• Follow Us on

Home ချောင်းသာကမ်းခြေ၌ ခိုးဝင်ဘင်္ဂါလီ ၇ ဦးနှင့် လိုက်ပါပို့ဆောင်သူ ၅ ဦးအား ဖမ်းဆီးရမိ

ချောင်းသာကမ်းခြေ၌ ခိုးဝင်ဘင်္ဂါလီ ၇ ဦးနှင့် လိုက်ပါပို့ဆောင်သူ ၅ ဦးအား ဖမ်းဆီးရမိ

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ၌ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၁ နာရီခန့်က ရခိုင်ပြည် နယ်မှ လာရောက်ကြသည့် အထောက်အထားမဲ့ ခိုးဝင်လာသူ ဘင်္ဂါလီ ၇ ဦးနှင့် ခေါ်ယူပို့ဆောင်သူ ၅ ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူက People Media သို့ ပြောသည်။

“ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဒီနေ့မနက် တစ်နာရီလောက်က ဖမ်းမိခဲ့တာပါ၊ လောလောဆယ် သူတို့ကို စစ်ဆေးနေ တယ်” ဟု အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောသည်။

အဆိုပါ အထောက်အထားမဲ့ဝင်ရောက်လာသူ ဘင်္ဂါလီများထဲတွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦး အပါ အဝင် စစ်တွေမြို့မှ လိုက်ပါပို့ဆောင်သူ ၅ ဦး စုစုပေါင်း ၁၂ ဦးကို ကျောက်မောင်နှမကမ်းခြေအနီးတွင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အထက်ပါ ဘင်္ဂါလီများအား လိုက်လံပို့ဆောင်သူ စစ်တွေမြို့နေ ၅ ဦးကိုလည်း တရားဥပဒေအတိုင်း အရေး ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများကိုလည်း COVID-19 ရောဂါပိုးရှိမရှိကိုလည်း စစ်ဆေးသွား မည်ဖြစ်ကြောင်းသိရသည်။

#PeopleMedia #ဘင်္ဂါလီ

(unicode)
……………………………………………..






#PeopleMedia #ဘငျ်ဂါလီ


Share this post