• Follow Us on

Home ခေတ်အမီဆုံးနှင့် အကြီးမားဆုံးစစ်သင်္ဘောကို တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံသို့ တင်ပို့

ခေတ်အမီဆုံးနှင့် အကြီးမားဆုံးစစ်သင်္ဘောကို တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံသို့ တင်ပို့

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၁ (People Media)

 

အိန္ဒိယသမုဒ္ဒရာဒေသတွင်း အင်အားချိန်ခွင်လျှာညှိရာတွင် တောင်အာရှနိုင်ငံ ပါကစ္စတန်အတွက်အထောက်အ ကူဖြစ်စေရန် တရုတ်နိုင်ငံက ခေတ်အမီဆုံးနှင့် အကြီးမားဆုံးစစ်သင်္ဘောကို ပါကစ္စတန်နိုင်ငံသို့ နိုဝင်ဘာလ ၁၀ ရက်နေ့က တင်ပို့လိုက်ကြောင်း သိရသည်။

 

ပါကစ္စတန်နိုင်ငံက PNS Tughril ဟု နာမည်ပေးထားသော type 054A/P စစ်သင်္ဘောသည် ပါကစ္စတန်နိုင်ငံသို့ တင်ပို့ရန်စီစဉ်ထားသောဖရီးဂိတ်စစ်သင်္ဘောလေးစီးအနက် ပထမဦးဆုံးစစ်သင်္ဘောဖြစ်ပြီး အဆိုပါသင်္ဘောတွင် ခေတ်မီကာကွယ်ရေးလက်နက်များနှင့်အတူ ခေတ်အမီဆုံးသောစီမံခန့်ခွဲမှုစနစ်နှင့် အီလက်ထရောနစ်စစ်ဆင် ရေးစနစ်များတပ်ဆင်ထားကြောင်း Global Times က ရေးသားဖော်ပြထားသည်။

 

ပါကစ္စတန်နိုင်ငံက တရုတ်နိုင်ငံမှ 054A type ဖရီးဂိတ်သင်္ဘော နှစ်စီးဝယ်ယူရန် တရုတ်အစိုးရပိုင်သင်္ဘော တည်ဆောက်ရေးကော်ပိုရေးရှင်းနှင့် ၂၀၁၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး တစ်နှစ်အကြာနောက်ပိုင်းတွင် အဆိုပါဖရီးဂိတ်စစ်သင်္ဘောလေးစီးအထိ ဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်။

 

စာချုပ်ချုပ်ထားသော သင်္ဘောအားလုံးကို ၂၀၂၁ ခုနှစ်မကုန်ခင် တင်ပို့ပေးသွားရမည်ဖြစ်ပြီး အဆိုပါဖရီးဂိတ် စစ်သင်္ဘောများ ဝယ်ယူလိုက ရောင်းချပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ထိုင်းနိုင်ငံသို့ ၂၀၁၃ ခုနှစ်က ကမ်း လှမ်းခဲ့သည်။ သို့သော် ထိုင်းနိုင်ငံက တရုတ်ဖရီးဂိတ်များအစား ကိုရီးယားနိုင်ငံထုတ် ပြန်လည်ပြုပြင်ထားသော Gwanggaeto ဖျက်သင်္ဘောများကို ရွေးချယ်ခဲ့သည်။

 

PNS Tughril ဖရီးဂိတ်စစ်သင်္ဘောများတွင် ခြိမ်းခြောက်မှုမျိုးစုံကို ရင်ဆိုင်ရန် ရေတပ်စစ်ဆင်ရေးတာဝန်များကို တိုးချဲ့ဆောင်ရွက်နိုင်သည့် အဆင့်မြင့်စောင့်ကြည့်ထောက်လှမ်းရေးစနစ်အပြင် ရေပြင်မှ ရေပြင်ပစ်ဒုံးကျည် များ၊ ရေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များနှင့် ရေအောက်ပစ်ဒုံးကျည်များ တပ်ဆင်ထားကြောင်း ပါကစ္စတန်ရေတပ် က ကြေညာခဲ့သည်။

 

Type 054A/P စစ်သင်္ဘောသည် တရုတ်နိုင်ငံ၏ အဆင့်အမြင့်ဆုံး ဖရီးဂိတ်စစ်သင်္ဘောဖြစ်ကြောင်း တရုတ်ပြည် သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်သုတေသနအကယ်ဒမီမှအဆင့်မြင့်သုတေသီ ဇောင်ဂျန်ရှီကပြောသည်။

 

အလေးချိန် ၄၀၅၃ တန်ရှိ အဆိုပါဖရီးဂိတ်စစ်သင်္ဘောသည် ရေဒါဖမ်းယူရခက်ခဲအောင်တည်ဆောက်ထားခြင်း ဖြစ်သည်။ ရေတပ်အရာရှိ/စစ်သည် ၁၆၅ ဦးတင်ဆောင်နိုင်သော အဆိုပါသင်္ဘောသည် တစ်နာရီရေမိုင် ၂၇ knots (တစ်နာရီ ၃၁ မိုင်၊ ကီ လိုမီတာ ၅၀) ခုတ်မောင်းနိုင်ပြီး တစ်ဆက်တည်း အမြင့်ဆုံး ရေမိုင် ၈,၀၂၅ knots (၉,၂၃၅ မိုင်/ ၁၄,၈၆၂ ကီလိုမီတာ) ခုတ်မောင်းသွားနိုင်သည်။

 

Ref: China Delivers Largest, Most Advanced Warship to Pakistan

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 

Ref: China Delivers Largest, Most Advanced Warship to Pakistan

 

#PeopleMedia


Share this post