• Follow Us on

Home ေခ်ာက္ၿမိဳ႕ ျပည္ခုိင္ၿဖိဳးပါတီ လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းကုိ NLD ပါတီ ကန္႔ကြက္

ေခ်ာက္ၿမိဳ႕ ျပည္ခုိင္ၿဖိဳးပါတီ လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းကုိ NLD ပါတီ ကန္႔ကြက္

Share this post

မေကြး၊ ၾသဂုတ္ – ၁၀

မေကြးတုိင္းေဒသႀကီး ေခ်ာက္ၿမိဳ႕ ျပည္ခုိင္ၿဖိဳးပါတီ လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းသည္ NLD ပါတီဝင္ တစ္ဦး ျဖစ္ေနမႈေၾကာင့္ ၿမိဳ႕နယ္ NLD ပါတီက ကန္႔ကြက္ထားပါတယ္။

လာမည့္ ေရြးေကာက္ပြဲ၌ ေခ်ာက္ၿမိဳ႕လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းအျဖစ္ ျပည္ခုိင္ၿဖိဳးပါတီကုိယ္စားျပဳအျဖစ္ ဗုိလ္မွဴးႀကီး(ေဟာင္း)ေအာင္ျမင့္က ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာလည္း ျဖစ္ပါတယ္။

ဗုိလ္မွဴးႀကီး(ေဟာင္း)ေအာင္ျမင့္သည္ ယခင္က NLD ပါတီဝင္ တစ္ဦးျဖစ္ခဲ့ၿပီး ပါတီဝင္အျဖစ္ ႏႈတ္ထြက္ခြင့္ျပဳရန္ တင္ျပထားေသာ္လည္း ၿမိဳ႕နယ္ NLD ပါတီမွ ခြင့္ျပဳ႕ထားျခင္း မျပဳေသးေၾကာင္း ၿမိဳ႕နယ္ NLD ပါတီ ေခါင္းေဆာင္အခ်ဳိ႕က ဆုိပါတယ္။

“၂၀၁၄ ေလာက္ကတည္းက NLD ပါတီမွာပါတီဝင္ေဖာင္ျဖည့္သြင္းထားခဲ့တာပါ၊ ပါတီဝင္နံပါတ္ဆိုတာမ်ိဳး ဦးမွာ မရွိပါဘူး၊ ဒီေလာက္ႏွစ္ေတြအမ်ားႀကီးရွိေနတာ၊ ပါတီဝင္နံပါတ္ေတာ့က်လာသင့္တယ္ေလ၊ သူတို႔က ရွိေနတုန္းက အသိအမွတ္မျပဳဘဲ အစည္းအေဝးလုပ္ရင္ေတာင္ ဖိတ္ေခၚျခင္းမရွိဘဲ အခုမွ ပါတီဝင္ပါဆိုၿပီး ကန႔္ကြက္လာတာကေတာ့ဦးလည္း မတတ္နိုင္ဘူး”ဟု ဗိုလ္မႈးႀကီးေဟာင္းဦးေအာင္ျမင့္ကေျပာသည္။

လက္ရွိအခ်ိန္၌ NLD ပါတီ၏ ကန္႔ကြက္ထားမႈကုိ ၿမိဳ႕နယ္ ေကာ္မရွင္မွ အေၾကာင္းၾကားခ်င္း မရွိေသးေၾကာင္း မေကြးတိုင္း ျပည္ခိုင္ၿဖိဳးပါတီေျပာေရးဆိုခြင့္ရွိသူ ကိုေအာင္နိုင္လင္းက ေျပာပါတယ္။

လာမည့္ေရြးေကာက္ပြဲ၌ မေကြးတုိင္းေဒသၾကီး၌ USDP ပါတီ၊ NLD ပါတီ အပါအဝင္ PPP ပါတီ၊ UBP ပါတီအပါအဝင္ အျခားေသာ ႏုိင္ငံေရးပါတီမ်ားက ဝင္ေရာက္ယွဥ္ျပိဳင္ရန္ ျပင္ဆင္လ်က္ရွိပါတယ္။

၂၀၁၅ ေရြးေကာက္ပြဲ၌ မေကြးတုိင္းေဒသႀကီးသည္ NLD ပါတီ၏ အမာခံနယ္ေျမျဖစ္ခဲ့ၿပီး ေသာင္ၿပိဳကမ္းၿပိဳ အနုိင္ရရွိခဲ့သည့္ နယ္ေျမတစ္ခုလည္းျဖစ္ခဲ့ပါတယ္။

သက္ေနာင္(မင္းလွ)

#PeopleMedia #2020election #USDP #NLD

(unicode)
ချောက်မြို့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းကို NLD ပါတီ ကန့်ကွက်
…………………………………………………

မကွေး၊ ဩဂုတ် – ၁၀

မကွေးတိုင်းဒေသကြီး ချောက်မြို့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းသည် NLD ပါတီဝင် တစ်ဦး ဖြစ်နေမှုကြောင့် မြို့နယ် NLD ပါတီက ကန့်ကွက်ထားပါတယ်။

လာမည့် ရွေးကောက်ပွဲ၌ ချောက်မြို့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုအဖြစ် ဗိုလ်မှူးကြီး(ဟောင်း)အောင်မြင့်က ဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး(ဟောင်း)အောင်မြင့်သည် ယခင်က NLD ပါတီဝင် တစ်ဦးဖြစ်ခဲ့ပြီး ပါတီဝင်အဖြစ် နှုတ်ထွက်ခွင့်ပြုရန် တင်ပြထားသော်လည်း မြို့နယ် NLD ပါတီမှ ခွင့်ပြု့ထားခြင်း မပြုသေးကြောင်း မြို့နယ် NLD ပါတီ ခေါင်းဆောင်အချို့က ဆိုပါတယ်။

“၂၀၁၄ လောက်ကတည်းက NLD ပါတီမှာပါတီဝင်ဖောင်ဖြည့်သွင်းထားခဲ့တာပါ၊ ပါတီဝင်နံပါတ်ဆိုတာမျိုး ဦးမှာ မရှိပါဘူး၊ ဒီလောက်နှစ်တွေအများကြီးရှိနေတာ၊ ပါတီဝင်နံပါတ်တော့ကျလာသင့်တယ်လေ၊ သူတို့က ရှိနေတုန်းက အသိအမှတ်မပြုဘဲ အစည်းအဝေးလုပ်ရင်တောင် ဖိတ်ခေါ်ခြင်းမရှိဘဲ အခုမှ ပါတီဝင်ပါဆိုပြီး ကန့်ကွက်လာတာကတော့ဦးလည်း မတတ်နိုင်ဘူး”ဟု ဗိုလ်မှုးကြီးဟောင်းဦးအောင်မြင့်ကပြောသည်။

လက်ရှိအချိန်၌ NLD ပါတီ၏ ကန့်ကွက်ထားမှုကို မြို့နယ် ကော်မရှင်မှ အကြောင်းကြားချင်း မရှိသေးကြောင်း မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ကိုအောင်နိုင်လင်းက ပြောပါတယ်။

လာမည့်ရွေးကောက်ပွဲ၌ မကွေးတိုင်းဒေသကြီး၌ USDP ပါတီ၊ NLD ပါတီ အပါအဝင် PPP ပါတီ၊ UBP ပါတီအပါအဝင် အခြားသော နိုင်ငံရေးပါတီများက ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ၌ မကွေးတိုင်းဒေသကြီးသည် NLD ပါတီ၏ အမာခံနယ်မြေဖြစ်ခဲ့ပြီး သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည့် နယ်မြေတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

သက်နောင်(မင်းလှ)

#PeopleMedia #2020election #USDP #NLD


Share this post