• Follow Us on
Latest News

Home ေခါင္လန္​ဖူးၿမိဳ႕နယ္တြင္ မဲ႐ုံတာဝန္က်သည့္ ဆရာမအခ်ိဳ႕ က်န္းမာေရး မေကာင္း၍ လမ္းတစ္ဝက္မွ ျပန္လာ

ေခါင္လန္​ဖူးၿမိဳ႕နယ္တြင္ မဲ႐ုံတာဝန္က်သည့္ ဆရာမအခ်ိဳ႕ က်န္းမာေရး မေကာင္း၍ လမ္းတစ္ဝက္မွ ျပန္လာ

Share this post

ေခါင္လန္ဖူး၊ ေအာက္တိုဘာ ၂၈
ကခ်င္ျပည္နယ္၊ ေခါင္လန္ဖူးၿမိဳ႕နယ္၌ မဲ႐ုံတာဝန္က်သည့္ ဆရာမအခ်ိဳ႕ က်န္းမာေရး မေကာင္း၍ လမ္းတစ္ဝက္ကျပန္လာသူ ၄ ဦး ရွိေၾကာင္း ကခ်င္ျပည္နယ္ ပညာေရးမႉး႐ုံးမွ သိရသည္။
ေခါင္လန္ဖူးၿမိဳ႕နယ္အတြင္း မဲ႐ုံတာဝန္ထမ္း ေဆာင္ရန္သြားသည့္ ဆရာ/ဆရာမ အင္အား (၁၆၁)ရွိေၾကာင္း ပူတာအိုခရိုင္ ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ႐ုံး စာရင္းမ်ားအရ သိရၿပီး ယင္းအနက္ ဆရာမ ၄ ဦးမွာ ရာသီဥတုဒဏ္ႏွင့္ လမ္းခရီး အခက္အခဲ မ်ားေၾကာင့္ ေနမေကာင္းျဖစ္၍ ေခါင္လန္ဖူးမွ ျပန္လာကာ လက္ရွိေဆး႐ုံ၌ ကုသမႈခံယူေနေၾကာင္း ကခ်င္ျပည္နယ္ပညာေရးမႉး ေဒၚ ခင္သန္းႏြဲ႕ကဆိုသည္။
“သုံးေယာက္ကေတာ့ ပူတာအိုမွာပဲေဆး႐ုံတင္ထားပါတယ္။ သူတို႔သုံးေယာက္ထဲက တစ္ေယာက္ကအစာအိမ္နာတာေပါ့။ က်န္တဲ့ႏွစ္ေယာက္ကေတာ့ ရိုးရိုးဖ်ားတာပါ။ ေနာက္တစ္ေယာက္ ကေတာ့ ဦးေႏွာက္အေမွးပါး ေယာင္တယ္လို႔ယူဆရတဲ့အတြက္ တပ္မေတာ္ ရဟတ္ယာဥ္နဲ႔ပဲ ျမစ္ႀကီးနားကို ေခၚခဲ့ၿပီး​ေတာ့ အခုျမစ္ႀကီးနားေဆး႐ုံမွာပဲ ေဆးကုေနပါတယ္ သူလည္းေလာေလာဆယ္ အထိေတာ့ အ​ေျခအေန ေကာင္းပါတယ္။ ဟိုမွာတုန္းကေတာ့ သူက သတိရလိုက္ မရလိုက္ဆို ေပမယ့္ အခုေတာ့ ေကာင္းေကာင္း သတိရ ေနပါၿပီ” ဟု ဆရာမႀကီးေဒၚခင္သန္းႏြဲ႕က ေျပာသည္။
ေခါင္လန္ဖူးၿမိဳ႕နယ္အတြင္း မဲ႐ုံတာဝန္ထမ္းေဆာင္ရန္ ေစလႊတ္လိုက္သည့္ ဆရာ/ဆရာမ အားလုံးမွာ လက္ရ္ွိတြင္ ေခါင္လန္ဖူးၿမိဳ႕၌ ေရာက္ရွိေနၿပီ ျဖစ္ေၾကာင္း သိရၿပီး ယင္းအနက္ က်န္မာေရးမေကာင္း၍ ျပန္လာသူမ်ားမွာ အဆိုပါ ၄ ဥိိီးသာရွိေၾကာင္း ျပည္နယ္ပညာေရးမႉးက ထည့္သြင္းေျပာဆိုခဲ့သည္။
ဤသို႔ က်န္းမာေရး ထိခိုက္ရျခင္းမွာ လမ္းခရီးၾကမ္းတမ္းျခင္းႏွင့္ ယင္းဆရာ/ဆရာမ မ်ားတက္လာစဥ္လမ္းခရိီး တစ္ေလၽွာက္လုံးမိုးသည္းထန္စြာ ရြာသြန္းျခင္း စသည့္ အခက္အခဲမ်ားေၾကာင့္ ျဖစ္နိုင္ေၾကာင္း ယင္းဆရာ/ဆရာမ မ်ားႏွင့္ဆက္သြယ္ရရွိသည့္ ေခါင္လန္ဖူး ေဒသခံတစ္ဦးက ဆိုသည္။
“သူတို႔က ေျခခ်င္ပဲ အားလုံးကေျခခ်င္နဲ႔လာတယ္ ကားေပါက္တဲ့ထိေတာ့ ကားနဲ႔လာၿပီး ဒီဘက္ေတာ့ ေျခခ်င္နဲ႔ပဲ လာရတယ္။ ေန႔၊ ည မစဲ တစ္ပတ္ေလာက္မိုးရြာသြားေတာ့ လမ္းက ေတာ္ေတာ္ဆိုးသြားတယ္။မိုးရြာေတာ့ လမ္းကေတာင္ၿပိဳတာ၊​ေျမၿပိဳတာေတြျဖစ္တာ။ အခက္အခဲအမ်ိဳးမ်ိဳး သူတို႔ၾကဳံမွာပဲ ”ဟု ေဒသခံ ဦးဇနိမ္ေဖရမ္က ေျပာသည္။
လက္ရွိ ေဆးကုသမႈခံယူေနသည့္ မဲ႐ုံတာဝန္က် ဆရာ/ဆရာမမ်ား က်န္းမာေရး အေျခအေန ျပန္လည္ ေကာင္းမြန္လာလ်င္လည္းျပန္လည္ေစလႊတ္ေတာ့မည္ မဟုတ္ေၾကာင္းျပည္နယ္ပညာေရးမႉး ေဒၚခင္သန္းႏြဲ႕က ဆိုသည္။
“သူတို႔က ပူတာအိုမွာ ေရာက္ေနၿပီးသားဆိုေတာ့ ဟိုဘက္ကို ဆက္ၿပီး ပို႔ဖို႔ေတာ့ အစီအစဥ္မရွိေတာ့ပါဘူး။ဘာလို႔ဆိုေတာ့ မဲ႐ုံတာဝန္ကိုလည္း အရံထားထားတဲ့လူနဲ႔ အစားထိုးထားၿပီးပါၿပီ”ဟု ၎က ေျပာသည္။
ေခါင္လန္ဖူးၿမိဳ႕နယ္တြင္ ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲ၌ ၿမိဳ႕ေပၚ ၄ ရပ္ကြက္ႏွင့္ ေက်းရြာအုပ္စု ၂၃ အုပ္စုအတြင္း မဲ႐ုံ ၃၆ ႐ုံ ဖြင့္လွစ္သြားမည္ ျဖစ္ေၾကာင္းႏွင့္ ေအာက္တိုဘာလ ၁ ရက္ေန႔ ဒုတိယအႀကိမ္မဲစာရင္း ကပ္ထားေၾကညာခ်က္အရ မဲဆႏၵရွင္ ရွစ္ေထာင္ေက်ာ္ရွိေၾကာင္း သိရသည္။
ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ ပူတာအိုခရိုင္တြင္ ေရြးေကာက္ပြဲမက်င္းပနိုင္သည့္ေက်းရြာအုပ္စု (၄၃)စုရွိၿပီး ဆြမ္ပရာဘြမ္ၿမိဳ႕နယ္မွေက်းရြာအုပ္စု (၃၁)စု၊ မခ်မ္းေဘာ့ၿမိဳ႕နယ္မွ ေက်းရြာအုပ္စု(၁၁)ပါဝင္ၿပီး ေခါင္လန္ဖူးၿမိဳ႕နယ္တြင္ မေရွာ့ခူးေက်းရြာအုပ္စု တစ္စုသာရွိေၾကာင္း သိရသည္။
သတင္း – လြမ္းေအာင္
ဓါတ္ပုံ – ရင္ဆူးခက္
(ေခါင္လန္ဖူးၿမိဳ႕နယ္သို႔ မဲ႐ုံတာဝန္က်ဆရာ/ဆရာမမ်ားအား လမ္းခရီးတစ္ေနရာ၌ ျမင္ေတြ႕ရစဥ္)
#PeopleMedia #2020election #ေခါင္လန္ဖူး
(unicode)
ခေါင်လန်​ဖူးမြို့နယ်တွင် မဲရုံတာဝန်ကျသည့် ဆရာမအချို့ ကျန်းမာရေး မကောင်း၍ လမ်းတစ်ဝက်မှ ပြန်လာ
…………………………………………………………
ခေါင်လန်ဖူး၊ အောက်တိုဘာ ၂၈
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်၌ မဲရုံတာဝန်ကျသည့် ဆရာမအချို့ ကျန်းမာရေး မကောင်း၍ လမ်းတစ်ဝက်ကပြန်လာသူ ၄ ဦး ရှိကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
ခေါင်လန်ဖူးမြို့နယ်အတွင်း မဲရုံတာဝန်ထမ်း ဆောင်ရန်သွားသည့် ဆရာ/ဆရာမ အင်အား (၁၆၁)ရှိကြောင်း ပူတာအိုခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး စာရင်းများအရ သိရပြီး ယင်းအနက် ဆရာမ ၄ ဦးမှာ ရာသီဥတုဒဏ်နှင့် လမ်းခရီး အခက်အခဲ များကြောင့် နေမကောင်းဖြစ်၍ ခေါင်လန်ဖူးမှ ပြန်လာကာ လက်ရှိဆေးရုံ၌ ကုသမှုခံယူနေကြောင်း ကချင်ပြည်နယ်ပညာရေးမှူး ဒေါ် ခင်သန်းနွဲ့ကဆိုသည်။
“သုံးယောက်ကတော့ ပူတာအိုမှာပဲဆေးရုံတင်ထားပါတယ်။ သူတို့သုံးယောက်ထဲက တစ်ယောက်ကအစာအိမ်နာတာပေါ့။ ကျန်တဲ့နှစ်ယောက်ကတော့ ရိုးရိုးဖျားတာပါ။ နောက်တစ်ယောက် ကတော့ ဦးနှောက်အမှေးပါး ယောင်တယ်လို့ယူဆရတဲ့အတွက် တပ်မတော် ရဟတ်ယာဥ်နဲ့ပဲ မြစ်ကြီးနားကို ခေါ်ခဲ့ပြီး​တော့ အခုမြစ်ကြီးနားဆေးရုံမှာပဲ ဆေးကုနေပါတယ် သူလည်းလောလောဆယ် အထိတော့ အ​ခြေအနေ ကောင်းပါတယ်။ ဟိုမှာတုန်းကတော့ သူက သတိရလိုက် မရလိုက်ဆို ပေမယ့် အခုတော့ ကောင်းကောင်း သတိရ နေပါပြီ” ဟု ဆရာမကြီးဒေါ်ခင်သန်းနွဲ့က ပြောသည်။
ခေါင်လန်ဖူးမြို့နယ်အတွင်း မဲရုံတာဝန်ထမ်းဆောင်ရန် စေလွှတ်လိုက်သည့် ဆရာ/ဆရာမ အားလုံးမှာ လက်ရ်ှိတွင် ခေါင်လန်ဖူးမြို့၌ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရပြီး ယင်းအနက် ကျန်မာရေးမကောင်း၍ ပြန်လာသူများမှာ အဆိုပါ ၄ ဥိိီးသာရှိကြောင်း ပြည်နယ်ပညာရေးမှူးက ထည့်သွင်းပြောဆိုခဲ့သည်။
ဤသို့ ကျန်းမာရေး ထိခိုက်ရခြင်းမှာ လမ်းခရီးကြမ်းတမ်းခြင်းနှင့် ယင်းဆရာ/ဆရာမ များတက်လာစဥ်လမ်းခရိီး တစ်လျှောက်လုံးမိုးသည်းထန်စွာ ရွာသွန်းခြင်း စသည့် အခက်အခဲများကြောင့် ဖြစ်နိုင်ကြောင်း ယင်းဆရာ/ဆရာမ များနှင့်ဆက်သွယ်ရရှိသည့် ခေါင်လန်ဖူး ဒေသခံတစ်ဦးက ဆိုသည်။
“သူတို့က ခြေချင်ပဲ အားလုံးကခြေချင်နဲ့လာတယ် ကားပေါက်တဲ့ထိတော့ ကားနဲ့လာပြီး ဒီဘက်တော့ ခြေချင်နဲ့ပဲ လာရတယ်။ နေ့၊ ည မစဲ တစ်ပတ်လောက်မိုးရွာသွားတော့ လမ်းက တော်တော်ဆိုးသွားတယ်။မိုးရွာတော့ လမ်းကတောင်ပြိုတာ၊​မြေပြိုတာတွေဖြစ်တာ။ အခက်အခဲအမျိုးမျိုး သူတို့ကြုံမှာပဲ ”ဟု ဒေသခံ ဦးဇနိမ်ဖေရမ်က ပြောသည်။
လက်ရှိ ဆေးကုသမှုခံယူနေသည့် မဲရုံတာဝန်ကျ ဆရာ/ဆရာမများ ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာလျင်လည်းပြန်လည်စေလွှတ်တော့မည် မဟုတ်ကြောင်းပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့က ဆိုသည်။
“သူတို့က ပူတာအိုမှာ ရောက်နေပြီးသားဆိုတော့ ဟိုဘက်ကို ဆက်ပြီး ပို့ဖို့တော့ အစီအစဥ်မရှိတော့ပါဘူး။ဘာလို့ဆိုတော့ မဲရုံတာဝန်ကိုလည်း အရံထားထားတဲ့လူနဲ့ အစားထိုးထားပြီးပါပြီ”ဟု ၎င်းက ပြောသည်။
ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၃ အုပ်စုအတွင်း မဲရုံ ၃၆ ရုံ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းနှင့် အောက်တိုဘာလ ၁ ရက်နေ့ ဒုတိယအကြိမ်မဲစာရင်း ကပ်ထားကြေညာချက်အရ မဲဆန္ဒရှင် ရှစ်ထောင်ကျော်ရှိကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ပူတာအိုခရိုင်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့်ကျေးရွာအုပ်စု (၄၃)စုရှိပြီး ဆွမ်ပရာဘွမ်မြို့နယ်မှကျေးရွာအုပ်စု (၃၁)စု၊ မချမ်းဘော့မြို့နယ်မှ ကျေးရွာအုပ်စု(၁၁)ပါဝင်ပြီး ခေါင်လန်ဖူးမြို့နယ်တွင် မရှော့ခူးကျေးရွာအုပ်စု တစ်စုသာရှိကြောင်း သိရသည်။
သတင်း – လွမ်းအောင်
ဓါတ်ပုံ – ရင်ဆူးခက်
(ခေါင်လန်ဖူးမြို့နယ်သို့ မဲရုံတာဝန်ကျဆရာ/ဆရာမများအား လမ်းခရီးတစ်နေရာ၌ မြင်တွေ့ရစဥ်)

Share this post