• Follow Us on

Home ချောင်းသာကမ်းခြေ ကျောက်မောင်နှမအနီး၌ ဘင်္ဂလီ ၂၂ ယောက် ဖမ်းမိ


Share this post

ရန်ကုန်၊နိုဝင်ဘာ-၂၁






Photo – Credit

#PeopleMedia

(Unicode)
ချောင်းသာကမ်းခြေ ကျောက်မောင်နှမအနီး၌ ဘင်္ဂလီ ၂၂ ယောက် ဖမ်းမိ
………………………………………………………………

ရန်ကုန်၊နိုဝင်ဘာ-၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့နယ်၊ ချောင်းသာကမ်းခြေကျောက်မောင်နှမအနီး၌ ဘင်္ဂလီ (၂၂)ယောက်ကို နိုဝင်ဘာ(၂၀)ရက်နေ့၌ ဖမ်းမိခဲ့သည်။

ဖြစ်စဉ်မှာ စစ်တွေမြို့၊ သက်ကယ်ပြင် ဘင်္ဂလီဒုက္ခသည်စခန်းမှ ဘင်္ဂလီများကို လူပွဲစားများမှ စက်လှေဖြင့် တင်ဆောင်လာစဉ် ရွှေသောင်ယံကမ်းခြေ ကျောက်မောင်နှမအနီး၌ စက်လှေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ လူမှောင်ခိုများသည် ဘင်္ဂလီဒုက္ခသည်စခန်းမှဒုက္ခသည်များကို အခကြေး ငွေးရယူပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ပင်လယ်ပြင်၌ လုံခြုံရေးအဖွဲ့များ၏ ကင်းလှည့်ရေယာဉ်ကို တွေ့ရှိ၍ စစ်လှေနစ်မြုပ်၍ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်၌ စက်လှေပေါ်၌ လိုက်ပါလာသူ ဘင်္ဂလီ(ကျား)၉၊ မ(ဘင်္ဂလီ) ၁၃ ဦးစုစုပေါင်း ၂၂ ယောက် ဖမ်းဆီးနိုင်ခဲ့သည်။

အဆိုပါဖြစ်စဉ်အပေါ် People Media မှ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးတစ်ဦးဆက်သွယ်မေးမြန်း ရာ ဖြစ်စဉ်မှန်ကန်ကြောင်း အတည်ပြုပြောဆိုခဲ့သော်လည်း ဖြစ်စဉ်အပေါ် လုံနယ်ဝန်ကြီးသာ မေးမြန်းရန် ပြောဆိုခဲ့သည်။

Photo – Credit

#PeopleMedia


Share this post