစ္ၾကတာေတာ့ မဟုတ္ပါဘူး။ ဒါဘီသဖြယ္ေဒသတြင္း ၿပိဳင္ဘက္ေတြပါ။ ေက်ာင္းေတာ္က ရန္စေတြနဲ႔ မၾကာခဏ စစ္ျဖစ္ေနၾကေပါ့။

 

သမိုင္းေၾကာင္း ျပန္ေကာက္ရရင္ ဆိုဗီယက္ျပည္ေထာင္စုႀကီး ၿပိဳ ကြဲေတာ့ ၁၉၉၀ ၾသဂုတ္လ ၂၃ မွာ အာေမနီးယားက လြတ္လပ္တဲ့နိုင္ငံအျဖစ္ေၾကျငာတယ္။ အဇာဘိုင္ဂ်န္ က ၁၉၉၁ ၾသဂုတ္လ ၃၀ မွာ လြတ္လပ္တဲ့နိုင္ငံအျဖစ္ ကမၻာကို ေၾကျငာခဲ့ျပန္တယ္။ အဇာဘိုင္ဂ်န္က အစၥလာန္ဘာသာဝင္ လူမ်ားစု ေနထိုင္ၿပီး အာေမနီးယားကေတာ့ ခရစ္ယာန္ဘာသာဝင္ အမ်ားစုေနထိုင္ၾကတယ္။ အဇာဘိုင္ဂ်န္ကေတာ့ အာမနီးယားထက္ နိုင္ငံအက်ယ္အဝန္း က စလို႔ လူဦးေရး ေခတ္မွီစစ္လက္နက္ပစၥည္းေတြအျပင္ တူရကီ ေက်ာေထာက္ေနာက္ခံျပဳထားသည္အထိ အစစအရာရာ သာလြန္ေနတာ ေတြ႕ရတယ္။

 

ယခု အျငင္းပြားေနတဲ့ နာဂိုနို-ကရာဘတ္ ေဒသ ဟာ ဆိုဗီယက္မၿပိဳကြဲ ခင္အထိ အဇာဘိုင္ဂ်န္ထဲ မွာပါဝင္ ခဲ့တယ္။ ဆိုဗီယက္ၿပိဳကြဲ ေတာ့ ဒီေဒသ ပိုင္ဆိုင္မႈအျငင္းပြားရာကေန စစ္ျဖစ္ခဲ့ၾကတယ္။ ၁၉၉၄ မွာ ေတာ့ အပစ္ခက္ရပ္စဲ ခဲ့ၾကေပမဲ့ စစ္ေၾကာင့္ လူေပါင္း ၃၀၀၀၀ ေလာက္ေသဆုံး ခဲ့ရၿပီး လူတစ္သန္းေလာက္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရတယ္။

 

ဒီစစ္ပြဲ ၿပီးေတာ့ ဒီေဒသ ကို အာေမးနီးယားေတြ က ပဲ တပ္စြဲ ထားခဲ့တယ္။ အေၾကာင္းကေတာ့ နာဂိုနို-ကရာဘတ္ ေဒသ ဟာ အာေမနီးယား ႏြယ္ဖြား ခရစ္ဘာသာဝင္ အမ်ားစု မို႔ ေဒသ ခံ ျပည္သူေတြ ကေတာ့ အာေမနီးယား နဲ႔ ပဲ ပူးေပါင္းလိုၾကတယ္။ဒါေပမဲ့ ဒီေဒသ ကို ကမၻာက အဇာဘိုင္ဂ်န္ရဲ့ အစိတ္အပိုင္း အျဖစ္သာ အသိမွတ္ျပဳ ထားေသးတယ္။ ဒါေၾကာင့္ ဒီေဒသဟာ မၾကာခဏ စစ္မီးေမႊးလ်က္ ရွိသလိုကမၻာမွာ ေျဖရွင္း ရခက္တဲ့ ျပႆနာေတြ ထဲ မွာ တစ္ခု အပါအဝင္ျဖစ္ခဲ့တယ္။

 

အခုေတာ့ သူ႔ဘက္ကိုယ့္ဘက္ အျငင္းပြားရာကတဆင့္ စက္တင္ဘာလ ၂၇ ရက္ေန႔ထဲ စစ္မီးေတာက္ေလာင္ လာခဲ့တာ ယခု ဆို အေျခအေန ေနာ္ေတာ္ဆိုးလာေနတာ ေတြ႕ရတယ္။ အခုလက္ရွိၾကည့္ရသေလာက္ကေတာ့ အဇာဘိုင္ဂ်န္ က သာေနတာေတြ႕ရတယ္။ အာေမနီးယားကေတာ့ အင္းအား နည္းသူ ျဖစ္လို႔ မ်ိဳးခ်စ္စိတ္ဓာတ္ ကို အေျခခံၿပီး စိတ္ဓာတ္ စစ္ဆင္ေရးနဲ႔ ဝါဒ ျဖန႔္ခ်ိေနတယ္။ ေခတ္မွီ လက္နက္နည္း ပညာမွာ အာေမးနီးယား တို႔ အဇာဘိုင္ဂ်န္ ကို ဘယ္လိုမွ မမွီတာ ေတြ႕ရတယ္။

 

အထူးသျဖင့္ အဇာဘိုင္ဂ်န္ရဲ့ ေမာင္းသူမဲ့ Drone ေတြ က စစ္နည္း ဗ်ဴဟာ ေလ့လာေနသူမ်ားအဖို႔ေတာ့ စိန္ေခၚမႈ အသစ္တိုး လာခဲ့တာေတာ့ အမွန္ပဲ။ စိတ္ဝင္စားစရာလည္းေတာ္ေတာ္ ေကာင္းတယ္။ ၂၁ ရာစု စစ္ပြဲေတြ Drone ေတြ ရဲ့ အခန္းက႑ က စစ္ပြဲ ကို အသာစီးရေစသလို Drone အမ်ားဆုံး သုံးတဲ့ စစ္ပြဲလို႔ ေတာင္ ေျပာနိုင္ပါတယ္။

 

တကယ္ေတာ့ ေမာင္းသူမဲ့ Drone ေတြ ဆိုတာ သတၱမမ်ိဳးဆက္( ေနာက္ဆုံးမ်ိဳးဆက္) ပါ စစ္လက္နက္ အမ်ိဳးအစားေတြပါ။ စစ္ပညာရွင္ေတြ ခန႔္မွန္းတြက္ခ်က္ထားတာက သတၱမ မ်ိဳးဆက္မွာ လူအစား စက္႐ုပ္ေတြ နဲ႔ တိုက္မယ္လို႔ ေမၽွာ္မွန္းထားၾကတာကိုး။ ေမာင္းသူမဲ့ ေရေအာက္ယာဥ္ ေျမေပၚယာဥ္အထိ တီထြင္ အသုံးျပဳ လာၾကတယ္။ ဒါေၾကာင့္ ဒါေတြဟာ စက္႐ုပ္ေတြပဲ မို႔ သတၱမမ်ိဳးဆက္ဝင္ စစ္လက္နက္ေတြလို ပညာရွင္ေတြ က သတ္မွတ္ၾကတယ္။

 

အခု မ်ိဳးဆက္က ေလယာဥ္တင့္ သံခ်ပ္ကာ ဒုံးလက္နက္ေတြ နဲ႔ တိုက္ခိုက္ရတဲ့ မ်ိဳးဆက္မို႔ စတုတၳမ်ိဳးဆက္ လို႔ပဲ သတ္မွတ္ၾကပါေသးတယ္။ ဒါကေတာ့ ( Weaponry ) ကိုင္ဆြဲတဲ့ လက္နက္ေပၚမူတည္ၿပီးသတ္မွတ္ ၾကတာကို ေျပာတာပါ။

 

War Fighting စစ္တိုက္နည္း စစ္နည္းဗ်ဴဟာ ကို ေျပာတာမဟုတ္ပါဖူး။ ထားပါေတာ့။ စစ္ျဖစ္ေနတာ တား ျမစ္ျဖန္ေျဖေပးမဲ့ အပိုင္းကို ေဝဖန္ၾကည့္ၾကမယ္။ ဒါမွ ကၽြန္ေတာ္ တို႔ လူသားဆန္ရာက်မယ္ေလ။

 

ကိုဗစ္ကာလႀကီး မွာ ဒီလို ႏွစ္နိုင္ငံစစ္ျဖစ္ေနတာကို ျဖန္ေျဖေပးမဲ့ နိုင္ငံ။ ျဖန္ေျဖေပးမဲ့ အဖြဲ႕အစည္းမရွိတာ အံၾသမိတယ္။ အထူးသျဖင့္ ကုလသမဂၢ ရဲ့ အခန္း က႑ ေပ်ာက္ဆုံးေနတာ။ ေရငုံႏႈတ္ပိတ္ျဖစ္ေနတာ ေတာ္ေတာ္ ထူးဆန္တယ္။ အေမရိကန္ တ႐ုတ္ ႐ုရွားဆိုတဲ့ နိုင္ငံႀကီးေတြကလည္း ႏွစ္သိမ့္စကားေတာင္ က်ယ္က်ယ္ ေလာင္ေလာင္ ေျပာတာမေတြ႕ရေတာ့ ဒီစစ္ပြဲ ဟာ သူတို႔အတြက္ အက်ိဳးမရွိတဲ့ သေဘာပဲ။ တူရကီကေတာ့ အေရွ႕အလယ္ပိုင္းနဲ႔ ဒီေဒသကို ပတ္ေမႊေနတာေတြ႕ရတယ္။ အခုေတာ့ ကေနဒါက သူ႔ကို Drone မေရာင္းေတာ့ ဘူးလို႔ တရားဝင္ ထုတ္ေျပာလာတဲ့ အထိပဲ။ တူရကီသမၼတ အာဒိုဂန္ ေျပာခြင့္ရသူက နာဂိုနို- ကရာဘတ္ ေဒသ က အာေမးနီးယားေတြ ဆုတ္ခြာသြားမွ ဒီေဒသ ၿငိမ္းခ်မ္းမယ္လို႔ ထုတ္ေျပာလာျပန္ တယ္။

 

တကယ္ေတာ့ ဆီးရီးယား ယီမင္စစ္ပြဲေတြ အျပင္အခု ဒီေဒသ စစ္ပြဲမွာပါ တူရကီဝင္ပါေနတာဟာ အေၾကာင္းမဲ့ေတာ့မဟုတ္ဖူး။ တူရကီဟာ တစ္ခ်ိန္က ေအာ္တိုမင္အင္ပါယာ ဂုဏ္သိကၡာကို ျပန္တည္ ေဆာက္ခ်င္တဲ့ သေဘာျဖစ္လိမ့္မယ္။

 

တူရကီက လြဲလို႔ နိုင္ငံႀကီးေတြကေတာ့ ဒီစစ္ပြဲအေပၚ သိပ္ရင္မခုန္ၾကသလိုပဲ။ ဒီေတာ့ ကိုယ္ျဖစ္ကိုယ္ခံမို႔ ဒီ အတိုင္းထိုင္ၾကည့္ေန႐ုံမွ အပ ဘာမွတတ္နိုင္မွာ မဟုတ္ေတာ့ဖူး။

 

ဒီစစ္ပြဲသင္ခန္းစာကို ၾကည့္ၿပီးေတာ့ စာေရးသူတို႔ နိုင္ငံလည္း ေခတ္မွီ စစ္လက္နက္ ပစၥည္းတပ္ဆင္ထားတဲ့ အင္အားႀကီး တပ္မေတာ္ တစ္ရပ္ တည္ေဆာက္ရမွာေတာ့ ေျမႀကီးလက္ခံမလြဲပါပဲ။ အထူး သျဖင့္ ကုလသမဂၢ နဲ႔ နိုင္ငံႀကီးေတြ လည္း တကယ္ျဖစ္လာရင္ အားကိုးမရဖူးဆိုတာ ေတြ႕ရမယ္။ အဲဒီေတာ့  ကိုယ့္အားကိုယ္ကိုး နိုင္ဖို႔ အတြက္ ျပင္ဆင္သင့္ ျပင္ဆင္ထိုက္တာ အားလုံးကို ျပင္ဆင္ထားဖို႔လိုတယ္။

 

ေခတ္မွီၿပီး အင္အားေတာင့္တင္းတဲ့ တပ္မေတာ္ႀကီး တစ္ရပ္မျဖစ္မေန ရွိဖို႔လိုတယ္။ ဒါမွသာ ျဖစ္လာရင္ မိမိတို႔နိုင္ငံေတာ္ ကာကြယ္ေရး ကို မိမိတို႔ စြမ္းအား နဲ႔ ကာကြယ္နိုင္မွာျဖစ္ပါတယ္။ ကိုယ့္အားကိုယ္ကိုး

နိုင္ဖို႔ အတြက္ လိုအပ္ခ်က္မွန္သမၽွ ကို ႀကိဳတင္ျပင္ဆင္ ထားဖို႔လိုေၾကာင္း အႀကံျပဳ ေရးသားလိုက္ရပါတယ္။

 

မင္းသုႏၵရ(EPN)

 

#PeopleMedia #EPN

 

(Unicode)

“ခေတ်မှီပြီး အင်အားတောင့်တင်းတဲ့ တပ်မတော်ကြီးတစ်ရပ်မဖြစ်မနေရှိဖို့လိုတယ်။ ဒါမှသာ ဖြစ်လာရင် မိမိတို့နိုင်ငံတော် ကာကွယ်ရေး ကို မိမိတို့ စွမ်းအားနဲ့ ကာကွယ်နိုင်မှာဖြစ်ပါတယ်”

စိတ်ဝင်စားဖွယ်ရာ အဇာဘိုင်ဂျန် နဲ့ အာမေနီးယား စစ်ပွဲ

ဆောင်းပါး၊ အောက်တိုဘာ ၁၀

နာဂိုနို-ကရာဘက်ဒေသ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အာမေနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံ စစ်ဖြစ်လာတာ ၂ ပတ်ထဲ ဝင်လာခဲ့ပြီ။ စစ်ဆိုတဲ့ သဘောသဘာဝနဲ့အညီ နှစ်ဦးနှစ်ဖက် သေကြေကြတာ မြင်မကောင်းပါပဲ။ တကယ်တော့ ဒီဒေသဟာ အခုမှ အငြင်းပွားကြ။ စစ်ဖြစ်ကြတာတော့ မဟုတ်ပါဘူး။ ဒါဘီသဖွယ်ဒေသတွင်း ပြိုင်ဘက်တွေပါ။ ကျောင်းတော်က ရန်စတွေနဲ့ မကြာခဏ စစ်ဖြစ်နေကြပေါ့။

သမိုင်းကြောင်း ပြန်ကောက်ရရင် ဆိုဗီယက်ပြည်ထောင်စုကြီး ပြို ကွဲတော့ ၁၉၉၀ သြဂုတ်လ ၂၃ မှာ အာမေနီးယားက လွတ်လပ်တဲ့နိုင်ငံအဖြစ်ကြေငြာတယ်။ အဇာဘိုင်ဂျန် က ၁၉၉၁ သြဂုတ်လ ၃၀ မှာ လွတ်လပ်တဲ့နိုင်ငံအဖြစ် ကမ္ဘာကို ကြေငြာခဲ့ပြန်တယ်။ အဇာဘိုင်ဂျန်က အစ္စလာန်ဘာသာဝင် လူများစု နေထိုင်ပြီး အာမေနီးယားကတော့ ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်ကြတယ်။ အဇာဘိုင်ဂျန်ကတော့ အာမနီးယားထက် နိုင်ငံအကျယ်အဝန်း က စလို့ လူဦးရေး ခေတ်မှီစစ်လက်နက်ပစ္စည်းတွေအပြင် တူရကီ ကျောထောက်နောက်ခံပြုထားသည်အထိ အစစအရာရာ သာလွန်နေတာ တွေ့ရတယ်။

ယခု အငြင်းပွားနေတဲ့ နာဂိုနို-ကရာဘတ် ဒေသ ဟာ ဆိုဗီယက်မပြိုကွဲ ခင်အထိ အဇာဘိုင်ဂျန်ထဲ မှာပါဝင် ခဲ့တယ်။ ဆိုဗီယက်ပြိုကွဲ တော့ ဒီဒေသ ပိုင်ဆိုင်မှုအငြင်းပွားရာကနေ စစ်ဖြစ်ခဲ့ကြတယ်။ ၁၉၉၄ မှာ တော့ အပစ်ခက်ရပ်စဲ ခဲ့ကြပေမဲ့ စစ်ကြောင့် လူပေါင်း ၃၀၀၀၀ လောက်သေဆုံး ခဲ့ရပြီး လူတစ်သန်းလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်။

ဒီစစ်ပွဲ ပြီးတော့ ဒီဒေသ ကို အာမေးနီးယားတွေ က ပဲ တပ်စွဲ ထားခဲ့တယ်။ အကြောင်းကတော့ နာဂိုနို-ကရာဘတ် ဒေသ ဟာ အာမေနီးယား နွယ်ဖွား ခရစ်ဘာသာဝင် အများစု မို့ ဒေသ ခံ ပြည်သူတွေ ကတော့ အာမေနီးယား နဲ့ ပဲ ပူးပေါင်းလိုကြတယ်။ဒါပေမဲ့ ဒီဒေသ ကို ကမ္ဘာက အဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်း အဖြစ်သာ အသိမှတ်ပြု ထားသေးတယ်။ ဒါကြောင့် ဒီဒေသဟာ မကြာခဏ စစ်မီးမွှေးလျက် ရှိသလိုကမ္ဘာမှာ ဖြေရှင်း ရခက်တဲ့ ပြဿနာတွေ ထဲ မှာ တစ်ခု အပါအဝင်ဖြစ်ခဲ့တယ်။

အခုတော့ သူ့ဘက်ကိုယ့်ဘက် အငြင်းပွားရာကတဆင့် စက်တင်ဘာလ ၂၇ ရက်နေ့ထဲ စစ်မီးတောက်လောင် လာခဲ့တာ ယခု ဆို အခြေအနေ နော်တော်ဆိုးလာနေတာ တွေ့ရတယ်။ အခုလက်ရှိကြည့်ရသလောက်ကတော့ အဇာဘိုင်ဂျန် က သာနေတာတွေ့ရတယ်။ အာမေနီးယားကတော့ အင်းအား နည်းသူ ဖြစ်လို့ မျိုးချစ်စိတ်ဓာတ် ကို အခြေခံပြီး စိတ်ဓာတ် စစ်ဆင်ရေးနဲ့ ဝါဒ ဖြန့်ချိနေတယ်။ ခေတ်မှီ လက်နက်နည်း ပညာမှာ အာမေးနီးယား တို့ အဇာဘိုင်ဂျန် ကို ဘယ်လိုမှ မမှီတာ တွေ့ရတယ်။

အထူးသဖြင့် အဇာဘိုင်ဂျန်ရဲ့ မောင်းသူမဲ့ Drone တွေ က စစ်နည်း ဗျူဟာ လေ့လာနေသူများအဖို့တော့ စိန်ခေါ်မှု အသစ်တိုး လာခဲ့တာတော့ အမှန်ပဲ။ စိတ်ဝင်စားစရာလည်းတော်တော် ကောင်းတယ်။ ၂၁ ရာစု စစ်ပွဲတွေ Drone တွေ ရဲ့ အခန်းကဏ္ဍ က စစ်ပွဲ ကို အသာစီးရစေသလို Drone အများဆုံး သုံးတဲ့ စစ်ပွဲလို့ တောင် ပြောနိုင်ပါတယ်။

တကယ်တော့ မောင်းသူမဲ့ Drone တွေ ဆိုတာ သတ္တမမျိုးဆက်( နောက်ဆုံးမျိုးဆက်) ပါ စစ်လက်နက် အမျိုးအစားတွေပါ။ စစ်ပညာရှင်တွေ ခန့်မှန်းတွက်ချက်ထားတာက သတ္တမ မျိုးဆက်မှာ လူအစား စက်ရုပ်တွေ နဲ့ တိုက်မယ်လို့ မျှော်မှန်းထားကြတာကိုး။ မောင်းသူမဲ့ ရေအောက်ယာဉ် မြေပေါ်ယာဉ်အထိ တီထွင် အသုံးပြု လာကြတယ်။ ဒါကြောင့် ဒါတွေဟာ စက်ရုပ်တွေပဲ မို့ သတ္တမမျိုးဆက်ဝင် စစ်လက်နက်တွေလို ပညာရှင်တွေ က သတ်မှတ်ကြတယ်။

အခု မျိုးဆက်က လေယာဉ်တင့် သံချပ်ကာ ဒုံးလက်နက်တွေ နဲ့ တိုက်ခိုက်ရတဲ့ မျိုးဆက်မို့ စတုတ္ထမျိုးဆက် လို့ပဲ သတ်မှတ်ကြပါသေးတယ်။ ဒါကတော့ ( Weaponry ) ကိုင်ဆွဲတဲ့ လက်နက်ပေါ်မူတည်ပြီးသတ်မှတ် ကြတာကို ပြောတာပါ။

War Fighting စစ်တိုက်နည်း စစ်နည်းဗျူဟာ ကို ပြောတာမဟုတ်ပါဖူး။ ထားပါတော့။ စစ်ဖြစ်နေတာ တား မြစ်ဖြန်ဖြေပေးမဲ့ အပိုင်းကို ဝေဖန်ကြည့်ကြမယ်။ ဒါမှ ကျွန်တော် တို့ လူသားဆန်ရာကျမယ်လေ။

ကိုဗစ်ကာလကြီး မှာ ဒီလို နှစ်နိုင်ငံစစ်ဖြစ်နေတာကို ဖြန်ဖြေပေးမဲ့ နိုင်ငံ။ ဖြန်ဖြေပေးမဲ့ အဖွဲ့အစည်းမရှိတာ အံသြမိတယ်။ အထူးသဖြင့် ကုလသမဂ္ဂ ရဲ့ အခန်း ကဏ္ဍ ပျောက်ဆုံးနေတာ။ ရေငုံနှုတ်ပိတ်ဖြစ်နေတာ တော်တော် ထူးဆန်တယ်။ အမေရိကန် တရုတ် ရုရှားဆိုတဲ့ နိုင်ငံကြီးတွေကလည်း နှစ်သိမ့်စကားတောင် ကျယ်ကျယ် လောင်လောင် ပြောတာမတွေ့ရတော့ ဒီစစ်ပွဲ ဟာ သူတို့အတွက် အကျိုးမရှိတဲ့ သဘောပဲ။ တူရကီကတော့ အရှေ့အလယ်ပိုင်းနဲ့ ဒီဒေသကို ပတ်မွှေနေတာတွေ့ရတယ်။ အခုတော့ ကနေဒါက သူ့ကို Drone မရောင်းတော့ ဘူးလို့ တရားဝင် ထုတ်ပြောလာတဲ့ အထိပဲ။ တူရကီသမ္မတ အာဒိုဂန် ပြောခွင့်ရသူက နာဂိုနို- ကရာဘတ် ဒေသ က အာမေးနီးယားတွေ ဆုတ်ခွာသွားမှ ဒီဒေသ ငြိမ်းချမ်းမယ်လို့ ထုတ်ပြောလာပြန် တယ်။

တကယ်တော့ ဆီးရီးယား ယီမင်စစ်ပွဲတွေ အပြင်အခု ဒီဒေသ စစ်ပွဲမှာပါ တူရကီဝင်ပါနေတာဟာ အကြောင်းမဲ့တော့မဟုတ်ဖူး။ တူရကီဟာ တစ်ချိန်က အော်တိုမင်အင်ပါယာ ဂုဏ်သိက္ခာကို ပြန်တည် ဆောက်ချင်တဲ့ သဘောဖြစ်လိမ့်မယ်။

တူရကီက လွဲလို့ နိုင်ငံကြီးတွေကတော့ ဒီစစ်ပွဲအပေါ် သိပ်ရင်မခုန်ကြသလိုပဲ။ ဒီတော့ ကိုယ်ဖြစ်ကိုယ်ခံမို့ ဒီ အတိုင်းထိုင်ကြည့်နေရုံမှ အပ ဘာမှတတ်နိုင်မှာ မဟုတ်တော့ဖူး။

ဒီစစ်ပွဲသင်ခန်းစာကို ကြည့်ပြီးတော့ စာရေးသူတို့ နိုင်ငံလည်း ခေတ်မှီ စစ်လက်နက် ပစ္စည်းတပ်ဆင်ထားတဲ့ အင်အားကြီး တပ်မတော် တစ်ရပ် တည်ဆောက်ရမှာတော့ မြေကြီးလက်ခံမလွဲပါပဲ။ အထူး သဖြင့် ကုလသမဂ္ဂ နဲ့ နိုင်ငံကြီးတွေ လည်း တကယ်ဖြစ်လာရင် အားကိုးမရဖူးဆိုတာ တွေ့ရမယ်။ အဲဒီတော့ ကိုယ့်အားကိုယ်ကိုး နိုင်ဖို့ အတွက် ပြင်ဆင်သင့် ပြင်ဆင်ထိုက်တာ အားလုံးကို ပြင်ဆင်ထားဖို့လိုတယ်။

ခေတ်မှီပြီး အင်အားတောင့်တင်းတဲ့ တပ်မတော်ကြီး တစ်ရပ်မဖြစ်မနေ ရှိဖို့လိုတယ်။ ဒါမှသာ ဖြစ်လာရင် မိမိတို့နိုင်ငံတော် ကာကွယ်ရေး ကို မိမိတို့ စွမ်းအား နဲ့ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ကိုး
နိုင်ဖို့ အတွက် လိုအပ်ချက်မှန်သမျှ ကို ကြိုတင်ပြင်ဆင် ထားဖို့လိုကြောင်း အကြံပြု ရေးသားလိုက်ရပါတယ်။

မင်းသုန္ဒရ(EPN)

#PeopleMedia #EPN


Share this post