• Follow Us on

Home ေခ်ာက္ၿမိဳ႕ရွိ ဓာတ္အားခြဲ႐ုံ ထရန္စေဖာ္မာမွ ေၾကးႀကိဳးမ်ားျဖတ္ေတာက္ ခိုးယူသူႏွစ္ဦးဖမ္းမိ

ေခ်ာက္ၿမိဳ႕ရွိ ဓာတ္အားခြဲ႐ုံ ထရန္စေဖာ္မာမွ ေၾကးႀကိဳးမ်ားျဖတ္ေတာက္ ခိုးယူသူႏွစ္ဦးဖမ္းမိ

Share this post

ရန္ကုန္၊ စက္တင္ဘာ ၁၅

မေကြးတိုင္းေဒသႀကီး၊ ေခ်ာက္ၿမိဳ႕ရွိ ဓာတ္အားခြဲ႐ုံထရန္စေဖာ္မာမွ ေၾကးႀကိဳးမ်ား ျဖတ္ ေတာက္ ခိုးယူသူႏွစ္ဦးအား စက္တင္ဘာလ ၁၁ ရက္ေန႔ နံနက္ပိုင္းက သက္ေသခံပစၥည္းမ်ား ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

ျဖစ္စဉ္မွာ စက္တင္ဘာလ ၁၁ ရက္ေန႔ နံနက္ ၂ နာရီခြဲအခ်ိန္တြင္ ေခ်ာက္ၿမိဳ႕နယ္၊ ေရနံေျမ လုံၿခဳံေရးဌာနမွ မန္ေနဂ်ာ ဦးျမင့္ၾကည္(၅၇)ႏွစ္ႏွင့္ တမာကုန္းေရနံေျမ လုံၿခဳံေရးတာဝန္က် ဒုရဲအုပ္ စိုးႏိုင္ထြန္း ဦးစီးပူးေပါင္းအဖြဲ႕သည္ လွည့္ကင္းေဆာင္ရြက္စဉ္ ေရနံေျမအတြင္းပို႔လႊတ္သည့္ ဓာတ္အား ခြဲ႐ုံအနီးအေရာက္တြင္ ေခ်ာက္ၿမိဳ႕နယ္၊ ေလဘာဆိပ္ရပ္ကြက္ေန ေအာင္ေဇယ်ာျမင့္(၄၁)ႏွစ္ ပါ ၂ ဦး တို႔သည္ ဓာတ္အားခြဲ႐ုံထရန္စေဖာ္မာရွိ ေၾကးႀကိဳးမ်ားအား ျဖတ္ေတာက္ေနသည္ကို ေတြ႕ရွိခဲ့ရျခင္းျဖစ္သည္။

၎တို႔ ၂ ဦးထံမွ ေၾကးႀကိဳးျဖတ္ေတာက္ရာတြင္ အသုံးျပဳသည့္ ပစၥည္းမ်ားအား သိမ္းဆည္းရမိခဲ့သျဖင့္ ေအာင္ေဇယ်ာျမင့္ပါ ၂ ဦးအား ေခ်ာက္ၿမိဳ႕မရဲစခန္း(ပ)၂၁၆/၂၀၂၀၊ ျပည္သူပိုင္ပစၥည္း ကာကြယ္ေစာင့္ေရွာက္ေရးအက္ဥပေဒပုဒ္မ ၆(၁)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္းသိရသည္။

#PeopleMedia #ေခ်ာက္ၿမိဳ႕

(unicode)
ချောက်မြို့ရှိ ဓာတ်အားခွဲရုံ ထရန်စဖော်မာမှ ကြေးကြိုးများဖြတ်တောက် ခိုးယူသူနှစ်ဦးဖမ်းမိ
………………………………………………

ရန်ကုန်၊ စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ရှိ ဓာတ်အားခွဲရုံထရန်စဖော်မာမှ ကြေးကြိုးများ ဖြတ် တောက် ခိုးယူသူနှစ်ဦးအား စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက သက်သေခံပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်တွင် ချောက်မြို့နယ်၊ ရေနံမြေ လုံခြုံရေးဌာနမှ မန်နေဂျာ ဦးမြင့်ကြည်(၅၇)နှစ်နှင့် တမာကုန်းရေနံမြေ လုံခြုံရေးတာဝန်ကျ ဒုရဲအုပ် စိုးနိုင်ထွန်း ဦးစီးပူးပေါင်းအဖွဲ့သည် လှည့်ကင်းဆောင်ရွက်စဉ် ရေနံမြေအတွင်းပို့လွှတ်သည့် ဓာတ်အား ခွဲရုံအနီးအရောက်တွင် ချောက်မြို့နယ်၊ လေဘာဆိပ်ရပ်ကွက်နေ အောင်ဇေယျာမြင့်(၄၁)နှစ် ပါ ၂ ဦး တို့သည် ဓာတ်အားခွဲရုံထရန်စဖော်မာရှိ ကြေးကြိုးများအား ဖြတ်တောက်နေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

၎င်းတို့ ၂ ဦးထံမှ ကြေးကြိုးဖြတ်တောက်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သဖြင့် အောင်ဇေယျာမြင့်ပါ ၂ ဦးအား ချောက်မြို့မရဲစခန်း(ပ)၂၁၆/၂၀၂၀၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

#PeopleMedia #ချောက်မြို့


Share this post