• Follow Us on

Home ေခါင္လန္ဖူး-မေဂြဇ-ပူတာအိုလမ္း ကားတစ္စီးေခ်ာက္ထဲက်၊ လူ ၅ ဦး ေသဆုံး

ေခါင္လန္ဖူး-မေဂြဇ-ပူတာအိုလမ္း ကားတစ္စီးေခ်ာက္ထဲက်၊ လူ ၅ ဦး ေသဆုံး

Share this post

ပူတာအို၊ ႏိုဝင္ဘာ – ၂၉

ပူတာအိုခ႐ိုင္၊ ေနာင္မြန္ၿမိဳ႕နယ္၊ ေခါင္လန္ဖူး-မေဂြဇ-ပူတာအိုလမ္းေပၚ ငါ႔လုံဘိုတဲ ကုန္းဆင္းအနီးတြင္ ယမန္ေန႔က လူ(၈)ဦး တင္ေဆာင္လာေသာ NOAH ကားအမ်ိဳးအစား ေမာ္ေတာ္ယာဥ္တစ္စီး ေခ်ာက္ ကမ္းပါးထဲသို႔ ထိုးက်တိမ္းေမွာက္၍ လူ ၅ ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

အဆိုပါကားသည္ ေခါင္လန္ဖူး-မေဂြဇ-ပူတာအိုလမ္းေပၚရွိ မိုင္တိုင္၂၅ ႏွင့္ မိုင္တိုင္ ၂၆ ၾကားတြင္ အရွိန္မထိန္းႏိုင္ဘဲ ေခ်ာက္ကမ္းပါးအတြင္း ထိုးက်တိမ္းေမွာက္ခဲ့ရာမွ လူ ၄ ဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့ၿပီး က်န္တစ္ဦးမွာ ေနာင္မြန္ၿမိဳ႕နယ္ ျပည္သူေဆး႐ုံသို႔ ပို႔ေဆာင္ရာတြင္ ေသဆုံးသြားျခင္းျဖစ္သည္။

ႏိုဝင္ဘာလ(၂၈)ရက္ ေန႔လည္ ၁၂ နာရီေက်ာ္တြင္ ေခါင္လန္ဖူးၿမိဳ႕နယ္ဘက္မွ ပူတာအိုၿမိဳ႕ဘက္သို႔ က်ား(၃)ဦး၊ မ(၅)ဦး တင္ေဆာင္၍ ဦးငြားဂြၽန္းစီ (၂၅)ႏွစ္ခန္႔ ေမာင္းႏွင္လာေသာ ယာဉ္အမွတ္ 9C/****သည္ ေခ်ာက္ကမ္း ပါး အတြင္း ထိုးက်တိမ္းေမွာက္ခဲ့ရာ ယာဥ္ေပၚပါလာသည့္ က်ား(၂)ဦး၊ မ(၃)ဦး ေသဆုံးခဲ့ကာ က်န္(၃)ဦးမွာ လည္း ေနာင္မြန္ျပည္သူ႕ေဆး႐ုံတြင္ အတြင္းလူနာအျဖစ္ ေဆးကုသမႈခံယူလ်က္ရွိေၾကာင္းႏွင့္ ယာဥ္ေမာင္းျဖစ္ သူမွာ ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း ရဲမွတ္တမ္းမ်ားအရသိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ထြက္ေျပးတိမ္းေရွာင္သြားသည့္ ယာဉ္ေမာင္း ဦးငြားဂြၽန္းစီအား ဖမ္းဆီးရမိေရးအတြက္ ေနာင္မြန္ၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းမွ ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

မီးမီး

#PeopleMedia #EPN

(Unicode)
ခေါင်လန်ဖူး-မဂွေဇ-ပူတာအိုလမ်း ကားတစ်စီးချောက်ထဲကျ၊ လူ ၅ ဦး သေဆုံး
…………………………………………………………

ပူတာအို၊ နိုဝင်ဘာ – ၂၉

ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၊ ခေါင်လန်ဖူး-မဂွေဇ-ပူတာအိုလမ်းပေါ် ငါ့လုံဘိုတဲ ကုန်းဆင်းအနီးတွင် ယမန်နေ့က လူ(၈)ဦး တင်ဆောင်လာသော NOAH ကားအမျိုးအစား မော်တော်ယာဉ်တစ်စီး ချောက် ကမ်းပါးထဲသို့ ထိုးကျတိမ်းမှောက်၍ လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါကားသည် ခေါင်လန်ဖူး-မဂွေဇ-ပူတာအိုလမ်းပေါ်ရှိ မိုင်တိုင်၂၅ နှင့် မိုင်တိုင် ၂၆ ကြားတွင် အရှိန်မထိန်းနိုင်ဘဲ ချောက်ကမ်းပါးအတွင်း ထိုးကျတိမ်းမှောက်ခဲ့ရာမှ လူ ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ နောင်မွန်မြို့နယ် ပြည်သူဆေးရုံသို့ ပို့ဆောင်ရာတွင် သေဆုံးသွားခြင်းဖြစ်သည်။

နိုဝင်ဘာလ(၂၈)ရက် နေ့လည် ၁၂ နာရီကျော်တွင် ခေါင်လန်ဖူးမြို့နယ်ဘက်မှ ပူတာအိုမြို့ဘက်သို့ ကျား(၃)ဦး၊ မ(၅)ဦး တင်ဆောင်၍ ဦးငွားဂျွန်းစီ (၂၅)နှစ်ခန့် မောင်းနှင်လာသော ယာဉ်အမှတ် 9C/****သည် ချောက်ကမ်း ပါး အတွင်း ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါလာသည့် ကျား(၂)ဦး၊ မ(၃)ဦး သေဆုံးခဲ့ကာ ကျန်(၃)ဦးမှာ လည်း နောင်မွန်ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် ယာဉ်မောင်းဖြစ် သူမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ရဲမှတ်တမ်းများအရသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်သွားသည့် ယာဉ်မောင်း ဦးငွားဂျွန်းစီအား ဖမ်းဆီးရမိရေးအတွက် နောင်မွန်မြို့နယ် မြို့မရဲစခန်းမှ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မီးမီး

#PeopleMedia #EPN


Share this post