• Follow Us on
Latest News

Home ေခတ္သစ္ေရတပ္သမိုင္းတြင္ ကုန္က်စရိတ္အမ်ားဆံုးမီးေလာင္မႈျဖစ္ခဲ့သည့္စစ္သေဘၤာကို အေမရိကန္ေရ တပ္က တစစီဖ်က္သိမ္းမည္

ေခတ္သစ္ေရတပ္သမိုင္းတြင္ ကုန္က်စရိတ္အမ်ားဆံုးမီးေလာင္မႈျဖစ္ခဲ့သည့္စစ္သေဘၤာကို အေမရိကန္ေရ တပ္က တစစီဖ်က္သိမ္းမည္

Share this post

ဝါ႐ွင္တန္၊ ဒီဇင္ဘာ ၁ (𝑷𝒆𝒐𝒑𝒍𝒆 𝑴𝒆𝒅𝒊𝒂)

မီးေလာင္မႈအႀကီးအက်ယ္ျဖစ္ၿပီးေနာက္ပိုင္း ျပန္လည္ျပင္ဆင္ပါက အေမရိကန္ေဒၚသန္းေထာင္ခ်ီ ကုန္က်ႏိုင္သည္ဟုေတြ႕႐ွိၿပီးေနာက္ အေမရိကန္ေရတပ္၏စစ္သေဘၤာ ယူအက္စ္အက္စ္ ဘြန္ဟုမ္ ရစ္ခ်က္ကို တပ္ေတာ္၀င္ျခင္းျပန္႐ုတ္သိမ္းၿပီး တစစီျဖဳတ္သြားမည္ဟု အေမရိကန္ေရတပ္က ဆံုးျဖတ္သည္။

ဇူလိုင္လတြင္ ဆန္ဒီေယဂိုဆိပ္ကမ္း၌ ကမ္းတပ္တိုက္ခိုက္ေရးသေဘၤာ႐ွိခဲ့ၿပီး ေရတပ္ F-35B ဂ်က္တိုက္ေလယာဥ္မ်ားႏွင့္ကိုက္ညီရန္အဆင့္ႁမွင့္တင္ေနခ်ိန္ သေဘၤာေပၚတြင္ မီးအႀကီးအက်ယ္ေလာင္ခဲ့ၿပီး ထိုျဖစ္ရပ္သည္ ေခတ္သစ္အေမရိကန္ေရတပ္သမိုင္းတြင္ ကုန္က်မႈအမ်ားဆံုးမီးေလာင္မႈျဖစ္ခဲ့သည္။

သေဘၤာမီးေလာင္မႈ ၄ ရက္ၾကာခဲ့ၿပီး မီးေလာင္ရသည့္အေၾကာင္းရင္းကို ယခုအထိစံုစမ္းေဖာ္ထုတ္ေန ဆဲျဖစ္သည္။

သေဘၤာကိုျပန္လည္ျပင္ဆင္ရန္ ၅ ႏွစ္မွ ၇ ႏွစ္အထိၾကာႏိုင္ၿပီး ေဒၚလာသန္း ၂၅၀၀ မွ ၃၂၀၀ အထိ ကုန္က်ႏိုင္ကာ သေဘၤာ၏ ၆၀ ရာခိုင္ႏႈန္းကို အစားထိုးရမည္ဟု ေရတပ္အရာ႐ွိမ်ားကေျပာသည္။

ေနာက္ထပ္သေဘၤာတမ်ိဳးအျဖစ္ေျပာင္းလဲပါက ေဒၚလာသန္း ၁၀၀၀ ေက်ာ္ကုန္ႏိုင္ၿပီး အသစ္တစီး တည္ေဆာက္သည္ထက္ကုန္က်စရိတ္ပိုမ်ားေၾကာင္း ေရတပ္ကေျပာသည္။

ဖ်က္သိမ္းပါက ေဒၚလာသန္း ၃၀ သာကုန္က်မည္ျဖစ္ၿပီး ၉ လမွ ၁၂ လအတြင္းသာၾကာမည္ျဖစ္သည္။

၁၉၉၈ ခုႏွစ္တြင္တပ္ေတာ္၀င္ခဲ့သည့္သေဘၤာသည္ ေဒၚလာသန္း ၇၅၀ ကုန္က်ခဲ့ၿပီး ယေန႔ေခတ္တန္ဖိုးအရ ေဒၚလာသန္း ၁၂၀၀ ႐ွိသည္။

ကမ္းတက္စစ္သေဘၤာမ်ားသည္ ေရတပ္သားမ်ား၊ ရဟတ္ယာဥ္မ်ားႏွင့္ ေရတပ္သားမ်ားကိုေလေၾကာင္း အေထာက္အကူေပးႏိုင္မည့္ဂ်က္ေလယာဥ္မ်ားကိုသယ္ေဆာင္ႏိုင္ၿပီး ေရတပ္စစ္ဆင္ေရးမ်ားကိုေထာက္ကူ ရန္ရည္႐ြယ္ထားသည္။

Ref : Navy to de-commission and scrap warship USS Bonhomme Richard after major fire

#PeopleMedia

(unicode)
ခေတ်သစ်ရေတပ်သမိုင်းတွင် ကုန်ကျစရိတ်အများဆုံးမီးလောင်မှုဖြစ်ခဲ့သည့်စစ်သင်္ဘောကို အမေရိကန်ရေ တပ်က တစစီဖျက်သိမ်းမည်
…………………………………………….

ဝါရှင်တန်၊ ဒီဇင်ဘာ ၁ (𝑷𝒆𝒐𝒑𝒍𝒆 𝑴𝒆𝒅𝒊𝒂)

မီးလောင်မှုအကြီးအကျယ်ဖြစ်ပြီးနောက်ပိုင်း ပြန်လည်ပြင်ဆင်ပါက အမေရိကန်ဒေါ်သန်းထောင်ချီ ကုန်ကျနိုင်သည်ဟုတွေ့ရှိပြီးနောက် အမေရိကန်ရေတပ်၏စစ်သင်္ဘော ယူအက်စ်အက်စ် ဘွန်ဟုမ် ရစ်ချက်ကို တပ်တော်ဝင်ခြင်းပြန်ရုတ်သိမ်းပြီး တစစီဖြုတ်သွားမည်ဟု အမေရိကန်ရေတပ်က ဆုံးဖြတ်သည်။

ဇူလိုင်လတွင် ဆန်ဒီယေဂိုဆိပ်ကမ်း၌ ကမ်းတပ်တိုက်ခိုက်ရေးသင်္ဘောရှိခဲ့ပြီး ရေတပ် F-35B ဂျက်တိုက်လေယာဉ်များနှင့်ကိုက်ညီရန်အဆင့်မြှင့်တင်နေချိန် သင်္ဘောပေါ်တွင် မီးအကြီးအကျယ်လောင်ခဲ့ပြီး ထိုဖြစ်ရပ်သည် ခေတ်သစ်အမေရိကန်ရေတပ်သမိုင်းတွင် ကုန်ကျမှုအများဆုံးမီးလောင်မှုဖြစ်ခဲ့သည်။

သင်္ဘောမီးလောင်မှု ၄ ရက်ကြာခဲ့ပြီး မီးလောင်ရသည့်အကြောင်းရင်းကို ယခုအထိစုံစမ်းဖော်ထုတ်နေ ဆဲဖြစ်သည်။

သင်္ဘောကိုပြန်လည်ပြင်ဆင်ရန် ၅ နှစ်မှ ၇ နှစ်အထိကြာနိုင်ပြီး ဒေါ်လာသန်း ၂၅၀၀ မှ ၃၂၀၀ အထိ ကုန်ကျနိုင်ကာ သင်္ဘော၏ ၆၀ ရာခိုင်နှုန်းကို အစားထိုးရမည်ဟု ရေတပ်အရာရှိများကပြောသည်။

နောက်ထပ်သင်္ဘောတမျိုးအဖြစ်ပြောင်းလဲပါက ဒေါ်လာသန်း ၁၀၀၀ ကျော်ကုန်နိုင်ပြီး အသစ်တစီး တည်ဆောက်သည်ထက်ကုန်ကျစရိတ်ပိုများကြောင်း ရေတပ်ကပြောသည်။

ဖျက်သိမ်းပါက ဒေါ်လာသန်း ၃၀ သာကုန်ကျမည်ဖြစ်ပြီး ၉ လမှ ၁၂ လအတွင်းသာကြာမည်ဖြစ်သည်။

၁၉၉၈ ခုနှစ်တွင်တပ်တော်ဝင်ခဲ့သည့်သင်္ဘောသည် ဒေါ်လာသန်း ၇၅၀ ကုန်ကျခဲ့ပြီး ယနေ့ခေတ်တန်ဖိုးအရ ဒေါ်လာသန်း ၁၂၀၀ ရှိသည်။

ကမ်းတက်စစ်သင်္ဘောများသည် ရေတပ်သားများ၊ ရဟတ်ယာဉ်များနှင့် ရေတပ်သားများကိုလေကြောင်း အထောက်အကူပေးနိုင်မည့်ဂျက်လေယာဉ်များကိုသယ်ဆောင်နိုင်ပြီး ရေတပ်စစ်ဆင်ရေးများကိုထောက်ကူ ရန်ရည်ရွယ်ထားသည်။

Ref : Navy to de-commission and scrap warship USS Bonhomme Richard after major fire

#PeopleMedia


Share this post