• Follow Us on

Home ခေါင်းဆောင်များရွေးချယ်ရန် ဗီယက်နမ်ကွန်မြူနစ်ပါတီညီလာခံကျင်းပ

ခေါင်းဆောင်များရွေးချယ်ရန် ဗီယက်နမ်ကွန်မြူနစ်ပါတီညီလာခံကျင်းပ

Share this post

ဟိုချီမင်း၊ ဇန်နဝါရီ ၂၅
ဗီယက်နမ်နိုင်ငံတွင် နောက်ထပ် ၅ နှစ်တာ နိုင်ငံကိုဦးဆောင်မည့်သူများကိုရွေးချယ်မည့် ကွန်မြူနစ်ပါတီ ညီလာခံကျင်းပနေသည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကိုအောင်မြင်စွာရင်ဆိုင်နိုင်ခြင်းနှင့် ပွင့်လင်းလာ သည့်စီးပွားရေးတို့အတွက် ဦးဆောင်ရမည့်ခေါင်းဆောင်များကို ရွေးချယ်နေခြင်းဖြစ်သည်။
ဗီယက်နမ်သည် အာရှတွင် စီးပွားရေးအမြန်ဆုံးတိုးတက်နေသည့်နိုင်ငံဖြစ်ပြီး ဒေသတွင်းတည်ငြိမ်မှုအခရာ နေရာဖြစ်သည်။ တရုတ်နိုင်ငံကဲ့သို့ ကွန်မြူနစ်ဝတ်ရုံအောက်ရှိ တိုးတက်နေသည့်အရင်းရှင်နိုင်ငံဖြစ်သည်။
တရုတ်သာမက အမေရိကန်နှင့်ပါ ဆက်ဆံရေးတည်ထောင်ထားပြီး ကောင်းမွန်သောမဟာဗျူဟာမြောက် နိုင်ငံအဖြစ် တွန်းပို့ထားသည်။
စီးပွားရေးအရ ဗီယက်နမ်သည် ထိုမဟာအင်အားကြီးနိုင်ငံ ၂ နိုင်ငံနှင့်ကောင်းမွန်သောဆက်ဆံရေးရှိကာ လက်ရှိအမေရိကန်-တရုတ်ကုန်သွယ်ရေးအငြင်းပွားမှုများကြောင့် ပိုကောင်းသည့်နေရာတခုတွင်ရောက် ရှိနေသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်မှုများကို အနိမ့်ဆုံးလျှော့ချထားနိုင်သည့် တနိုင်ငံတည်းသော အရှေ့တောင်အာရှနိုင်ငံဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း အတော်အသင့်စီးပွားရေးတိုးတက်မှုရှိခဲ့သည်။
စစ်ရေးအရ ဗီယက်နမ်သည် တရုတ်နှင့်အမေရိကန်ကြား နူးညံ့စွာလျှောက်လှမ်းနေသည်။
Ref : Vietnam’s party congress picks new communist leaders
#PeopleMedia
(unicode)
………………………………………
Ref : Vietnam’s party congress picks new communist leaders
#PeopleMedia


Share this post