• Follow Us on

Home ချောင်းသာကမ်းခြေ ခရီးသွားရာသီဖွင့်ပွဲ ယနေ့ပြုလုပ်

ချောင်းသာကမ်းခြေ ခရီးသွားရာသီဖွင့်ပွဲ ယနေ့ပြုလုပ်

Share this post

ပုသိမ်၊ နိုဝင်ဘာ ၁၅ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာကမ်းခြေ ခရီးသွားရာသီဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီအချိန်က ချောင်းသာမြို့ Azura Hotel ကမ်းခြေရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖွင့်ပွဲကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် လုပ်ငန်းရှင်များမှ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။

 

ချောင်းသာကမ်းခြေသည် တစ်မိုင်ခွဲ ခန့်ရှည်လျားပြီး ကမ်းခြေ Sea View Hotel များ၊ ဟိုတယ်ခရီးလိုင်စင် ယူထားသည့် Back Site Hotelများ၊ စည်ပင်လိုင်စင်ယူထားသည့် တည်းခိုခန်းများ စသည့် တည်ရှိသည့် အတွက် လာရောက်အပန်းဖြေလိုသူများ အဆင်ပြေစွာ တည်းခိုနိုင်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #ချောင်းသာကမ်းခြေ

 

(unicode)


…………………………………………………

 


 


 


 


 

Photo – Credit

 



Share this post