• Follow Us on

Home ေခါင္လန္ဖူးၿမိဳ႕နယ္တြင္ မဲ႐ုံတာဝန္က်သည့္ ေက်ာင္းဆရာ/ ဆရာမအခ်ိဳ႕ ပူတာအို-ေခါင္လန္ဖူးၾကားတြင္ လမ္းေျမၿပိဳမႈေၾကာင့္ အခက္ေတြ႕ ၊ ဖ်ားနာသူ အခ်ိဳ႕ရွိ

ေခါင္လန္ဖူးၿမိဳ႕နယ္တြင္ မဲ႐ုံတာဝန္က်သည့္ ေက်ာင္းဆရာ/ ဆရာမအခ်ိဳ႕ ပူတာအို-ေခါင္လန္ဖူးၾကားတြင္ လမ္းေျမၿပိဳမႈေၾကာင့္ အခက္ေတြ႕ ၊ ဖ်ားနာသူ အခ်ိဳ႕ရွိ

Share this post

ေခါင္လန္ဖူး၊ ေအာက္တိုဘာ ၂၆
ကခ်င္ျပည္နယ္၊ ပူတာအိုခရိုင္၊ ေခါင္လန္ဖူးၿမိဳ႕နယ္ အတြင္း၌ မဲ႐ုံတာဝန္ သြားေရာက္ ထမ္းေဆာင္ မည့္ ေက်ာင္းဆရာ/ဆရာမမ်ား ပူတာအို-ေခါင္လန္ဖူးၾကား လမ္းပိုင္း ေျမၿပိဳမႈေၾကာင့္ ေခတၱပိတ္မိေနၿပီး ရာသီဥတုဒဏ္ေၾကာင့္ အခ်ိဳ႕က်န္းမာေရး ထိခိုက္သူမ်ားရွိသည္။
ပူတာအိုခရိုင္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ႐ုံး စာရင္းမ်ားရ ေခါင္လန္ဖူးၿမိဳ႕နယ္ အတြင္း မဲ႐ုံတာဝန္ထမ္းေဆာင္မည့္ ေက်ာင္း ဆရာ/ဆရာမ အင္အား (၁၆၀) ေက်ာ္ကို ေစလႊတ္ထားၿပီျဖစ္ေၾကာင္းသိရၿပီး ယင္းေစလြတ္လိုက္သည့္ ေက်ာင္းဆရာ/ဆရာမ အခ်ိဳ႕မွ လက္ရွိတြင္ ပူတာအို-ေခါင္လန္ဖူးၾကား လမ္းပိုင္းတြင္ ဆိုးရြားသည့္ ရာသီဥတုဒဏ္ေၾကာင့္ လမ္းပိုင္း ေျမၿပိဳျခင္း၊ က်န္းမာေရးထိခိုက္ျခင္း စသည့္ အခက္အခဲမ်ားႏွင့္ ၾကဳံေတြ႕ေနရေၾကာင္း ယင္းဆရာ/ဆရာမ မ်ားႏွင့္ အဆက္အသြယ္ ရသည့္ ေခါင္လန္ဖူးေဒသခံ ဦးဇနိမ္ေဖရမ္ကဆိုသည္။
“မိုးက ေန႔၊ ည မစဲ တစ္ပတ္ေလာက္ရြာသြားေတာ့ လမ္းကေတာ္ေတာ္ဆိုးသြားတယ္ တခ်ိဳ႕ကေတာ့ ေရာက္လာၿပီ အမ်ားပိုင္းကေတာ့ မေရာက္လာေသးဘူး။ ေသာင္တင္ေနတယ္။ မိုးရြာေတာ့ လမ္းကေတာင္ၿပိဳတာ၊​ ေျမၿပိဳတာေတြျဖစ္တာ။ အခု ခုႏွစ္ဆယ္ေလာက္ေတာ့ ေရာက္ေနၿပီ အမ်ားပိုင္းက်န္ေသးတယ္”ဟု ၎ေျပာသည္။
လက္ရွိတြင္ ေခါင္လန္ဖူးၿမိဳ႕၌ ဆရာ/ဆရာမ အင္အား(၇၀)ေက်ာ္ခန္႔ေရာက္ရွိလာၿပီး ရာသီဥတုဒဏ္ေၾကာင့္က်န္းမာေရး ထိခိုက္သူ အခ်ိဳ႕သည္ေဆး႐ုံတက္၍ ေဆးကုသမႈခံယူလ်က္ရွိသည္။
“ဒီမွာအခုေရာက္လာတဲ့ လူထဲက သုံးေယာက္ေတာ့ ေဆး႐ုံမွာ။” ဟု ဦးဇနိမ္ေဖရမ္က ေျပာသည္။
က်န္ရွိေနသည့္ ေက်ာင္းဆရာ/ရာမအင္းအား (၈၀)ဦးခန္႔မွာ ေခါင္လန္ဖူးၿမိဳ႕ႏွင့္ မိုင္(၂၀) ခန္႔ေဝးသည့္လမ္းခုလတ္ေနရာတြင္ ေသာင္တင္ေနၿပီး စားနပ္ရိကၡာလည္းျပတ္လပ္နိုင္ေၾကာင္း ဦးဇနိမ္ဖီရမ္ကထည့္သြင္း ေျပာဆိုခဲ့သည္။
“အခက္ခဲမ်ိဳးစုံေတာ့ သူတို႔လည္းၾကဳံမွာပဲ ဒီမွာက မိုးမ်ားတယ္ အစားအေသာက္ကလည္း အဲ့ေလာက္ မေပၚေသးဘူးဆိုေတာ့ သူတို႔လည္း နည္းနည္း ခက္ခဲမွာပဲ။ ဒီမွာေတာ့သူတို႔ ရိကၡာက တာဝန္ရွိတဲ့သူေတြကျပင္ဆင္ေပးထားတယ္တာေပမယ့္ လမ္းမွာေတာ့ ေျပာလို႔မရ ဘူး ေရာင္းတဲ့ လူမရွိဘူးဆိုရင္ေတာ့ျပတ္မွာပဲ”ဟု ၎က ေျပာသည္။
ယင္းကိစၥႏွင့္ ပတ္သက္၍ ယမန္ေန႔က လူမႈကြန္ယက္စာမ်က္ႏွာေပၚတြင္ ေခါင္လန္ဖူး၌ မဲ႐ုံတာဝန္က်သည့္ဆရာ/ဆရာမမ်ား လမ္းခုလတ္တြင္ ကားပ်က္၍ အခက္ေတြ႕​ ေနေၾကာင္း၊ ပိတ္မိေနသည္မွာ ငါးရက္ခန္႔ရွိၿပီ ျဖစ္ေသာေၾကာင့္ ရိကၡာျပတ္၍ ဆန္ျပဳတ္ေသာက္ေနရေၾကာင္း စသည္ျဖင့္ ဆရာ/ဆရာမအခ်ိဳ႕က လူမႈကြန္ယက္၌ ေရးသားထားသည္။
ေခါင္လန္ဖူးၿမိဳ႕နယ္အတြင္း မဲ႐ုံတာဝန္က်သည့္ ယင္းေက်ာင္း ဆရာ/ဆရာမမ်ားကို ေရြးေကာက္ပြဲဆိုရင္ရာ လုပ္ထုံးလုပ္နည္းမ်ားႏွင့္စပ္လ်ဥ္း၍ အသိပညာေပးျခင္းသင္တန္းကို ပူတာအိုၿမိဳ႕၌ ဖြင့္လွစ္ပို႔ခ်ေပး၍ ေစလႊတ္ထားေၾကာင္း ပူတာအိုခရိုင္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံမွ သိရသည္။
“သင္တန္းေပးလိုက္တဲ့ အထဲမွာ ၁၆၁ ေယာက္ကေတာ့ တက္သြားၿပီ က်န္တဲ့ လူေတြကေတာ့ ေခါင္လန္ဖူးေရာက္ေနၿပီ သူတို႔ဘယ္ေန႔ကတက္သြားတယ္ဆိုတာကေတာ့ မသိဘူး အဲ့ဒါကေတာ့ ပညာေရးကပဲ သိမယ္” ပူတာအိုခရိုင္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ႐ုံမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ေဝလံေခါင္သီသည့္ ကခ်င္ျပည္နယ္ ေျမာက္ဖ်ားပိုင္းက ေခါင္လန္ဖူးၿမိဳ႕နယ္တြင္ ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲ၌ ၿမိဳ႕ေပၚ ၄ ရပ္ကြက္ႏွင့္ ေက်းရြာအုပ္စု ၂၃ အုပ္စုအတြင္း မဲ႐ုံ ၃၆ ႐ုံ ဖြင့္လွစ္သြားမည္ ျဖစ္ေၾကာင္းႏွင့္ ေအာက္တိုဘာလ ၁ ရက္ေန႔ ဒုတိယအႀကိမ္မဲစာရင္း ကပ္ထားေၾကညာခ်က္အရ မဲဆႏၵရွင္ ရွစ္ေထာင္ေက်ာ္ရွိသည္။
သတင္း – လြမ္းေအာင္
ဓါတ္ပုံ – ရင္ဆူးခက္
#PeopleMedia #ေခါင္လန္ဖူး
(unicode)
ခေါင်လန်ဖူးမြို့နယ်တွင် မဲရုံတာဝန်ကျသည့် ကျောင်းဆရာ/ ဆရာမအချို့ ပူတာအို-ခေါင်လန်ဖူးကြားတွင် လမ်းမြေပြိုမှုကြောင့် အခက်တွေ့ ၊ ဖျားနာသူ အချို့ရှိ
……………………………………………………………….
ခေါင်လန်ဖူး၊ အောက်တိုဘာ ၂၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် အတွင်း၌ မဲရုံတာဝန် သွားရောက် ထမ်းဆောင် မည့် ကျောင်းဆရာ/ဆရာမများ ပူတာအို-ခေါင်လန်ဖူးကြား လမ်းပိုင်း မြေပြိုမှုကြောင့် ခေတ္တပိတ်မိနေပြီး ရာသီဥတုဒဏ်ကြောင့် အချို့ကျန်းမာရေး ထိခိုက်သူများရှိသည်။
ပူတာအိုခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး စာရင်းများရ ခေါင်လန်ဖူးမြို့နယ် အတွင်း မဲရုံတာဝန်ထမ်းဆောင်မည့် ကျောင်း ဆရာ/ဆရာမ အင်အား (၁၆၀) ကျော်ကို စေလွှတ်ထားပြီဖြစ်ကြောင်းသိရပြီး ယင်းစေလွတ်လိုက်သည့် ကျောင်းဆရာ/ဆရာမ အချို့မှ လက်ရှိတွင် ပူတာအို-ခေါင်လန်ဖူးကြား လမ်းပိုင်းတွင် ဆိုးရွားသည့် ရာသီဥတုဒဏ်ကြောင့် လမ်းပိုင်း မြေပြိုခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ယင်းဆရာ/ဆရာမ များနှင့် အဆက်အသွယ် ရသည့် ခေါင်လန်ဖူးဒေသခံ ဦးဇနိမ်ဖေရမ်ကဆိုသည်။
“မိုးက နေ့၊ ည မစဲ တစ်ပတ်လောက်ရွာသွားတော့ လမ်းကတော်တော်ဆိုးသွားတယ် တချို့ကတော့ ရောက်လာပြီ အများပိုင်းကတော့ မရောက်လာသေးဘူး။ သောင်တင်နေတယ်။ မိုးရွာတော့ လမ်းကတောင်ပြိုတာ၊​ မြေပြိုတာတွေဖြစ်တာ။ အခု ခုနှစ်ဆယ်လောက်တော့ ရောက်နေပြီ အများပိုင်းကျန်သေးတယ်”ဟု ၎င်းပြောသည်။
လက်ရှိတွင် ခေါင်လန်ဖူးမြို့၌ ဆရာ/ဆရာမ အင်အား(၇၀)ကျော်ခန့်ရောက်ရှိလာပြီး ရာသီဥတုဒဏ်ကြောင့်ကျန်းမာရေး ထိခိုက်သူ အချို့သည်ဆေးရုံတက်၍ ဆေးကုသမှုခံယူလျက်ရှိသည်။
“ဒီမှာအခုရောက်လာတဲ့ လူထဲက သုံးယောက်တော့ ဆေးရုံမှာ။” ဟု ဦးဇနိမ်ဖေရမ်က ပြောသည်။
ကျန်ရှိနေသည့် ကျောင်းဆရာ/ရာမအင်းအား (၈၀)ဦးခန့်မှာ ခေါင်လန်ဖူးမြို့နှင့် မိုင်(၂၀) ခန့်ဝေးသည့်လမ်းခုလတ်နေရာတွင် သောင်တင်နေပြီး စားနပ်ရိက္ခာလည်းပြတ်လပ်နိုင်ကြောင်း ဦးဇနိမ်ဖီရမ်ကထည့်သွင်း ပြောဆိုခဲ့သည်။
“အခက်ခဲမျိုးစုံတော့ သူတို့လည်းကြုံမှာပဲ ဒီမှာက မိုးများတယ် အစားအသောက်ကလည်း အဲ့လောက် မပေါ်သေးဘူးဆိုတော့ သူတို့လည်း နည်းနည်း ခက်ခဲမှာပဲ။ ဒီမှာတော့သူတို့ ရိက္ခာက တာဝန်ရှိတဲ့သူတွေကပြင်ဆင်ပေးထားတယ်တာပေမယ့် လမ်းမှာတော့ ပြောလို့မရ ဘူး ရောင်းတဲ့ လူမရှိဘူးဆိုရင်တော့ပြတ်မှာပဲ”ဟု ၎င်းက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ယမန်နေ့က လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ခေါင်လန်ဖူး၌ မဲရုံတာဝန်ကျသည့်ဆရာ/ဆရာမများ လမ်းခုလတ်တွင် ကားပျက်၍ အခက်တွေ့​ နေကြောင်း၊ ပိတ်မိနေသည်မှာ ငါးရက်ခန့်ရှိပြီ ဖြစ်သောကြောင့် ရိက္ခာပြတ်၍ ဆန်ပြုတ်သောက်နေရကြောင်း စသည်ဖြင့် ဆရာ/ဆရာမအချို့က လူမှုကွန်ယက်၌ ရေးသားထားသည်။
ခေါင်လန်ဖူးမြို့နယ်အတွင်း မဲရုံတာဝန်ကျသည့် ယင်းကျောင်း ဆရာ/ဆရာမများကို ရွေးကောက်ပွဲဆိုရင်ရာ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဥ်း၍ အသိပညာပေးခြင်းသင်တန်းကို ပူတာအိုမြို့၌ ဖွင့်လှစ်ပို့ချပေး၍ စေလွှတ်ထားကြောင်း ပူတာအိုခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံမှ သိရသည်။
“သင်တန်းပေးလိုက်တဲ့ အထဲမှာ ၁၆၁ ယောက်ကတော့ တက်သွားပြီ ကျန်တဲ့ လူတွေကတော့ ခေါင်လန်ဖူးရောက်နေပြီ သူတို့ဘယ်နေ့ကတက်သွားတယ်ဆိုတာကတော့ မသိဘူး အဲ့ဒါကတော့ ပညာရေးကပဲ သိမယ်” ပူတာအိုခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဝေလံခေါင်သီသည့် ကချင်ပြည်နယ် မြောက်ဖျားပိုင်းက ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၃ အုပ်စုအတွင်း မဲရုံ ၃၆ ရုံ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းနှင့် အောက်တိုဘာလ ၁ ရက်နေ့ ဒုတိယအကြိမ်မဲစာရင်း ကပ်ထားကြေညာချက်အရ မဲဆန္ဒရှင် ရှစ်ထောင်ကျော်ရှိသည်။
သတင်း – လွမ်းအောင်
ဓါတ်ပုံ – ရင်ဆူးခက်
#PeopleMedia #ခေါင်လန်ဖူး


Share this post