• Follow Us on

Home ေခမာသိဒၶိမင္းေက်ာင္းစာသင္တိုက္မွ သံဃာေတာ္ ၁၅ ပါးစစ္ေဆးရာ ၁၄ ပါး COVID-19 ေရာဂါပိုးေတြ႕ရွိ

ေခမာသိဒၶိမင္းေက်ာင္းစာသင္တိုက္မွ သံဃာေတာ္ ၁၅ ပါးစစ္ေဆးရာ ၁၄ ပါး COVID-19 ေရာဂါပိုးေတြ႕ရွိ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၃

ရန္ကုန္ၿမိဳ႕ ေရႊျပည္သာၿမိဳ႕နယ္ ေခမာသိဒၶိမင္းေက်ာင္းစာသင္တိုက္မွ သံဃာေတာ္ ၁၅ ပါး စစ္ေဆးရာ ၁၄ ပါး တြင္ COVID-19 ေရာဂါပိုးေတြ႕ရွိခဲ့ေၾကာင္း ေခမာသိဒၶိမင္းေက်ာင္းစာသင္တိုက္မွ စာခ်နာယကဆရာေတာ္ ဦးတိေလာကမွ ေျပာသည္။

“သူတို႔ တစ္ပါးၿပီး တစ္ပါး ဖ်ားၾကတာေပါ့၊ သံုးေလးရက္ေလာက္ေနေတာ့ အနံမရဘူး ျဖစ္လာၾကတယ္၊ အဲ့ေတာ့ သီးသန္႔ထားလိုက္တယ္၊ အကုန္လံုး ၁၅ ပါးျဖစ္သြားတာေပါ့၊ ၿပီးေတာ့ က်န္းမာေရးဌာနက လာ စစ္တယ္၊ အဲ့မွာ ၁၅ ပါးမွာ ၁၄ ပါးပိုးေတြ႕တယ္လို႔ ေျပာတယ္” စာခ်နာယကဆရာေတာ္ ဦးတိေလာကမွ ေျပာသည္။

ေခမာသိဒၶိမင္းေက်ာင္းစာသင္တိုက္မွ သံဃာေတာ္အခ်ိဳ႕ အန႔ံမရ၍ ၿပီးခဲ့ရက္ပိုင္းတြင္ ၁၅ ပါးအား ေဆးစစ္ရာ ၁၄ပါးတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိခဲ့ရျခင္းျဖစ္ၿပီး လက္ရွိ ပိုးေတြ႕ရွိသည့္ သံဃာေတာ္မ်ားကို သီရိမဂၤလာခန္းမတြင္ ပို႔ေဆာင္ထားၿပီး ကုသမႈခံယူေနလွ်က္ရွိေၾကာင္းလည္း သိရသည္။

အဆိုပါေက်ာင္းတိုက္တြင္ သံဃာအပါး ၁၃၀ ရွိၿပီး လက္ရွိတြင္ ပိုးေတြ႕ရွိသည့္ သံဃာ ၁၄ ပါးအား တပ္မေတာ္မွ အဓိက ကူညီေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

#PeopleMedia #COVID19

(unicode)
ခေမာသိဒ္ဓိမင်းကျောင်းစာသင်တိုက်မှ သံဃာတော် ၁၅ ပါးစစ်ဆေးရာ ၁၄ ပါး COVID-19 ရောဂါပိုးတွေ့ရှိ
………………………………………………….

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ခေမာသိဒ္ဓိမင်းကျောင်းစာသင်တိုက်မှ သံဃာတော် ၁၅ ပါး စစ်ဆေးရာ ၁၄ ပါး တွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ခေမာသိဒ္ဓိမင်းကျောင်းစာသင်တိုက်မှ စာချနာယကဆရာတော် ဦးတိလောကမှ ပြောသည်။

“သူတို့ တစ်ပါးပြီး တစ်ပါး ဖျားကြတာပေါ့၊ သုံးလေးရက်လောက်နေတော့ အနံမရဘူး ဖြစ်လာကြတယ်၊ အဲ့တော့ သီးသန့်ထားလိုက်တယ်၊ အကုန်လုံး ၁၅ ပါးဖြစ်သွားတာပေါ့၊ ပြီးတော့ ကျန်းမာရေးဌာနက လာ စစ်တယ်၊ အဲ့မှာ ၁၅ ပါးမှာ ၁၄ ပါးပိုးတွေ့တယ်လို့ ပြောတယ်” စာချနာယကဆရာတော် ဦးတိလောကမှ ပြောသည်။

ခေမာသိဒ္ဓိမင်းကျောင်းစာသင်တိုက်မှ သံဃာတော်အချို့ အန့ံမရ၍ ပြီးခဲ့ရက်ပိုင်းတွင် ၁၅ ပါးအား ဆေးစစ်ရာ ၁၄ပါးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရခြင်းဖြစ်ပြီး လက်ရှိ ပိုးတွေ့ရှိသည့် သံဃာတော်များကို သီရိမင်္ဂလာခန်းမတွင် ပို့ဆောင်ထားပြီး ကုသမှုခံယူနေလျှက်ရှိကြောင်းလည်း သိရသည်။

အဆိုပါကျောင်းတိုက်တွင် သံဃာအပါး ၁၃၀ ရှိပြီး လက်ရှိတွင် ပိုးတွေ့ရှိသည့် သံဃာ ၁၄ ပါးအား တပ်မတော်မှ အဓိက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

#PeopleMedia #COVID19


Share this post