• Follow Us on

Home ေခါင္းစြပ္ျဖင့္စြပ္ထားၿပီးေနာက္ လူမည္းအမ်ိဳးသားေသဆံုးသျဖင့္ ရဲအရာ႐ွိမ်ားကို ၿမိဳ႕၀န္က ရာထူးမွရပ္ဆိုင္း

ေခါင္းစြပ္ျဖင့္စြပ္ထားၿပီးေနာက္ လူမည္းအမ်ိဳးသားေသဆံုးသျဖင့္ ရဲအရာ႐ွိမ်ားကို ၿမိဳ႕၀န္က ရာထူးမွရပ္ဆိုင္း

Share this post

နယူးေယာက္၊ စက္တင္ဘာ ၄

ထိန္းသိမ္းခံရၿပီးေနာက္ အသက္႐ွဴရပ္ေသဆံုးခဲ့သည့္လက္နက္မဲ့လူမည္းအမ်ိဳးသားတစ္ေယာက္ေသ ဆံုးခဲ့ျခင္းေၾကာင့္ အေမရိကန္ရဲအရာ႐ွိ ၇ ေယာက္ကို ရာထူးမွရပ္ဆိုင္းလိုက္သည္။

စိတ္က်န္းမာေရးျပႆနာ႐ွိသည့္ ဒန္နီရယ္ ပ႐ုဒ္ကို ထိန္းသိမ္းခံသူမ်ားကအရာ႐ွိမ်ားကို တံေတြးျဖင့္ ေထြးမႈကာကြယ္ရန္၀တ္ဆင္ေပးသည့္ေခါင္းစြပ္ျဖင့္စြပ္ထားၿပီးေနာက္ ေသဆံုးခဲ့သည္။

စနစ္တက်လူမ်ိဳးေရးခြဲျခားမႈေၾကာင့္ ေသဆံုးခဲ့ျခင္းျဖစ္သည္ဟု ရာထူးမွရပ္ဆိုင္းေၾကာင္းေၾကညာသည့္ ႐ိုခ်က္စတာၿမိဳ႕ေတာ္၀န္ လက္ဗလီ ဝါရင္ကေျပာသည္။

မတ္လတြင္ မစၥတာပ႐ုဒ္ေသဆံုးခဲ့ျခင္းျဖစ္ေသာ္လည္း ယခုတစ္ပတ္တြင္မွေသဆံုးမႈကို အစီရင္ခံခဲ့ျခင္း ျဖစ္သည္။

အေမရိကန္တစ္ႏိုင္ငံလံုးႏွင့္ ႏိုင္ငံတကာတြင္ လူမ်ိဳးေရးခြဲျခားမႈႏွင့္ ရဲမ်ားရက္စက္ၾကမ္းၾကဳတ္မႈဆန္႔က်င္ေရး ဆႏၵျပမႈမ်ားအစပ်ိဳးေစခဲ့သည့္ ေဂ်ာ့ ဖလြိဳက္ေသဆံုးမႈမတိုင္မီ ၂ လအလိုတြင္ အသက္ ၄၁ ႏွစ္အ႐ြယ္ ပ႐ုဒ္ ေသဆံုးခဲ့ျခင္းျဖစ္သည္။

သူေသဆံုးမႈသည္လည္း ေဂ်ာ့ဖလြိဳက္ေသဆံုးမႈႏွင့္အလားတူျဖစ္ရပ္ျဖစ္ၿပီး ျဖစ္ရပ္ ၂ ခုစလံုးတြင္ အရာ႐ွိမ်ားက ေသဆံုးသူမ်ားကို ေျမျပင္ေပၚတြင္ဖိထားသည္။

ရဲအရာ႐ွိ ၇ ေယာက္ကို ရာထူးမွရပ္ဆိုင္းျခင္းသည္ မစၥတာပ႐ုဒ္ေသဆံုးၿပီးေနာက္ ပထမဆံုးစည္းကမ္း အရအေရးယူမႈျဖစ္သည္။

Ref : Daniel Prude: Mayor suspends officers in ‘spit hood’ death

#PeopleMedia

(unicode)
ခေါင်းစွပ်ဖြင့်စွပ်ထားပြီးနောက် လူမည်းအမျိုးသားသေဆုံးသဖြင့် ရဲအရာရှိများကို မြို့ဝန်က ရာထူးမှရပ်ဆိုင်း
……………………………………………………….

နယူးယောက်၊ စက်တင်ဘာ ၄

ထိန်းသိမ်းခံရပြီးနောက် အသက်ရှူရပ်သေဆုံးခဲ့သည့်လက်နက်မဲ့လူမည်းအမျိုးသားတစ်ယောက်သေ ဆုံးခဲ့ခြင်းကြောင့် အမေရိကန်ရဲအရာရှိ ၇ ယောက်ကို ရာထူးမှရပ်ဆိုင်းလိုက်သည်။

စိတ်ကျန်းမာရေးပြဿနာရှိသည့် ဒန်နီရယ် ပရုဒ်ကို ထိန်းသိမ်းခံသူများကအရာရှိများကို တံတွေးဖြင့် ထွေးမှုကာကွယ်ရန်ဝတ်ဆင်ပေးသည့်ခေါင်းစွပ်ဖြင့်စွပ်ထားပြီးနောက် သေဆုံးခဲ့သည်။

စနစ်တကျလူမျိုးရေးခွဲခြားမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရာထူးမှရပ်ဆိုင်းကြောင်းကြေညာသည့် ရိုချက်စတာမြို့တော်ဝန် လက်ဗလီ ဝါရင်ကပြောသည်။

မတ်လတွင် မစ္စတာပရုဒ်သေဆုံးခဲ့ခြင်းဖြစ်သော်လည်း ယခုတစ်ပတ်တွင်မှသေဆုံးမှုကို အစီရင်ခံခဲ့ခြင်း ဖြစ်သည်။

အမေရိကန်တစ်နိုင်ငံလုံးနှင့် နိုင်ငံတကာတွင် လူမျိုးရေးခွဲခြားမှုနှင့် ရဲများရက်စက်ကြမ်းကြုတ်မှုဆန့်ကျင်ရေး ဆန္ဒပြမှုများအစပျိုးစေခဲ့သည့် ဂျော့ ဖလွိုက်သေဆုံးမှုမတိုင်မီ ၂ လအလိုတွင် အသက် ၄၁ နှစ်အရွယ် ပရုဒ် သေဆုံးခဲ့ခြင်းဖြစ်သည်။

သူသေဆုံးမှုသည်လည်း ဂျော့ဖလွိုက်သေဆုံးမှုနှင့်အလားတူဖြစ်ရပ်ဖြစ်ပြီး ဖြစ်ရပ် ၂ ခုစလုံးတွင် အရာရှိများက သေဆုံးသူများကို မြေပြင်ပေါ်တွင်ဖိထားသည်။

ရဲအရာရှိ ၇ ယောက်ကို ရာထူးမှရပ်ဆိုင်းခြင်းသည် မစ္စတာပရုဒ်သေဆုံးပြီးနောက် ပထမဆုံးစည်းကမ်း အရအရေးယူမှုဖြစ်သည်။

Ref : Daniel Prude: Mayor suspends officers in ‘spit hood’ death

#PeopleMedia


Share this post