• Follow Us on

Home ချောက်မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ်(၅)ခု ဖျက်စီးခံရ၊ တရားမျှတမှုရရှိရန် UEC ကို တိုင်ကြားထားဟုဆို


Share this post

ရန်ကုန်၊ အောက်တိုဘာ – ၃
 
 
 
 
 
(Unicode)
ချောက်မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ်(၅)ခု ဖျက်စီးခံရ၊ တရားမျှတမှုရရှိရန် UEC ကို တိုင်ကြားထားဟုဆို
………………………………………………
 
ရန်ကုန်၊ အောက်တိုဘာ – ၃
 
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ်(၅)ခု ဖျက်စီးခံခဲ့ ရတယ်လို့ ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးက ပြောပါတယ်။
 
ချောက်မြို့နယ်ရှိ ပါတီဆိုင်းဘုတ်(၅)ခုကို (စက်တင်ဘာ ၂၆ ရက်နေ့မှ စတင်ပြီး ၂၉ ရက်နေ့)အထိ ဖျက် စီးခံခဲ့ရသည့်အပေါ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတယ်လို့ ၎င်းက ပြောပါတယ်။
 
အလားတူ တိုင်းဒေသကြီး ပြည်နယ်များ၌ USDP ပါတီ၊ NLD ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ အပါအဝင် အခြားနိုင်ငံရေးပါတီဆိုင်းဘုတ်များ ဖျက်စီးခံရမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
 
#PeopleMedia #2020election #ချောက်မြို့

Share this post